ဆာလံကျမ်း 100
100
ကျေးဇူးတော်ချီးမွမ်းကြလော့
ကျေးဇူးတော်ချီးမွမ်းခြင်းဆာလံ
1မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
2ဝမ်းမြောက်သောစိတ်ဖြင့် ထာဝရဘုရား၏အမှုတော်ကိုဆောင်ရွက်ကြလော့။#100:2 သို့မဟုတ် “ထာဝရဘုရားကိုဝတ်ပြုကြလော့”။
ရွှင်လန်းစွာသီချင်းဆိုလျက် ရှေ့တော်သို့ဝင်ကြလော့။
3ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို သိမှတ်ကြလော့။
ကိုယ်တော်သည် ငါတို့ကို ဖန်ဆင်းတော်မူ၏။ ငါတို့သည်လည်း ကိုယ်တော်၏ပိုင်ဆိုင်ရာ၊
ကိုယ်တော်၏လူမျိုးတော်၊ ကိုယ်တော်၏စားကျက်မှ သိုးစုဖြစ်ကြ၏။
4ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏တံခါးများထဲသို့လည်းကောင်း၊
ဂုဏ်တော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏အိမ်တော်ဝင်းထဲသို့လည်းကောင်း ဝင်ကြလော့။
ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကို
ကောင်းချီးထောမနာပြုကြလော့။
5အကြောင်းမူကား ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။
ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၍
ကိုယ်တော်၏သစ္စာတော်သည် မျိုးဆက်အစဉ်အဆက်တည်၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 100: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: