ဆာလံကျမ်း 67
67
လူမျိုးအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းမည်
ဂီတမှူးအတွက်၊ ကြိုးတပ်တူရိယာများဖြင့်၊ ဆာလံသီချင်း
1ဘုရားသခင်သည် ငါတို့ကိုသနား၍ ကောင်းချီးပေးတော်မူပါစေသော။
ကိုယ်တော်၏မျက်နှာတော်အလင်းသည် ငါတို့အပေါ် ထွန်းလင်းတော်မူပါစေသော။(စေလာ#67:1 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
2ထိုသို့သောအားဖြင့် ကိုယ်တော်၏လမ်းသည် မြေကြီးပေါ်၌လည်းကောင်း၊
ကိုယ်တော်၏ကယ်တင်ခြင်းသည် လူမျိုးအပေါင်းတို့အလယ်၌လည်းကောင်း
ထင်ရှားပါစေသော။
3အို ဘုရားသခင်၊ လူတို့သည် ကိုယ်တော်ကိုချီးမွမ်းကြပါစေသော။
လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးမွမ်းကြပါစေသော။
4လူမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာသီချင်းဆိုကြပါစေသော။
အကြောင်းမူကား ကိုယ်တော်သည် လူတို့ကို မျှတစွာတရားစီရင်၍
ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးတို့ကို ဦးဆောင်လမ်းပြတော်မူ၏။(စေလာ#67:4 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
5အို ဘုရားသခင်၊ လူတို့သည် ကိုယ်တော်ကိုချီးမွမ်းကြပါစေသော။
လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးမွမ်းကြပါစေသော။
6မြေကြီးသည် မိမိ၏အသီးအနှံတို့ကိုဖြစ်ထွန်းစေပြီ။
ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကိုကောင်းချီးပေးတော်မူလိမ့်မည်။
7ဘုရားသခင်သည် ငါတို့ကိုကောင်းချီးပေးတော်မူမည်ဖြစ်၍
ကမ္ဘာမြေအစွန်းရှိသမျှတို့သည် ကိုယ်တော်ကိုကြောက်ရွံ့ကြလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 67: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative