YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 69:13-18

ဆာလံ 69:13-18 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​မူ​ကား၊ မင်္ဂ​လာ​အ​ချိန်​ကာ​လ၌ ကိုယ်​တော်​ကို ဆု​တောင်း​ပါ၏။ အို​ဘု​ရား​သ​ခင်၊ က​ရု​ဏာ​တော် ကြွယ်​ဝ​သည်​နှင့်​အ​ညီ၊ ကယ်​တင်​တော်​မူ​ခြင်း သ​စ္စာ​အ​တိုင်း၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ရွှံ့​ထဲ​က ကယ်​နုတ်​တော်​မူ​ပါ။ နစ်​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့ လက်​မှ​လည်း​ကောင်း၊ နက်​သော​ရေ​ထဲ​က​လည်း​ကောင်း လွှတ်​ပါ​စေ​သော။ ရေ​ထ၍ မ​လွှမ်း​ပါ​စေ​နှင့်။ နက်​နဲ​ရာ၌ မ​မြုပ်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​အ​ပေါ်​မှာ တွင်း​ဝ​မ​ပိတ်​ပါ​စေ​နှင့်။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​ပြု​ချင်​သော စေ​တ​နာ​တော်​သည် ကောင်း​မွန်​သော​ကြောင့်၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ စုံ​မက်​တော်​မူ​ခြင်း​က​ရု​ဏာ​များ​ပြား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​ကို မျက်​နှာ​ပြ​တော်​မူ​ပါ။ ကိုယ်​တော်၏​ကျွန်​မှ မျက်​နှာ​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ ဘေး​ရောက်​ပါ​ပြီ။ အ​လျင်​အ​မြန် နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​အ​သက်​ဝိ​ညာဉ်​သို့ ချဉ်း​ကပ်၍ ရွေး​တော်​မူ​ပါ။ ရန်​သူ​များ​ရှိ​ကြောင်း​ကို ထောက်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ။

ဆာလံ 69:13-18 Common Language Bible (BCL)

သို့​ရာ​တွင်​ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​မ​ဟာ​မေတ္တာ​တော်​ကို ထောက်​၍​လည်း​ကောင်း၊ ကယ်​တော်​မူ​မည်​ဟု​ကိုယ်​တော်​ရှင်​ထား​တော်​မူ​သည့် က​တိ​တော်​ကို​ထောက်​၍​လည်း​ကောင်း တောင်း​လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ အ​လို​တော်​ရှိ​ချိန်​၌​ကျွန်​တော်​မျိုး​၏ ဆု​တောင်း​ပတ္ထနာ​ကို​ဖြေ​ကြား​တော်​မူ​ပါ။ ရွှံ့​နွံ​တွင်​မ​ကျွံ​မ​နစ်​စေ​ရန်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ ရန်​သူ​များ​၏​ဘေး​မှ​လည်း​ကောင်း၊ ရေ​နက်​ရာ​မှ​လည်း​ကောင်း​ကယ်​ဆယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ရေ​လွှမ်း​မိုး​စေ​တော်​မ​မူ​ပါ​နှင့်။ ရေ​နက်​ရာ​တွင်​နစ်​မြုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ သင်္ချိုင်း​တွင်း​သို့​သက်​ဆင်း​စေ​တော်​မ​မူ ပါ​နှင့်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​မြတ်​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး​၏ ပန်​ကြား​ခြင်း​ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​သ​နား​ကြင်​နာ တော်​မူ​တတ်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​လှည့်​၍​ကြည့်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​အား​မျက်​နှာ​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​သည်​အ​တိ​ဒုက္ခ​ရောက်​လျက် ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​ယ​ခု​ပင် နား​ညောင်း​တော်​မူ​ပါ။ ကြွ​လာ​တော်​မူ​၍​ကျွန်​တော်​မျိုး​ကို​ကယ်​တော် မူ​ပါ။ ရန်​သူ​များ​၏​လက်​မှ​ကယ်​ဆယ်​တော်​မူ​ပါ။

ဆာလံ 69:13-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ အကျွန်ုပ်​မူကား နှစ်သက်​ဖွယ်​သော​အချိန်​၌ ကိုယ်တော့်​ထံ ဆုတောင်း​ပါ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​၏​ကြီးမား​သော​မေတ္တာကရုဏာ​နှင့်အညီ ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့်ဆိုင်သော သမ္မာတရား​ဖြင့် အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ အကျွန်ုပ်​ကို​ရွှံ့​ထဲမှ ကယ်နုတ်​တော်မူ​ပါ​။ နစ်​စေ​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​ထံမှ​လည်းကောင်း​၊ နက်ရှိုင်း​သော​ရေ​ထဲမှ​လည်းကောင်း အကျွန်ုပ်​ကယ်နုတ်​ခြင်း​ခံရ​ပါစေသော​။ ရေ​လှိုင်းလုံးကြီး​သည် အကျွန်ုပ်​ကို​မ​လွှမ်းမိုး​ပါစေ​နှင့်​။ နက်​သော​ရေ​သည်​လည်း အကျွန်ုပ်​ကို​မ​မျို​ပါစေ​နှင့်​။ တွင်း​ဝ​သည်​လည်း အကျွန်ုပ်​အပေါ်​၌ ပိတ်​မ​ထား​ပါစေ​နှင့်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​သည် ကောင်းမြတ်​သည်​ဖြစ်၍ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ ကိုယ်တော်​၏​ကြီးမား​သော​သနားစုံမက်​ခြင်း​နှင့်အညီ အကျွန်ုပ်​ဘက်​သို့​လှည့်​တော်မူ​ပါ​။ ကိုယ်တော်​၏​အစေအပါး​ထံမှ မျက်နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​သည် ဘေးဥပဒ်​နှင့်​ကြုံတွေ့​နေ​ရ​သည်​ဖြစ်၍ အကျွန်ုပ်​ကို အလျင်အမြန်​ထူး​တော်မူ​ပါ​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ထံသို့​ချဉ်းကပ်​၍ ရွေးနုတ်​တော်မူ​ပါ​။ အကျွန်ုပ်​၏​ရန်သူ​များ​ကြောင့် အကျွန်ုပ်​ကို​ရွေးနုတ်ကယ်တင်​တော်မူ​ပါ​။