ဆာလံကျမ်း 70
70
ကယ်နုတ်တော်မူရန် ခေါ်ဆိုတသခြင်း
ဂီတမှူးအတွက်၊ အောက်မေ့စေရန်၊ ဒါဝိဒ်၏ဆာလံ
1အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
2အကျွန်ုပ်အသက်ကို ရန်ရှာသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။
အကျွန်ုပ်ကို ဒုက္ခရောက်စေလိုသောသူတို့သည် နောက်သို့ပြန်ဆုတ်၍ အသရေပျက်ကြရပါစေသော။
3အကျွန်ုပ်ကို “ဟား ဟား”ဟု ရယ်မောပြောဆိုသောသူတို့သည်
မိမိတို့ခံရသောအရှက်ကွဲခြင်းကြောင့် နောက်ပြန်ဆုတ်ကြရပါစေသော။
4ကိုယ်တော်ကိုရှာသောသူအပေါင်းတို့သည် ကိုယ်တော်၌ ရွှင်မြူးလျက်ဝမ်းမြောက်ကြပါစေသော။
ကိုယ်တော်၏ကယ်တင်ခြင်းကို မြတ်နိုးသောသူတို့က
“ဘုရားသခင်သည် ကြီးမြတ်တော်မူ၏”ဟု အစဉ်မြွက်ဆိုကြပါစေသော။
5အကျွန်ုပ်မူကား အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူဖြစ်ပါ၏။
အို ဘုရားသခင်၊ အကျွန်ုပ်ထံသို့ အလျင်အမြန်ကြွလာတော်မူပါ။
ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင်၊ အကျွန်ုပ်ကိုကယ်တင်သောအရှင်ဖြစ်ပါ၏။
အို ထာဝရဘုရား၊ နှောင့်နှေးတော်မမူပါနှင့်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 70: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative