အို ထာဝရဘုရား၊ အကျွန်ုပ်မူကား နှစ်သက်ဖွယ်သောအချိန်၌ ကိုယ်တော့်ထံ ဆုတောင်းပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်၏ကြီးမားသောမေတ္တာကရုဏာနှင့်အညီ ကိုယ်တော်၏ကယ်တင်ခြင်းနှင့်ဆိုင်သော သမ္မာတရားဖြင့် အကျွန်ုပ်ကိုထူးတော်မူပါ။ အကျွန်ုပ်ကိုရွှံ့ထဲမှ ကယ်နုတ်တော်မူပါ။ နစ်စေတော်မမူပါနှင့်။ အကျွန်ုပ်ကိုမုန်းသောသူတို့ထံမှလည်းကောင်း၊ နက်ရှိုင်းသောရေထဲမှလည်းကောင်း အကျွန်ုပ်ကယ်နုတ်ခြင်းခံရပါစေသော။ ရေလှိုင်းလုံးကြီးသည် အကျွန်ုပ်ကိုမလွှမ်းမိုးပါစေနှင့်။ နက်သောရေသည်လည်း အကျွန်ုပ်ကိုမမျိုပါစေနှင့်။ တွင်းဝသည်လည်း အကျွန်ုပ်အပေါ်၌ ပိတ်မထားပါစေနှင့်။ အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာသည် ကောင်းမြတ်သည်ဖြစ်၍ အကျွန်ုပ်ကိုထူးတော်မူပါ။ ကိုယ်တော်၏ကြီးမားသောသနားစုံမက်ခြင်းနှင့်အညီ အကျွန်ုပ်ဘက်သို့လှည့်တော်မူပါ။ ကိုယ်တော်၏အစေအပါးထံမှ မျက်နှာလွှဲတော်မမူပါနှင့်။ အကျွန်ုပ်သည် ဘေးဥပဒ်နှင့်ကြုံတွေ့နေရသည်ဖြစ်၍ အကျွန်ုပ်ကို အလျင်အမြန်ထူးတော်မူပါ။ အကျွန်ုပ်၏စိတ်ဝိညာဉ်ထံသို့ချဉ်းကပ်၍ ရွေးနုတ်တော်မူပါ။ အကျွန်ုပ်၏ရန်သူများကြောင့် အကျွန်ုပ်ကိုရွေးနုတ်ကယ်တင်တော်မူပါ။
ဆာလံကျမ်း 69 ကိုဖတ်ပါ။
နားထောင်ပါ။ ဆာလံကျမ်း 69
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံကျမ်း 69:13-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို