ဆာလံကျမ်း 61
61
ဘုရားသခင်၌ ငြိမ်သက်ချမ်းသာမှုခံစားရခြင်း
ဂီတမှူးအတွက်၊ ကြိုးတပ်တူရိယာဖြင့်၊ ဒါဝိဒ်၏ဆာလံ
1အို ဘုရားသခင်၊ အကျွန်ုပ်၏ဟစ်ကြော်သံကို နားညောင်းတော်မူပါ။
အကျွန်ုပ်၏ဆုတောင်းချက်ကို အာရုံစိုက်နားထောင်တော်မူပါ။
2အကျွန်ုပ်သည် စိတ်နှလုံးညှိုးငယ်သောအခါ ကိုယ်တော်ကို ကမ္ဘာမြေကြီးအစွန်းမှ ခေါ်ပါ၏။
အကျွန်ုပ်ထက်မြင့်မားသောကျောက်ဆောင်ပေါ်သို့ အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ။
3အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာ၊
ရန်သူ့ရှေ့မှာ ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။
4ကိုယ်တော်၏တဲတော်၌အစဉ်အမြဲနေထိုင်၍
ကိုယ်တော်၏အတောင်တော်ကွယ်ကာရာအရပ်၌ ခိုလှုံခွင့်ပေးတော်မူပါ။(စေလာ#61:4 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
5အကြောင်းမူကား အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ကတိသစ္စာစကားများကို ကြားတော်မူ၍
ကိုယ်တော်၏နာမတော်ကို ကြောက်ရွံ့သောသူတို့ဆက်ခံရသည့်အမွေကို အကျွန်ုပ်အား ပေးတော်မူပြီ။
6ရှင်ဘုရင်၏နေ့ရက်များကို ထပ်၍တိုးပေးတော်မူပါ။
သူ၏နှစ်ကာလတို့ကိုလည်း မျိုးဆက်အစဉ်အဆက် တည်စေတော်မူပါ။
7သူသည် ဘုရားသခင်၏ရှေ့တော်၌ အစဉ်အမြဲစိုးစံပါစေသော။
မေတ္တာကရုဏာနှင့်သမ္မာတရားသည် သူ့ကိုကာကွယ်စောင့်ရှောက်မည့်အကြောင်း စီရင်တော်မူပါ။
8သို့ဖြစ်၍ အကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း အကျွန်ုပ်၏ကတိသစ္စာများကိုပြည့်စုံစေရန်
ကိုယ်တော်၏နာမတော်ကို ထာဝစဉ်သီဆိုချီးမွမ်းပါမည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 61: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative