ဆာလံကျမ်း 144
144
ရှင်ဘုရင်၏ဆုတောင်းခြင်း
ဒါဝိဒ်၏ဆာလံ
1ငါ၏ကျောက်ဆောင်ဖြစ်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူ၏။
ကိုယ်တော်သည် ငါ၏လက်ကို စစ်မက်အတွက်လည်းကောင်း၊
ငါ၏လက်ချောင်းများကို တိုက်ပွဲအတွက်လည်းကောင်း လေ့ကျင့်ပေးတော်မူ၏။
2ကိုယ်တော်သည် ငါ၏မေတ္တာကရုဏာရှင်၊ ငါ၏ရဲတိုက်၊ ငါ၏ခိုကိုးရာ၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ဒိုင်းလွှားဖြစ်တော်မူ၏။
ငါသည် ကိုယ်တော်ကို ခိုလှုံ၏။ ကိုယ်တော်သည် ငါ၏လူမျိုးကို ငါအုပ်စိုးရသောအခွင့်ပေးတော်မူ၏။
3အို ထာဝရဘုရား၊ လူသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုသိမှတ်တော်မူရသနည်း။
လူ့သားသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုပမာဏပြုတော်မူရသနည်း။
4လူသည် အခိုးအငွေ့ကဲ့သို့ဖြစ်ပါ၏။
သူ၏နေ့ရက်တို့သည် ရိပ်ကနဲဖြတ်သွားသော အရိပ်ကဲ့သို့ဖြစ်ကြပါ၏။
5အို ထာဝရဘုရား၊ ကိုယ်တော်၏ကောင်းကင်ကိုညွှတ်၍ ကြွဆင်းတော်မူပါ။
တောင်များမှ မီးခိုးထွက်လာစေရန် ၎င်းတို့ကို တို့ထိတော်မူပါ။
6လျှပ်စီးကိုလက်စေလျက် ရန်သူတို့ကို ကွဲလွင့်စေတော်မူပါ။
ကိုယ်တော်၏မြားတို့ကိုပစ်လွှတ်၍ သူတို့ကိုအရေးနိမ့်စေတော်မူပါ။
7မြင့်သောအရပ်မှ လက်တော်ကိုဆန့်တော်မူပါ။
များစွာသောရေထဲမှလည်းကောင်း၊ တိုင်းတစ်ပါးသားတို့၏လက်ထဲမှလည်းကောင်း
အကျွန်ုပ်ကိုကယ်နုတ်ပြီး လွတ်မြောက်စေတော်မူပါ။
8သူတို့၏နှုတ်သည် မဟုတ်မမှန်ပြောဆိုတတ်ပါ၏။
သူတို့၏လက်ယာလက်သည်လည်း လှည့်ဖြားတတ်သောလက်ဖြစ်ပါ၏။
9အို ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ သီချင်းအသစ်ကို သီကျူးပါမည်။
ဆယ်ကြိုးတပ်စောင်းပြားတီး၍ ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
10ကိုယ်တော်သည် ရှင်ဘုရင်တို့အား အောင်ပွဲကိုပေးတော်မူ၏။
ကိုယ်တော်၏အစေအပါးဒါဝိဒ်ကိုလည်း ဆိုးဝါးသောဓားဘေးမှလွတ်မြောက်စေတော်မူ၏။
11တိုင်းတစ်ပါးသားတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်ပြီး လွတ်မြောက်စေတော်မူပါ။
သူတို့၏နှုတ်သည် မဟုတ်မမှန်ပြောဆိုတတ်ပါ၏။ သူတို့၏လက်ယာလက်သည်လည်း လှည့်ဖြားတတ်သောလက်ဖြစ်ပါ၏။
12အကျွန်ုပ်တို့၏သားများသည် သူတို့ပျိုရွယ်ချိန်တွင် ကြီးထွားတတ်သောပျိုးပင်များကဲ့သို့ ဖြစ်ကြပါစေသော။
အကျွန်ုပ်တို့၏သမီးများသည် နန်းတော်အတွက် ထွင်းထုထားသော ထောင့်ကျောက်တိုင်ကဲ့သို့ ဖြစ်ကြပါစေသော။
13အကျွန်ုပ်တို့၏ကျီများသည် လယ်ယာထွက်ကုန် အမျိုးမျိုးတို့ဖြင့် ပြည့်ကြပါစေသော။
အကျွန်ုပ်တို့၏သိုးများသည် အကျွန်ုပ်တို့၏ ကွင်းပြင်များထဲတွင် ထောင်သောင်းမက ပွားများကြပါစေသော။
14အကျွန်ုပ်တို့၏နွားတို့သည် ထမ်းပိုးကောင်းကြပါစေသော။
မြို့ရိုးကျိုးပေါက်ခြင်းမရှိ၊ သိမ်းသွားခံရခြင်းလည်းမရှိ၊ အကျွန်ုပ်တို့၏လမ်းများ၌ ငိုကြွေးပူဆွေးခြင်းလည်း မရှိပါစေနှင့်။
15ထိုသို့သောကောင်းချီးများကိုခံစားရသောလူမျိုးသည် မင်္ဂလာရှိ၏။
ထာဝရဘုရားကို မိမိ၏ဘုရားအဖြစ် ကိုးကွယ်သောလူမျိုးသည် မင်္ဂလာရှိ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 144: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: