အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ကိုယ်ခန္ဓာအတွင်းပိုင်းတို့ကို ဖန်ဆင်း၍ အမိဝမ်းတွင်း၌ အကျွန်ုပ်ကိုဆက်စပ်ဖွဲ့စည်းတော်မူ၏။ အကျွန်ုပ်ကို ကြောက်ရွံ့အံ့ဩဖွယ်ကောင်းသော လက္ခဏာတို့ဖြင့် ဖန်ဆင်းတော်မူသည်ဖြစ်၍ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကောင်းစွာသိပါ၏။ အကျွန်ုပ်ကို မထင်ရှားသောအရပ်၌ ဖန်ဆင်း၍ မြေကြီး၏နက်သောအရပ်၌ ယှက်ဖွဲ့တော်မူသောအခါ အကျွန်ုပ်၏ကိုယ်ထည်အကြမ်းသည် ကိုယ်တော်၏ရှေ့တော်၌ ကွယ်ဝှက်၍မနေပါ။ ကိုယ်တော်၏မျက်စိတော်သည် ရုပ်လုံးမပေါ်သေးသောအကျွန်ုပ်၏ကိုယ်ခန္ဓာကို မြင်တော်မူ၏။ အကျွန်ုပ်အတွက် စီမံထားသောနေ့ရက်များ တစ်ရက်မျှမရှိမီကပင် ၎င်းတို့ကို ကိုယ်တော်၏စာစောင်၌ အကုန်အစင်ရေးသားထားပြီးဖြစ်ပါ၏။
ဆာလံကျမ်း 139 ကိုဖတ်ပါ။
နားထောင်ပါ။ ဆာလံကျမ်း 139
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံကျမ်း 139:13-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ