ဆာလံကျမ်း 146
146
ကရုဏာနှင့်ပြည့်စုံတော်မူသောဘုရားသခင်
1ဟာလေလုယ။
အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကိုချီးမွမ်းလော့။
2ငါသည် အသက်ရှင်စဉ်အခါ ထာဝရဘုရားကိုချီးမွမ်းမည်။
ငါရှိနေသေးသရွေ့ ငါ၏ဘုရားသခင်ကို သီဆိုချီးမွမ်းမည်။
3မင်းအရာရှိများမှစ၍ ကယ်တင်ခြင်းမပေးနိုင်သော လူသားကို
မကိုးစားကြနှင့်။
4သူတို့၏ဝိညာဉ်ထွက်သွားသောအခါ မြေကြီးသို့ ပြန်သွားရ၏။
ထိုနေ့၌ပင် သူတို့၏အကြံအစည်တို့သည် ပျက်စီးကြ၏။
5ယာကုပ်၏ဘုရားသခင်ကို မိမိ၏ကူညီမစသောအရှင်ဖြစ်စေသောသူ၊
မိမိ၏ဘုရားသခင်ထာဝရဘုရားကို မျှော်လင့်သောသူသည် မင်္ဂလာရှိ၏။
6ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူ၏။
သစ္စာတော်သည် အစဉ်အမြဲတည်၏။
7နှိပ်စက်ခြင်းခံရသောသူတို့အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေး၍
ဆာလောင်မွတ်သိပ်သောသူတို့အား အစားအစာကိုပေးတော်မူ၏။
ထာဝရဘုရားသည် ချုပ်ထားခြင်းခံရသောသူတို့ကို လွှတ်ပေးတော်မူ၏။
8ထာဝရဘုရားသည် မျက်မမြင်တို့ကို မြင်စေတော်မူ၏။
ထာဝရဘုရားသည် ကိုင်းညွတ်နိမ့်ကျနေသောသူတို့ကို ထူမတော်မူ၏။
ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။
9ထာဝရဘုရားသည် တိုင်းတစ်ပါးသားတို့ကို စောင့်ရှောက်၍
ဖတဆိုးနှင့်မုဆိုးမကို ကူညီစောင်မတော်မူ၏။
ဆိုးယုတ်သောသူတို့၏လမ်းကိုကား ကွေ့ကောက်စေတော်မူ၏။
10ထာဝရဘုရားသည် အစဉ်အမြဲစိုးစံတော်မူလိမ့်မည်။
အို ဇိအုန်၊ သင်၏ဘုရားသခင်သည် ခေတ်ကာလအစဉ်အဆက် စိုးစံတော်မူလိမ့်မည်။
ဟာလေလုယ။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 146: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: