ဆာလံကျမ်း 147
147
ထာဝရဘုရားပေးတော်မူသောနှစ်သိမ့်မှု
1ဟာလေလုယ။
ငါတို့၏ဘုရားသခင်ကို သီဆိုချီးမွမ်းခြင်းသည် အမှန်ပင်ကောင်းမြတ်ပေ၏။
ကိုယ်တော်ကိုချီးမွမ်းခြင်းသည် သင့်လျော်၍ အမှန်ပင်နှစ်လိုဖွယ်ကောင်း၏။
2ထာဝရဘုရားသည် ဂျေရုဆလင်မြို့ကို တည်ဆောက်၍
နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးကို စုဝေးစေတော်မူ၏။
3ကိုယ်တော်သည် စိတ်နှလုံးကျိုးပဲ့သောသူတို့ကို ကျန်းမာစေ၍
သူတို့၏ဒဏ်ရာများကို ပတ်စည်းပေးတော်မူ၏။
4ကိုယ်တော်သည် ကြယ်တို့၏အရေအတွက်ကို သတ်မှတ်၍
၎င်းတို့အားလုံးကို အမည်ပေးတော်မူ၏။
5ငါတို့၏အရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်း ကြီးမားတော်မူ၏။
ကိုယ်တော်၏ထိုးထွင်းဉာဏ်သည် အနန္တဖြစ်၏။
6ထာဝရဘုရားသည် စိတ်နှိမ့်ချသောသူတို့ကို စောင်မတော်မူ၏။
ဆိုးယုတ်သောသူတို့ကို မြေပြင်အထိနိမ့်ကျစေတော်မူ၏။
7ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ထာဝရဘုရားထံ တေးဖွဲ့သီဆိုကြလော့။
စောင်းတီး၍ ငါတို့၏ဘုရားသခင်ကို သီဆိုချီးမွမ်းကြလော့။
8ကိုယ်တော်သည် ကောင်းကင်ကိုတိမ်တိုက်များဖြင့် ဖုံးလွှမ်းလျက်
မြေကြီးအတွက် မိုးရေကိုပြင်ဆင်၍ တောင်များပေါ်၌ မြက်ပင်ကိုပေါက်စေတော်မူ၏။
9တိရစ္ဆာန်မှစ၍ အော်မြည်သော ကျီးကန်းကလေးတို့အား
အစာကိုပေးတော်မူ၏။
10ကိုယ်တော်သည် မြင်း၏ခွန်အားကို အလိုရှိတော်မမူ။
လူ၏ခြေတို့ကို နှစ်သက်တော်မမူ။
11ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူများနှင့်
မိမိ၏မေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူများကို နှစ်သက်တော်မူ၏။
12အို ဂျေရုဆလင်၊ ထာဝရဘုရားကိုထောမနာပြုလော့။
အို ဇိအုန်၊ သင်၏ဘုရားသခင်ကိုချီးမွမ်းလော့။
13အကြောင်းမူကား ကိုယ်တော်သည် သင်၏မြို့တံခါးကန့်လန့်ကျင်တို့ကို ခိုင်ခံ့စေ၍
သင့်အထဲ၌ရှိသော သင်၏သားသမီးတို့ကို ကောင်းချီးပေးတော်မူ၏။
14ကိုယ်တော်သည် သင်၏နယ်နိမိတ်ထဲ၌ ငြိမ်းချမ်းမှုရှိစေ၍
အကောင်းဆုံးသောဂျုံဆန်ဖြင့် သင့်ကိုဝပြောစေတော်မူ၏။
15ကိုယ်တော်သည် မိမိ၏မိန့်တော်မူချက်ကို ကမ္ဘာမြေကြီးပေါ်သို့ စေလွှတ်တော်မူ၏။
ကိုယ်တော်၏နှုတ်ကပတ်တော်သည် လျင်မြန်စွာပြေးတတ်၏။
16ကိုယ်တော်သည် နှင်းပွင့်ကို သိုးမွေးကဲ့သို့ချထားတော်မူ၏။
နှင်းခဲကို ပြာကဲ့သို့ပြန့်ကြဲစေတော်မူ၏။
17မိမိ၏မိုးသီးကို မုန့်အစအနများကဲ့သို့ ပစ်ချတော်မူ၏။
ကိုယ်တော်ချမ်းအေးစေတော်မူခြင်းကို မည်သူခံနိုင်မည်နည်း။
18ကိုယ်တော်သည် မိမိ၏နှုတ်ကပတ်တော်ကိုစေလွှတ်၍ ၎င်းတို့ကို အရည်ပျော်စေတော်မူ၏။
မိမိ၏လေကိုတိုက်စေတော်မူသောအခါ ရေတို့သည် စီးဆင်းကြ၏။
19ကိုယ်တော်သည် မိမိ၏နှုတ်ကပတ်တော်ကို ယာကုပ်အမျိုးအားလည်းကောင်း၊
မိမိ၏ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကို အစ္စရေးလူမျိုးအားလည်းကောင်း ဖွင့်ပြတော်မူ၏။
20ကိုယ်တော်သည် မည်သည့် လူမျိုးခြား၌မျှ ဤကဲ့သို့ပြုတော်မမူခဲ့ပေ။
ထိုလူမျိုးခြားတို့သည် ကိုယ်တော်၏ စီရင်ထုံးဖွဲ့ချက်တို့ကို မသိကြပေ။ ဟာလေလုယ။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 147: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: