သုတ္တံကျမ်း 7
7
1ငါ့သား၊ ငါ့စကားတို့ကိုစောင့်ထိန်း၍
ငါ၏ပညတ်ချက်တို့ကို သင့်အထဲ၌သိုမှီးထားလော့။
2ငါ၏ပညတ်ချက်တို့ကိုစောင့်ထိန်း၍ အသက်ရှင်လော့။
ငါ၏သွန်သင်ချက်ကို သင်၏မျက်စိသူငယ်အိမ်ကဲ့သို့ စောင့်ထိန်းလော့။
3၎င်းတို့ကို သင်၏လက်ချောင်းတို့တွင်ချည်ထား၍
သင်၏နှလုံးသားပြင်၌ ရေးထားလော့။
4ဉာဏ်ပညာအား “သင်သည် ငါ၏အစ်မဖြစ်သည်”ဟု ဆို၍
အသိဉာဏ်အား “ဆွေမျိုးသားချင်း”ဟု ခေါ်လော့။
5သို့ပြုလျှင် ၎င်းတို့သည် အကျင့်ဖောက်ပြားသောမိန်းမ၏ ဘေးရန်မှလည်းကောင်း၊
စကားများဖြင့်မြှူဆွယ်တတ်သည့် ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ ဘေးရန်မှလည်းကောင်း
သင့်ကိုစောင့်ရှောက်လိမ့်မည်။
ညှို့ယူဖမ်းစားခြင်းခံရသောလူငယ်
6ငါသည် ငါ၏အိမ်ပြတင်းပေါက်ရာဇမတ်ကွက်ကြားမှ
မျှော်ကြည့်သောအခါ
7အသိဉာဏ်နည်းပါးသောသူများကြားတွင်
အသိစိတ်မရှိသောလုလင်တစ်ဦးကို ငါမြင်၍
လူငယ်များအလယ်တွင် သူ့ကိုသတိပြုမိ၏။
8ထိုသူသည် မိန်းမတစ်ဦးနေထိုင်ရာ လမ်းထောင့်နားမှဖြတ်သွား၍
ထိုမိန်းမ၏အိမ်ရှိရာလမ်းသို့လျှောက်သွားလေ၏။
9အချိန်ကား မှောင်ရီပျိုးချိန်၊ နေဝင်ချိန်၊
ညသန်းခေါင်အချိန်နှင့် မှောင်မိုက်သောအချိန်ဖြစ်၏။
10ထိုအခါ ပြည့်တန်ဆာအဝတ်ကိုဝတ်၍
စိတ်နှလုံးထဲ၌ လျှို့ဝှက်သောအကြံရှိသည့်မိန်းမသည် သူ့ကိုကြိုဆိုလေ၏။
11ထိုမိန်းမသည် အာကျယ်၍ခေါင်းမာ၏။
ခြေမငြိမ်၊ အိမ်မကပ်၊
12ယခုပင် အပြင်၌၊ ယခုပင် လမ်းဆုံ၌ရှိလျက်
လမ်းထောင့်ရှိသမျှတို့၌ ချောင်းမြောင်းနေတတ်၏။
13သူသည် ထိုလုလင်ကိုဆွဲ၍ နမ်းပြီးလျှင်
14“ကျွန်မသည် မိတ်သဟာယယဇ်များပူဇော်ရန်ရှိ၍
ယနေ့ပင် ကျွန်မ၏ကတိသစ္စာတို့ကို ပြည့်စုံစေပါပြီ။
15ထို့ကြောင့် သင့်ကိုကြိုဆိုရန် ထွက်လာ၏။
သင့်ကိုကြိုးစားရှာ၍ ယခုတွေ့ပါပြီ။
16ကျွန်မ၏ခုတင်ကို အီဂျစ်ပြည်ဖြစ်
ရောင်စုံပိတ်ချောအိပ်ရာခင်းဖြင့်ခင်းထား၍
17ကျွန်မ၏အိပ်ရာကို မုရန်၊ သစ်မွှေးနှင့်
သစ်ကြံပိုးနံ့သာတို့ဖြင့် ထုံသင်းမွှေးကြိုင်စေပါပြီ။
18လာပါ။ မိုးလင်းသည်အထိ ချစ်တင်းနှော၍
ချစ်ကြိုက်ပျော်ပါးကြစို့။
19အကြောင်းမူကား ကျွန်မ၏ခင်ပွန်းသည် အိမ်မှာမရှိ။
ရပ်ဝေးသို့ ခရီးသွားနေ၏။
20ငွေအိတ်ကိုပါ ယူဆောင်သွား၏။
လပြည့်နေ့မှ အိမ်သို့ပြန်လာမည်”ဟု ထိုလုလင်အား မျက်နှာပြောင်တိုက်ပြောဆို၏။
21ထိုမိန်းမသည် ဆွဲဆောင်သောစကားများစွာတို့ဖြင့် သူ့ကိုမြှူဆွယ်၍
မိမိနှုတ်ခမ်းမှ ချိုသာသောစကားဖြင့် သူ့ကိုသွေးဆောင်လေရာ
22နွားသည် အသတ်ခံရမည့်နေရာသို့ လိုက်သွားသကဲ့သို့လည်းကောင်း၊
ဆိုးမိုက်သောသူသည် မိမိအသည်းကို မြားစူးဝင်သည့်တိုင်အောင်
အပြစ်ဒဏ်ခံရာသို့ ခြေချင်းခတ်ခံရလျက်သွား#7:22 “သမင်ဒရယ်သည် မိမိအသည်းကိုမြားစူးဝင်သည့်တိုင်အောင် ထောင်ဖမ်းရာသို့ခုန်ပေါက်သွား”ဟူ၍လည်း ပြန်ဆိုနိုင်၏။သကဲ့သို့လည်းကောင်း၊
23ငှက်သည် ကျော့ကွင်းထဲသို့ အလျင်အမြန်ဝင်သွားသကဲ့သို့လည်းကောင်း
သူသည် ထိုမိန်းမနောက်သို့ ချက်ချင်းလိုက်သွားလေ၏။
ထိုအမှုသည် သူ့အသက်ကိုဆုံးရှုံးစေနိုင်ကြောင်းကို သူမသိပေ။
24သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။
ငါ၏နှုတ်ထွက်စကားတို့ကိုလည်း အာရုံစိုက်နားထောင်ကြလော့။
25သင်၏စိတ်နှလုံးကို ထိုမိန်းမ၏လမ်းများဘက်သို့ မလှည့်စေနှင့်။
လမ်းလွဲ၍ သူသွားရာလမ်းများထဲသို့ မသွားနှင့်။
26အကြောင်းမူကား သူသည် များစွာသောသူတို့ကိုဒဏ်ရာရစေ၍ လဲကျစေခဲ့၏။
သူ၏သတ်ဖြတ်ခြင်းခံရသောသူအားလုံးသည် အင်အားကြီးသောသူများဖြစ်ကြ၏။
27သူ၏အိမ်သည် သေခြင်း၏အတွင်းခန်းများသို့ ဆင်းသွားသည့်
မရဏာနိုင်ငံသို့သွားရာလမ်းများဖြစ်၏။
လက်ရှိရွေးချယ်ထားမှု
သုတ္တံကျမ်း 7: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: