YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 1

1
အပိုင်း (၁)
ဆာလံကျမ်း ၁-၄၁
လမ်းနှစ်သွယ်
1ဆိုးယုတ်​သော​သူ​တို့​၏​အကြံဉာဏ်​အတိုင်း မ​လိုက်​မ​လျှောက်​၊ အပြစ်သား​တို့​၏​လမ်း​တွင်​မ​ရပ်​မ​နေ​၊
ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​စုဝေး​ရာ​အရပ်​၌​မ​ထိုင်​၊
2ထာဝရဘုရား​၏​တရားတော်​၌​မွေ့လျော်​၍ ထို​တရားတော်​ကို နေ့​ည​မပြတ် ဆင်ခြင်အောက်မေ့​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။
3ထို​သူ​ကား ရေစီး​သော​ချောင်း​နားမှာ
စိုက်​ထား​၍ မိမိ​အချိန်တန်​သောအခါ​အသီး​သီး​ပြီး
အရွက်​မ​ညှိုးနွမ်း​တတ်​သော​အပင်​နှင့်​တူ​၏​။ ပြု​လေသမျှ​တို့​၌​အောင်မြင်​တတ်​၏​။
4ဆိုးယုတ်​သော​သူ​တို့​မူကား ထိုကဲ့သို့​မ​ဟုတ်​။
လေတိုက်​၍ လွင့်သွား​သော​ဖွဲ​နှင့်​တူ​ကြ​၏​။
5ထို့ကြောင့် ဆိုးယုတ်​သော​သူ​တို့​သည် တရားစီရင်​တော်မူ​ရာ​ကာလ​၌​လည်းကောင်း​၊
အပြစ်သား​တို့​သည် ဖြောင့်မတ်​သော​သူ​တို့​၏ အစုအဝေး​ထဲ၌​လည်းကောင်း ရပ်တည်​နိုင်​ကြ​မည်​မ​ဟုတ်​။
6အကြောင်းမူကား ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​တို့​၏​လမ်း​ကို သိ​တော်မူ​၏​။
ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​မူကား ပျက်စီး​သွား​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ