ဆာလံကျမ်း 101
101
တည်ကြည်မှုရှိမည့်အကြောင်းသစ္စာဆိုခြင်း
ဒါဝိဒ်၏ဆာလံ
1အကျွန်ုပ်သည် မေတ္တာကရုဏာတော်နှင့် တရားမျှတတော်မူခြင်းအကြောင်းကို သီကျူးပါမည်။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
2စုံလင်သောတရားလမ်းကို ဂရုပြုပါမည်။
ကိုယ်တော်သည် အကျွန်ုပ်ထံသို့ မည်သည့်အချိန်မှ ကြွလာတော်မူမည်နည်း။
အကျွန်ုပ်သည် မိမိအိမ်ထဲ၌ တည်ကြည်သော စိတ်နှလုံးဖြင့် အသက်ရှင်လျှောက်လှမ်းပါမည်။
3ဆိုးညစ်သောအမှုအရာကို အကျွန်ုပ်မျက်မှောက်မပြုပါ။
လမ်းလွဲသောသူတို့ပြုသောအမှုကိုလည်း အကျွန်ုပ်မုန်းသည်ဖြစ်၍
အကျွန်ုပ်ကို ငြိတွယ်မည်မဟုတ်ပါ။
4ကောက်ကျစ်သောစိတ်နှလုံးသည် အကျွန်ုပ်ထံမှ ထွက်ခွာသွားရပါလိမ့်မည်။
အကျွန်ုပ်သည် မကောင်းမှုနှင့် ပတ်သက်မည်မဟုတ်ပါ။
5မိမိ၏အိမ်နီးချင်းကို ကွယ်ရာတွင် မတရားစွပ်စွဲပြောဆိုသောသူကို
အကျွန်ုပ်ဖယ်ရှားသုတ်သင်ပါမည်။ ဘဝင်မြင့်သောမျက်နှာနှင့် မော်ကြွားသောစိတ်နှလုံးရှိသူကို
အကျွန်ုပ်သည်းခံမည်မဟုတ်ပါ။
6သစ္စာရှိသောပြည်သားတို့သည် အကျွန်ုပ်နှင့်အတူနေထိုင်ရမည့်အကြောင်း
သူတို့ကိုအကျွန်ုပ်ကြည့်ရှုပါမည်။ စုံလင်သောတရားလမ်း၌ လျှောက်လှမ်းသောသူသည်
အကျွန်ုပ်၏အမှုကို ဆောင်ရွက်ရပါလိမ့်မည်။
7လိမ်လည်ကောက်ကျစ်မှုကိုပြုသောသူသည် အကျွန်ုပ်၏အိမ်ထဲ၌ နေထိုင်ရလိမ့်မည်မဟုတ်ပါ။
မုသားပြောဆိုသောသူသည် အကျွန်ုပ်၏မျက်စိရှေ့တွင် ရပ်တည်နိုင်မည်မဟုတ်ပါ။
8အကျွန်ုပ်သည် အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့ကို
ထာဝရဘုရား၏မြို့တော်မှ ပယ်ဖျက်မည့်အကြောင်း
ဆိုးယုတ်သောပြည်သားအပေါင်းတို့ကို နံနက်တိုင်း ဖယ်ရှားသုတ်သင်ပါမည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 101: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: