ဆာလံကျမ်း 140
140
ကယ်တင်တော်မူရန် ဆုတောင်းခြင်း
ဂီတမှူးအတွက်၊ ဒါဝိဒ်၏ဆာလံ
1အို ထာဝရဘုရား၊ ဆိုးညစ်သောသူ၏လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။
ရက်စက်ကြမ်းကြုတ်သောသူ၏ရန်မှ အကျွန်ုပ်ကို ကာကွယ်တော်မူပါ။
2သူတို့သည် စိတ်နှလုံးထဲ၌ မကောင်းမှုများကို ကြံစည်လျက်
စစ်ပွဲများဖြစ်ပွားအောင် နေ့စဉ်နေ့တိုင်း ပူးပေါင်းကြံစည်တတ်ကြပါ၏။
3သူတို့သည် မိမိတို့လျှာကို မြွေ၏လျှာကဲ့သို့ ချွန်ထက်စေတတ်ကြပါ၏။
သူတို့၏နှုတ်ခမ်းအောက်တွင် မြွေဆိုး၏အဆိပ်ရှိပါ၏။#ဆာ 5:9၊ ရော 3:13။(စေလာ#140:3 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
4အို ထာဝရဘုရား၊ ဆိုးယုတ်သောသူ၏လက်မှ အကျွန်ုပ်ကိုစောင့်ရှောက်တော်မူပါ။
အကျွန်ုပ်ကိုခြေထိုးရန်ကြံစည်သည့် ရက်စက်ကြမ်းကြုတ်သောသူ၏ရန်မှ အကျွန်ုပ်ကိုကာကွယ်တော်မူပါ။
5မောက်မာသောသူတို့သည် ကြိုးများဖြင့် အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။
သူတို့သည် လမ်းပေါ်တွင်ပိုက်ကွန်ကိုဖြန့်ထားလျက် အကျွန်ုပ်အတွက် ထောင်ချောက်များဆင်ထားကြပါ၏။(စေလာ#140:5 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
6“ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏”ဟု ထာဝရဘုရားအား အကျွန်ုပ်လျှောက်ထားပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်အသနားခံသောအသံကို စူးစိုက်နားထောင်တော်မူပါ။
7အကျွန်ုပ်အတွက် ကယ်တင်ခြင်းအစွမ်းသတ္တိဖြစ်တော်မူသော အို ဘုရားရှင်ထာဝရဘုရား၊
စစ်တိုက်ရသောနေ့တွင် ကိုယ်တော်သည် အကျွန်ုပ်၏ဦးခေါင်းကို အုပ်မိုးကွယ်ကာပေးတော်မူ၏။
8အို ထာဝရဘုရား၊ ဆိုးယုတ်သောသူ၏အလိုဆန္ဒကို ဖြည့်ဆည်းပေးတော်မမူပါနှင့်။
သူ၏အကြံကိုထမြောက်စေတော်မမူပါနှင့်။(စေလာ#140:8 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
9အကျွန်ုပ်ကိုဝိုင်းရံထားသောသူတို့သည် မာန်ထောင်ကြပါ၏။
သူတို့၏နှုတ်ခမ်းမှထွက်သောမကောင်းကျိုးသည် သူတို့ကိုဖုံးလွှမ်းကြပါစေ။
10မီးခဲများသည် သူတို့အပေါ်သို့ကျရောက်ပါစေသော။
သူတို့သည် မီးထဲသို့လည်းကောင်း၊ တွင်းနက်ထဲသို့လည်းကောင်း ပစ်ချခြင်းခံရပါစေသော။
တစ်ဖန် မထကြပါစေနှင့်။
11သူတစ်ပါးကိုအသရေပျက်အောင် ပြောဆိုသောသူတို့သည်
မြေကြီးပေါ်၌ တည်မြဲခြင်းမရှိကြပါစေနှင့်။
ဘေးအန္တရာယ်သည် ရက်စက်ကြမ်းကြုတ်သောသူကို လိုက်၍
နှိမ်နင်းဖျက်ဆီးပါစေသော။
12ထာဝရဘုရားသည် အဖိနှိပ်ခံရသောသူတို့၏ အမှုကိစ္စကို ဆောင်ရွက်ပေး၍
နွမ်းပါးသောသူတို့အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေးတော်မူကြောင်း ငါသိ၏။
13ဖြောင့်မတ်သောသူတို့သည် ကိုယ်တော်၏နာမတော်ကို အမှန်ပင်ချီးမွမ်းကြပါလိမ့်မည်။
ဖြောင့်မှန်သောသူတို့သည် ကိုယ်တော်၏ရှေ့တော်၌ နေထိုင်ရကြပါလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 140: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: