YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 141

141
မကောင်းမှုမပြုမိစေရန်ဆုတောင်းခြင်း
ဒါဝိဒ်​၏​ဆာလံ
1အို ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​ခေါ်​ပါ​၏​။
အကျွန်ုပ်​ထံသို့ အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။
အကျွန်ုပ်​သည် ကိုယ်တော်​ကို​ခေါ်​သောအခါ
အကျွန်ုပ်​၏​အသံ​ကို​စူးစိုက်​နားထောင်​တော်မူ​ပါ​။
2အကျွန်ုပ်​၏​ဆုတောင်းချက်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌
နံ့သာပေါင်း​ကဲ့သို့​လည်းကောင်း​၊
အကျွန်ုပ်​လက်​ကို​မြှောက်ချီ​ခြင်း​သည် နေဝင်ချိန်​၏​ပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း
မှတ်ယူ​ခြင်း​ခံရ​ပါစေသော​။
3အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​နှုတ်​ကို ကင်းချ​ပေး​တော်မူ​ပါ​။
အကျွန်ုပ်​၏​နှုတ်ခမ်း​တံခါး​ကို စောင့်ကြပ်​တော်မူ​ပါ​။
4အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​နှင့်အတူ ဆိုးယုတ်​သော​အမှု​တို့​ကို​ပြု​စေရန်
အကျွန်ုပ်​၏​စိတ်နှလုံး​ကို မကောင်းမှု​ဘက်​သို့​တိမ်းညွတ်​စေ​တော်​မ​မူ​ပါ​နှင့်​။
ထို​သူ​တို့​၏​စားကောင်းသောက်ဖွယ်​များ​ကို​လည်း
အကျွန်ုပ်​မ​စား​ရ​ပါ​စေ​နှင့်​။
5ဖြောင့်မတ်​သော​သူ​သည် အကျွန်ုပ်​ကို​ရိုက်​ပါစေသော​။ ဤသည်ကား မေတ္တာကရုဏာ​ထားရှိ​ခြင်း​ဖြစ်​ပါ​၏​။
အကျွန်ုပ်​ကို​ဆုံးမ​ပါစေသော​။ ဤသည်ကား ဦးခေါင်း​ကို​လိမ်း​သော​ဆီ​ဖြစ်​ပါ​၏​။
ထို့အတွက် အကျွန်ုပ်​၏​ဦးခေါင်း​သည် မ​ငြင်း​ပါ​။
အကြောင်းမူကား အကျွန်ုပ်​သည် မကောင်းမှု​ပြု​သော​သူ​တို့​ကို ဆက်၍​ဆန့်ကျင်​ဆုတောင်း​နေ​ပါ​မည်​။
6သူ​တို့​ကို​စီရင်အုပ်ချုပ်​သော​သူ​တို့​သည် ချောက်ကမ်းပါး​အစွန်း​မှ တွန်းချ​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။
ထိုအခါ အကျွန်ုပ်​၏​စကား​များ​သည် နှစ်သက်ဖွယ်​ကောင်း​ကြောင်း သူ​တို့​ကြားသိ​ကြ​လိမ့်မည်​။
7မြေ​ကို​တူး​၍​ခွဲခြေ​လိုက်​သကဲ့သို့ အကျွန်ုပ်​တို့​၏​အရိုး​များ​သည်
မရဏာနိုင်ငံ​အဝင်ဝ​တွင် ပြန့်ကျဲ​လျက်​ရှိ​ကြ​ပါ​၏​။
8သို့သော် အို ဘုရားရှင် ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ကို​မျှော်ကြည့်​ပါ​၏​။
ကိုယ်တော်​ကို​ခိုလှုံ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ခိုကိုးရာမဲ့​ဖြစ်စေ​တော်​မ​မူ​ပါ​နှင့်​။
9အကျွန်ုပ်​အတွက် သူ​တို့​ထောင်​ထား​သော ကျော့ကွင်း​မှ​လည်းကောင်း​၊
အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​၏ ထောင်ချောက်​မှ​လည်းကောင်း
အကျွန်ုပ်​ကို​စောင့်ရှောက်​တော်မူ​ပါ​။
10အကျွန်ုပ်​သည် ထို​ကျော့ကွင်း​တို့​ကို ကျော်လွန်​သွား​သောအခါ
ဆိုးယုတ်​သော​သူ​တို့​သည် မိမိ​တို့​ထောင်​ထား​သော ကျော့ကွင်း​ထဲသို့ အတူတကွ​ကျ​ကြ​ပါစေသော​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 141: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ