ဆာလံကျမ်း 80
80
ပြန်လည်တည်ဆောက်ပေးရန် ဆုတောင်းခြင်း
ဂီတမှူးအတွက်၊ “နှင်းပန်း” သံစဉ်၊ အာသပ်၏သက်သေခံချက်၊ ဆာလံ
1အစ္စရေး၏သိုးထိန်းဖြစ်တော်မူ၍ ယောသပ်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူသောအရှင်၊
စူးစိုက်နားထောင်တော်မူပါ။ ခေရုဗိမ်#80:1 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။တို့အလယ်၌ စံပယ်တော်မူသောအရှင်၊
ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
2ဧဖရိမ်အမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်နှင့် မနာရှေအမျိုးအနွယ်တို့ရှေ့တွင်
ကိုယ်တော်၏အစွမ်းတန်ခိုးကိုနှိုးဆော်၍ အကျွန်ုပ်တို့ကိုကယ်တင်ရန် ကြွလာတော်မူပါ။
3အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။
အကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်တော်၏မျက်နှာတော်အလင်းကို
ထွန်းလင်းစေတော်မူပါ။
4အို ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊
ကိုယ်တော်၏အမျက်တော်သည် ကိုယ်တော့်လူမျိုးတော်၏ဆုတောင်းခြင်းအပေါ်
မည်မျှကြာအောင် တငွေ့ငွေ့လောင်တော်မူမည်နည်း။
5ကိုယ်တော်သည် သူတို့အား မျက်ရည်မုန့်ကိုကျွေးတော်မူ၏။
များစွာသောမျက်ရည်တို့ကိုလည်း တိုက်တော်မူ၏။
6ကိုယ်တော်သည် အကျွန်ုပ်တို့ကို အိမ်နီးချင်းတို့အတွက် အငြင်းပွားစရာအကြောင်းဖြစ်စေတော်မူ၏။
အကျွန်ုပ်တို့၏ရန်သူတို့သည်လည်း အကျွန်ုပ်တို့ကို ပြက်ရယ်ပြုကြပါ၏။
7ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။
အကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရမည့်အကြောင်း
ကိုယ်တော်၏မျက်နှာတော်အလင်းကို ထွန်းလင်းစေတော်မူပါ။
8ကိုယ်တော်သည် စပျစ်ပင်တစ်ပင်ကို အီဂျစ်ပြည်မှဆောင်ယူခဲ့၍
လူမျိုးခြားတို့ကိုနှင်ထုတ်ပြီးလျှင် ၎င်းကို စိုက်ပျိုးတော်မူ၏။
9ထိုအပင်အတွက် နေရာကိုရှင်းလင်းပေးတော်မူသဖြင့်
၎င်းသည် အမြစ်စွဲ၍ ပြည်တော်၌ပြန့်ပွားခဲ့ပါ၏။
10ထိုအပင်သည် တောင်များကို မိမိ၏အရိပ်ဖြင့်လည်းကောင်း၊
မြင့်မားသောသစ်ကတိုးပင်တို့ကို မိမိ၏အကိုင်းအခက်များဖြင့်လည်းကောင်း ဖုံးလွှမ်းခဲ့ပါ၏။
11မိမိ၏အခက်အလက်တို့ကို ပင်လယ်တိုင်အောင်လည်းကောင်း၊
မိမိ၏အညွန့်တို့ကို မြစ်ကြီးတိုင်အောင်လည်းကောင်း ဖြာထွက်စေပါ၏။
12ကိုယ်တော်သည် အဘယ်ကြောင့် ၎င်း၏ခြံစည်းရိုးတို့ကိုဖြိုဖျက်တော်မူသနည်း။
ယခုမှာမူ လမ်း၌ဖြတ်သွားသောသူအားလုံးသည် ၎င်း၏အသီးကိုဆွတ်ခူးကြပါ၏။
13တောဝက်သည် ထိုအပင်ကိုကိုက်ဖြတ်၍
တောသတ္တဝါတို့သည်လည်း ဝိုင်းဖွဲ့စားကြပါ၏။
14ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်၊ ပြန်ကြွလာတော်မူပါ။
ကောင်းကင်ဘုံမှ အောက်သို့ကြည့်၍ ရှုမြင်တော်မူပါ။
15ဤစပျစ်ပင်တည်းဟူသော လက်ယာလက်တော်ဖြင့် စိုက်ပျိုးထားသောမျိုးခံပင်၊
ကိုယ်တော်တိုင်အတွက် သန်မာစေသောပျိုးပင်ကို အကြည့်အရှုကြွလာတော်မူပါ။
16ထိုအပင်သည် မီးရှို့ခြင်း၊ ခုတ်လှဲခြင်းခံရပါပြီ။
သူတို့သည် ရှေ့တော်၌ ဆုံးမခြင်းခံရ၍ ပျက်စီးကြရပါ၏။
17ကိုယ်တော်၏လက်တော်သည် ကိုယ်တော်၏လက်ယာဘက်၌ရှိသောလူတည်းဟူသော
ကိုယ်တော်တိုင်အတွက် ကြံ့ခိုင်စေတော်မူသော လူ့သားအပေါ် တည်ပါစေသော။
18သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကျောခိုင်းသွားကြတော့မည်မဟုတ်ပါ။
အကျွန်ုပ်တို့ကို ပြန်လည်ရှင်သန်စေတော်မူပါ။
ထိုအခါ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကိုခေါ်ကြပါမည်။
19ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။

လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 80: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: