YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 139:13-16

ဆာလံ 139:13-16 Judson Bible (JBMLE)

ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကျောက်​ကပ်​ကို​ပင် ဖန်​ဆင်း၍၊ အ​မိ​ဝမ်း​ထဲ​မှာ အ​ကျွန်ုပ်​ကို ဖုံး​အုပ်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။ မ​ထင်​ရှား​သော အ​ရပ်၌ အ​ကျွန်ုပ်​ကို​ဖန်​ဆင်း၍၊ မြေ​ကြီး​အောက်​အ​ရပ်၌ စေ့​စပ်​စွာ ပြု​ပြင်​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်၏​ကိုယ်​ခ​န္ဓာ​သည် ရှေ့​တော်၌ ထင်​ရှား​လျက်​ရှိ​ပါ၏။ မ​စုံ​လင်​သေး​သော အ​ကျွန်ုပ်၏​အ​လုံး​အ​ထွေး​ကို​လည်း ကိုယ်​တော်​သည် ကြည့်​ရှု၍ မြင်​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​ကို ပြု​ပြင်၍ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​မီ​ကာ​လ​တွင်၊ ကိုယ်​တော်၏​စာ​ရင်း၌ အ​ကုန်​အ​စင်​မှတ်​သား​လျက် ရှိ​ကြ​ပါ၏။

ဆာလံ 139:13-16 Common Language Bible (BCL)

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ အ​စိတ်​အ​ပိုင်း​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်​ယင်း​တို့​ကို​ကျွန်​တော်​မျိုး မိ​ခင်​၏​ဝမ်း​တွင်း​၌​ဆက်​စပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သော​အ​မှု အ​ရာ​တို့​သည် ထူး​ဆန်း​အံ့​သြ​ဖွယ်​ကောင်း​ကြောင်း​ကျွန်​တော်​မျိုး အ​သေ​အ​ချာ​သိ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မိ​ခင်​၏​ဝမ်း​တွင်​လျှို့​ဝှက်​စွာ ကြီး​ထွား​လာ​ချိန်၊ ကျွန်​တော်​မျိုး​၏​အ​ရိုး​တို့​သည်​ဖြစ်​ပေါ်​လာ​လျက် တစ်​ခု​နှင့်​တစ်​ခု​သေ​ချာ​စွာ​ဆက်​စပ်​ကြ​ချိန်​တို့​၌ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​ကို​သိ​မြင်​တော် မူ​ပါ​၏။ ကျွန်​တော်​မျိုး​မ​မွေး​မ​ဖွား​မီ​က​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို သိ​မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အ​တွက်​အ​သက်​ရှင်​ရန် လျာ​ထား​တော်​မူ​သော​နေ့​ရက်​အ​ရေ​အ​တွက် တို့​ကို ကျွန်​တော်​မျိုး​မ​မွေး​မ​ဖွား​မီ​က​ပင်​လျှင် ကိုယ်​တော်​ရှင်​၏​စာ​စောင်​တော်​တွင် ရေး​မှတ်​ထား​တော်​မူ​ပြီး​ဖြစ်​ပါ​၏။

ဆာလံ 139:13-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​အတွင်းပိုင်း​တို့​ကို ဖန်ဆင်း​၍ အမိ​ဝမ်းတွင်း​၌ အကျွန်ုပ်​ကို​ဆက်စပ်​ဖွဲ့စည်း​တော်မူ​၏​။ အကျွန်ုပ်​ကို ကြောက်ရွံ့​အံ့ဩဖွယ်​ကောင်း​သော လက္ခဏာ​တို့​ဖြင့် ဖန်ဆင်း​တော်မူ​သည်​ဖြစ်၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ပါ​၏​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အံ့ဩဖွယ်​ဖြစ်ကြောင်း​ကို အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကောင်း​စွာ​သိ​ပါ​၏​။ အကျွန်ုပ်​ကို မထင်ရှား​သော​အရပ်​၌ ဖန်ဆင်း​၍ မြေကြီး​၏​နက်သောအရပ်​၌ ယှက်ဖွဲ့​တော်မူ​သောအခါ အကျွန်ုပ်​၏​ကိုယ်ထည်​အကြမ်း​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ကွယ်ဝှက်​၍​မ​နေ​ပါ​။ ကိုယ်တော်​၏​မျက်စိ​တော်​သည် ရုပ်လုံး​မ​ပေါ်​သေး​သော​အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​ကို မြင်​တော်မူ​၏​။ အကျွန်ုပ်​အတွက် စီမံ​ထား​သော​နေ့ရက်​များ တစ်​ရက်​မျှ​မ​ရှိ​မီ​ကပင် ၎င်း​တို့​ကို ကိုယ်တော်​၏​စာစောင်​၌ အကုန်အစင်​ရေးသား​ထား​ပြီး​ဖြစ်​ပါ​၏​။