ဆာလံကျမ်း 39
39
မမြဲသောလူ့ဘဝ
ဂီတမှူးအတွက်၊ ယေဒုသုန်အတွက်၊ ဒါဝိဒ်၏ဆာလံ
1“ငါသည် နှုတ်ဖြင့်မပြစ်မှားမိစေရန် ငါ၏အပြုအမူအကျင့်အကြံတို့ကိုစောင့်ထိန်းမည်။
ငါ၏ရှေ့၌ဆိုးယုတ်သောသူတို့ရှိနေစဉ် နှုတ်စွပ်တပ်၍ ငါ့နှုတ်ကိုစောင့်ထိန်းမည်”ဟု ငါဆိုခဲ့၏။
2ငါသည် ကောင်းသောအရာကိုပင်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာနေ၏။
ထိုအခါ ငါ၏ဝေဒနာသည် ပိုမိုပြင်းထန်လာ၏။
3ငါ၏စိတ်နှလုံးသည် ငါ့အထဲ၌ပူလောင်လာ၏။
ငါညည်းညူမြည်တမ်းသောအခါ မီးတောက်လောင်၏။
ထိုအခါ ငါ၏နှုတ်ဖြင့် ငါပြောဆိုသည်မှာ
4“အို ထာဝရဘုရား၊ အကျွန်ုပ်၏ဘဝနိဂုံးကိုလည်းကောင်း၊
အကျွန်ုပ်အသက်တာ၏နေ့ရက်ပမာဏ မည်မျှရှိသည်ကိုလည်းကောင်း အကျွန်ုပ်အားသိစေတော်မူပါ။
အကျွန်ုပ်သည် အခိုက်အတန့်မျှသာ တည်ကြောင်းကိုလည်း သိစေတော်မူပါ။
5ကိုယ်တော်သည် အကျွန်ုပ်အသက်တာ၏ နေ့ရက်များကို လက်တစ်ဝါး#39:5 “3 လက်မ သို့မသုတ် 7.5 စင်တီမီတာ”။သာရှည်စေတော်မူ၏။
အကျွန်ုပ်၏အသက်တာသည်လည်း ကိုယ်တော်၏ရှေ့တွင် ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။
အကယ်စင်စစ် လူတိုင်းသည် မြဲမြံစွာရပ်တည်လျက်နေစဉ်မှာပင် အခိုးအငွေ့သက်သက်ဖြစ်ကြပါ၏။(စေလာ#39:5 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
6အကယ်စင်စစ် လူသည်အရိပ်ကဲ့သို့သွားလာပါ၏။
သူတို့သည် အချည်းနှီးသောအရာကြောင့်သာ မငြိမ်မသက်ဖြစ်တတ်ကြပါ၏။
လူသည် ဥစ္စာများစုဆောင်းသော်လည်း ၎င်းတို့အား မည်သူရမည်ကိုမသိပါ။
7သို့ဖြစ်၍ အို ဘုရားရှင်၊ ယခု အကျွန်ုပ်သည် မည်သည့်အရာကိုစောင့်မျှော်ရပါမည်နည်း။
အကျွန်ုပ်မျှော်မှန်းသောအရာသည် ကိုယ်တော်၌သာရှိပါ၏။
8အကျွန်ုပ်ကျူးလွန်သောအပြစ်ရှိသမျှတို့မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
အကျွန်ုပ်ကို မိုက်မဲသောသူ၏ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်စေတော်မမူပါနှင့်။
9ကိုယ်တော်သည် ဤသို့ပြုတော်မူသောကြောင့် အကျွန်ုပ်သည် တိတ်ဆိတ်စွာနေလျက်
အကျွန်ုပ်၏နှုတ်ကိုမဖွင့်ဘဲနေပါ၏။
10ကိုယ်တော်၏ဒဏ်ခတ်ခြင်းကို အကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။
လက်တော်၏ရိုက်နှက်မှုကြောင့် အကျွန်ုပ်သည် အားအင်ကုန်ခန်းပါပြီ။
11ကိုယ်တော်သည် ဒုစရိုက်အတွက်ဆိုဆုံးမခြင်းအားဖြင့် လူကိုပဲ့ပြင်တော်မူ၍
လူတပ်မက်သောအရာကို ပိုးဖလံကဲ့သို့ဖျက်ဆီးတော်မူ၏။ လူတိုင်းသည် အခိုးအငွေ့သာဖြစ်ကြပါ၏။(စေလာ#39:11 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
12အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။
အကျွန်ုပ်၏အော်ဟစ်သံကို စူးစိုက်နားထောင်တော်မူပါ။
အကျွန်ုပ်၏မျက်ရည်ကိုကြည့်၍ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။
အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံ၌ရှိသော တိုင်းတစ်ပါးသားဖြစ်၍
အကျွန်ုပ်၏ဘိုးဘေးအပေါင်းတို့နည်းတူ ဧည့်သည်မျှသာဖြစ်ပါ၏။
13အကျွန်ုပ်ထွက်ခွာသွား၍ ပျောက်ကွယ်မသွားမီ အကျွန်ုပ်ရွှင်လန်းခြင်းရှိစေရန်
အကျွန်ုပ်ထံမှ အကြည့်လွှဲတော်မူပါ။”
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 39: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative