ဆာလံကျမ်း 102
102
ဆင်းရဲဒုက္ခထဲမှမြင်ရသောထာဝရအလင်းတော်
အဖိနှိပ်ခံရသောသူသည် ညှိုးငယ်သောကြောင့် မိမိ၏စိတ်ဒုက္ခကို ထာဝရဘုရားရှေ့တော်၌ဖွင့်ဟသည့် ဆုတောင်းချက်
1အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။
အကျွန်ုပ်၏အော်ဟစ်သံသည် ကိုယ်တော့်ထံသို့ ရောက်ပါစေသော။
2ဘေးဥပဒ်နှင့် အကျွန်ုပ်ကြုံတွေ့ရသောအချိန်တွင် အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။
အကျွန်ုပ်ကို ဂရုစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်ခေါ်သောအခါ
အကျွန်ုပ်ကို အလျင်အမြန်ထူးတော်မူပါ။
3အကြောင်းမူကား အကျွန်ုပ်၏နေ့ရက်များသည် မီးခိုးကဲ့သို့ကုန်လွန်သွားကြပြီး
အကျွန်ုပ်၏အရိုးများသည် မီးကျီးခဲများကဲ့သို့ တောက်လောင်ကြပါ၏။
4အကျွန်ုပ်၏စိတ်နှလုံးသည် မြက်ပင်ကဲ့သို့ အထိအခိုက်ခံရ၍
ခြောက်သွေ့လျက်ရှိသဖြင့် အကျွန်ုပ်သည် အစာစားရန်ပင် မေ့လျော့ပါ၏။
5အကျွန်ုပ်၏ညည်းတွားခြင်းအသံကြောင့်
အကျွန်ုပ်သည် အရိုးပေါ်အရေတင်ဖြစ်နေပါ၏။
6အကျွန်ုပ်သည် တောကန္တာရထဲမှ ငှက်ကြီးဝန်ပိုကဲ့သို့လည်းကောင်း၊
ပြိုပျက်ရာအရပ်များမှ ဇီးကွက်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
7အကျွန်ုပ်အိပ်မပျော်နိုင်ပါ။
အိမ်ခေါင်မိုးပေါ် တစ်ကောင်တည်းနေသော ငှက်ကဲ့သို့ဖြစ်ပါ၏။
8အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်ကိုတစ်နေ့လုံး ကဲ့ရဲ့ပြစ်တင်ကြပါ၏။
အကျွန်ုပ်ကိုစော်ကားသောသူတို့သည် အကျွန်ုပ်ကိုပုံဆောင်၍ ကျိန်ဆိုကြပါ၏။
9အကယ်စင်စစ် အကျွန်ုပ်သည် ပြာကိုအစာအဖြစ်စားရပါ၏။
အကျွန်ုပ်၏သောက်စရာကိုလည်း မျက်ရည်နှင့်ရောစပ်ရပါ၏။
10ဤသည်ကား ကိုယ်တော်၏ဒေါသ၊ ကိုယ်တော်၏အမျက်တော်ကြောင့် ဖြစ်ပါ၏။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကိုချီးမြှောက်ပြီးမှ ပစ်ချတော်မူ၏။
11အကျွန်ုပ်၏နေ့ရက်များသည် ညနေစောင်းအရိပ်ကဲ့သို့ဖြစ်၍
အကျွန်ုပ်သည် မြက်ပင်ကဲ့သို့ခြောက်သွေ့သွားပါ၏။
12သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အစဉ်အမြဲစိုးစံတော်မူ၏။
ကိုယ်တော်၏ဂုဏ်သတင်းသည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။
13ကိုယ်တော်သည် ထ၍ ဇိအုန်ကို သနားစုံမက်တော်မူလိမ့်မည်။
အကြောင်းမူကား ဇိအုန်ကိုသနားရမည့်အချိန်ဖြစ်၏။
သတ်မှတ်ထားသောအချိန်သည်လည်း ရောက်လာပြီဖြစ်၏။
14အကယ်စင်စစ် ကိုယ်တော်၏အစေအပါးတို့သည်
ဇိအုန်၏ကျောက်တုံးများကို နှစ်သက်၍ ၎င်း၏မြေမှုန့်ကိုပင် စုံမက်ကြပါ၏။
15လူမျိုးတကာတို့သည် ထာဝရဘုရား၏နာမတော်ကိုလည်းကောင်း၊
ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်အပေါင်းတို့သည်
ကိုယ်တော်၏ဘုန်းအသရေတော်ကိုလည်းကောင်း ကြောက်ရွံ့ကြပါလိမ့်မည်။
16အကြောင်းမူကား ထာဝရဘုရားသည် ဇိအုန်ကို ပြန်လည်တည်ဆောက်၍
မိမိ၏ဘုန်းအသရေတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။
17ကိုယ်တော်သည် ခိုကိုးရာမဲ့သောသူတို့၏ ဆုတောင်းချက်ကို ဂရုစိုက်တော်မူ၏။
သူတို့၏ဆုတောင်းချက်ကို မထီမဲ့မြင်ပြုတော်မမူ။
18ဖန်ဆင်းခြင်းခံရမည့်လူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြမည့်အကြောင်း
ဤအရာကို နောင်လာမည့်မျိုးဆက်အတွက် ရေးမှတ်ထားကြပါစေ။
19ထာဝရဘုရားသည် မိမိ၏သန့်ရှင်းသည့် မြင့်သောအရပ်မှ ငုံ့ကြည့်တော်မူ၏။
ကမ္ဘာမြေကြီးကို ကောင်းကင်ဘုံမှ အောက်သို့ကြည့်တော်မူ၏။
20ဤသည်ကား အချုပ်အနှောင်ခံရသောသူတို့၏ ညည်းတွားသံကို နားထောင်ရန်နှင့်
သေဘေးရင်ဆိုင်နေရသောသူတို့ကို လွတ်ငြိမ်းခွင့်ပေးရန်အတွက် ဖြစ်ပြီး
21-22တိုင်းနိုင်ငံတို့နှင့်လူမျိုးတကာတို့သည် ထာဝရဘုရားကိုဝတ်ပြုရန်
အတူတကွစုဝေးကြသောအခါ ထာဝရဘုရား၏နာမတော်ကို ဇိအုန်တောင်၌လည်းကောင်း၊
ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ဂျေရုဆလင်မြို့၌လည်းကောင်း
ပြောကြားကြရန်အတွက်ဖြစ်၏။
23ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အားကို ဘဝလမ်းခရီးထဲ၌ပင် လျော့နည်းစေပြီး
အကျွန်ုပ်၏နေ့ရက်တို့ကို တိုတောင်းစေတော်မူ၏။
24ငါကလည်း “အို အကျွန်ုပ်၏ဘုရားသခင်၊
အကျွန်ုပ်အသက်တာ၏ခရီးတစ်ဝက်တွင် အကျွန်ုပ်ကိုရုပ်သိမ်းတော်မမူပါနှင့်။
ကိုယ်တော်၏နှစ်ကာလတို့သည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။
25ကိုယ်တော်သည် ရှေးကာလ၌ မြေကြီးကိုတည်တော်မူ၏။
ကောင်းကင်သည်လည်း ကိုယ်တော်၏လက်တော်ဖြင့်ပြုလုပ်သောအရာ ဖြစ်ပါ၏။
26ထိုအရာတို့သည် ပျက်စီးသွားသော်လည်း ကိုယ်တော်သည် ဆက်၍တည်ပါ၏။
ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းကြလိမ့်မည်။
ကိုယ်တော်သည် ထိုအရာတို့ကို အဝတ်လဲသကဲ့သို့ လဲတော်မူသဖြင့်
၎င်းတို့သည် ပြောင်းလဲကြလိမ့်မည်။
27ကိုယ်တော်မူကား ပြောင်းလဲတော်မမူပါ။
ကိုယ်တော်၏နှစ်ကာလတို့သည်လည်း ကုန်ဆုံးမည်မဟုတ်ပါ။#ဟေဗြဲ 1:12။
28ကိုယ်တော့်အစေအပါးများ၏သားသမီးတို့သည် ဆက်လက်တည်၍
သူတို့၏သားစဉ်မြေးဆက်တို့သည် ကိုယ်တော်၏ရှေ့တော်၌ မြဲမြံကြပါလိမ့်မည်”ဟု လျှောက်ထား၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 102: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: