ဆာလံကျမ်း 145
145
ဘုရားသခင်၏ကြီးမြတ်တော်မူခြင်းကို ချီးမွမ်းခြင်း
ဒါဝိဒ်၏ချီးမွမ်းခြင်း
1အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ရှင်ဘုရင်၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။
ကိုယ်တော်၏နာမတော်ကို ကာလအစဉ်အဆက်ကောင်းချီးထောမနာပြုပါမည်။
2အကျွန်ုပ်သည် ကိုယ်တော်ကို နေ့စဉ်နေ့တိုင်းကောင်းချီးထောမနာပြု၍
ကိုယ်တော်၏နာမတော်ကို ကာလအစဉ်အဆက် ချီးမွမ်းပါမည်။
3ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။
ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို စူးစမ်း၍မကုန်နိုင်။
4မျိုးဆက်တစ်ဆက်သည် နောက်မျိုးဆက်တစ်ဆက်အား
ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ထောမနာပြုပြောဆိုပါလိမ့်မည်။
ကိုယ်တော်၏အစွမ်းတန်ခိုးတော်များ အကြောင်းကိုလည်း ပြောကြားပါလိမ့်မည်။
5အကျွန်ုပ်သည် ကိုယ်တော်၏ ဘုန်းကျက်သရေနှင့်ဆိုင်သည့် ဘုန်းအသရေခန့်ညားထည်ဝါမှုကိုလည်းကောင်း၊
ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း ဆင်ခြင်အောက်မေ့ပါမည်။
6သူတို့သည် ကိုယ်တော်၏အံ့ဩဖွယ်ကောင်းသော တန်ခိုးတော်အကြောင်းကို ပြောဆိုကြပါလိမ့်မည်။
အကျွန်ုပ်သည်လည်း ကိုယ်တော်၏ ကြီးမြတ်တော်မူခြင်းအကြောင်းကို ပြောကြားပါမည်။
7သူတို့သည် ကိုယ်တော်၏ ကြွယ်ဝသောကောင်းမြတ်ခြင်းနှင့်ဆိုင်သည့် အောက်မေ့စရာကို မြွက်ဆို၍
ကိုယ်တော်၏ဖြောင့်မတ်ခြင်းအကြောင်းကို ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။
8ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောရှိတော်မူ၏။
စိတ်ရှည်၍ မေတ္တာကရုဏာကြီးမားတော်မူ၏။
9ထာဝရဘုရားသည် အရာခပ်သိမ်းတို့အပေါ် ကောင်းမြတ်တော်မူ၏။
မိမိပြုလုပ်ဖန်ဆင်းသောအရာအားလုံးကိုလည်း သနားစုံမက်တော်မူ၏။
10အို ထာဝရဘုရား၊ ကိုယ်တော်ပြုလုပ်ဖန်ဆင်းသောအရာရှိသမျှတို့သည်
ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းကြပါလိမ့်မည်။
ကိုယ်တော်၏သန့်ရှင်းသူအပေါင်းတို့သည်လည်း ကိုယ်တော်ကို ကောင်းချီးထောမနာပြုကြပါလိမ့်မည်။
11သူတို့သည် ကိုယ်တော့်နိုင်ငံ၏ ဘုန်းအသရေတော်အကြောင်းကို ပြောဆိုကြပါလိမ့်မည်။
ကိုယ်တော်၏အစွမ်းတန်ခိုးတော်အကြောင်းကိုလည်း မြွက်ဆိုကြပါလိမ့်မည်။
12ဤသို့ဖြင့် ကိုယ်တော်၏အစွမ်းတန်ခိုးတော်များနှင့် ကိုယ်တော့်နိုင်ငံ၏ဘုန်းအသရေခန့်ညားထည်ဝါမှုကို
လူသားတို့အား သိမြင်စေကြပါလိမ့်မည်။
13ကိုယ်တော်၏နိုင်ငံသည် ထာဝရနိုင်ငံဖြစ်ပါ၏။
ကိုယ်တော်၏အုပ်စိုးမှုသည်လည်း မျိုးဆက်အစဉ်အဆက်တည်ပါ၏။
14ထာဝရဘုရားသည် လဲကျသောသူရှိသမျှတို့ကို ထောက်မ၍
ကိုင်းညွတ်နိမ့်ကျနေသောသူအပေါင်းတို့ကို ထူမတော်မူ၏။
15လူအပေါင်းတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြပါ၏။
ကိုယ်တော်သည်လည်း အချိန်တန်လျှင် သူတို့အား အစားအစာကို ပေးတော်မူပါ၏။
16လက်တော်ကိုဖွင့်၍ သက်ရှိသတ္တဝါအပေါင်းတို့၏ အလိုကို
ပြည့်စုံကြွယ်ဝစေတော်မူ၏။
17ထာဝရဘုရားသည် မိမိ၏လမ်းတော်ရှိသမျှတို့၌ ဖြောင့်မတ်၍
မိမိပြုတော်မူသောအမှုရှိသမျှတို့၌ သစ္စာရှိတော်မူ၏။
18ထာဝရဘုရားသည် မိမိကိုခေါ်သောသူအားလုံး၊
သမ္မာတရားနှင့်အညီ မိမိကိုခေါ်သောသူအားလုံး၏ အနီးတွင်ရှိတော်မူ၏။
19ကိုယ်တော်သည် မိမိကိုကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေတော်မူ၏။
သူတို့၏အော်ဟစ်သံကိုလည်းကြား၍ သူတို့ကို ကယ်တင်တော်မူ၏။
20ထာဝရဘုရားသည် မိမိကိုချစ်သောသူအပေါင်းတို့ကို စောင့်ရှောက်တော်မူ၏။
ဆိုးယုတ်သောသူအပေါင်းတို့ကိုကား ဖျက်ဆီးတော်မူလိမ့်မည်။
21ငါ၏နှုတ်သည် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုမြွက်ဆိုမည်။
သတ္တဝါအပေါင်းတို့သည် ကိုယ်တော်၏ သန့်ရှင်းသောနာမတော်ကို
ကာလအစဉ်အဆက် ကောင်းချီးထောမနာပြုကြပါစေ။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 145: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: