ဆာလံကျမ်း 127
127
ထာဝရဘုရား၏ကောင်းချီးမင်္ဂလာ
ရှောလမုန်၏အတက်လမ်းသီချင်း
1ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်
အိမ်ဆောက်သောသူတို့သည် အချည်းနှီးကြိုးပမ်းအားထုတ်ကြ၏။
ထာဝရဘုရားသည် မြို့ကိုစောင့်တော်မမူလျှင်
စောင့်သောသူသည် အချည်းနှီးစောင့်ကြပ်၏။
2စောစောထလျက်၊ ညဥ့်နက်မှအိပ်လျက်၊
ခက်ခဲပင်ပန်းစွာ လုပ်ကိုင်စားသောက်လျက်နေခြင်းသည် သင့်အတွက် အချည်းနှီးဖြစ်၏။
အကြောင်းမူကား ကိုယ်တော်သည် မိမိချစ်တော်မူသောသူအား
အိပ်စက်ရသောအခွင့်ကိုပေးတော်မူ၏။
3သားသမီးတို့သည် ထာဝရဘုရားပေးတော်မူသောအမွေဖြစ်ကြ၏။
ဖွားမြင်သောရင်သွေးသည် ဆုလာဘ်တော်ဖြစ်၏။
4ပျိုရွယ်စဉ်ရသောသားသမီးတို့သည်
စစ်သူရဲလက်၌ရှိသောမြားတို့နှင့်တူကြ၏။
5မိမိ၏မြားကျည်တောက်ကို ထိုမြားတို့နှင့်ပြည့်စေသောသူသည် မင်္ဂလာရှိ၏။
သူသည် တံခါးဝ၌ ရန်သူများနှင့်ရင်ဆိုင်ပြောဆိုသောအခါ အရှက်ကွဲရလိမ့်မည်မဟုတ်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 127: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative