ဆာလံကျမ်း 81
81
နာခံခြင်းရှိရန် နှိုးဆော်ခြင်း
ဂီတမှူးအတွက်၊ “ဂီတိ”သံစဉ်၊ အာသပ်၏ဆာလံ
1ငါတို့၏အစွမ်းသတ္တိဖြစ်တော်မူသော ဘုရားသခင်ထံ ရွှင်လန်းစွာသီချင်းဆိုကြလော့။
ယာကုပ်၏ဘုရားသခင်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
2တေးသီချင်းကိုသီဆို၍ ပတ်သာ၊ အသံသာယာသောစောင်းကောက်နှင့်
စောင်းပြားတို့ကို တီးခတ်ကြလော့။
3ငါတို့၏ပွဲနေ့တည်းဟူသော လဆန်းနေ့၊
လပြည့်နေ့၌ တံပိုးကိုမှုတ်ကြလော့။
4အကြောင်းမူကား ဤအရာသည် အစ္စရေးအတွက်ပြဋ္ဌာန်းချက်၊
ယာကုပ်၏ဘုရားသခင်၏စီရင်ထုံးဖွဲ့ချက်ဖြစ်၏။
5ကိုယ်တော်သည် အီဂျစ်ပြည်ကိုဆန့်ကျင်ရန် ကြွတော်မူသောအခါ
ထိုအရာကို ယောသပ်အမျိုးအတွက် သက်သေခံချက်အဖြစ် တည်စေတော်မူ၏။
ငါမသိမကျွမ်းသောဘာသာစကားကို ငါကြားရ၏။
6“ငါသည် ဝန်ထုပ်ကို သူ့ပခုံးပေါ်မှဖယ်ရှားပြီ။
သူ့လက်သည် ခြင်းတောင်းသယ်ရခြင်းမှ လွတ်မြောက်ပြီ။
7သင်သည် ဆင်းရဲဒုက္ခထဲမှခေါ်သောအခါ သင့်ကိုငါကယ်မခဲ့၏။
မမြင်နိုင်သောမိုးချုန်းသံကြားမှ သင့်ကိုငါထူးခဲ့၏။
မေရိဘစမ်းရေအနားတွင် သင့်ကို ငါစစ်ဆေးခဲ့၏။(စေလာ#81:7 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
8အို ငါ့လူမျိုးတော်၊ နားထောင်လော့။ ငါသည် သင့်ကိုသတိပေးမည်။
အို အစ္စရေးလူမျိုး၊ သင့်အား ငါ့စကားကိုနားထောင်စေလို၏။
9သင့်အထဲ၌ အခြားသောဘုရားမရှိရ။
တိုင်းတစ်ပါးသား၏ဘုရားကိုလည်း သင်မရှိခိုးမကိုးကွယ်ရ။
10ငါသည် သင့်ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
သင်၏ပါးစပ်ကိုကျယ်စွာဖွင့်လော့။ သင့်ကို ဝပြောစွာ ငါကျွေးမည်။
11သို့သော် ငါ့လူမျိုးတော်သည် ငါ့အသံကိုနားမထောင်ခဲ့ပေ။
အစ္စရေးလူမျိုးသည် ငါ့ကိုမနာခံခဲ့ပေ။
12သို့ဖြစ်၍ သူတို့သည် မိမိတို့၏အကျင့်အကြံအတိုင်း လျှောက်လှမ်းကြစေရန်
သူတို့နှလုံးသား၏မာကျောမှုလက်သို့ ငါအပ်လိုက်၏။
13ငါ့လူမျိုးတော်သည် ငါ့စကားကိုနားထောင်၍ အစ္စရေးလူမျိုးသည်
ငါ၏လမ်းအတိုင်းလျှောက်လှမ်းခဲ့လျှင်
14ငါသည် သူတို့၏ရန်သူများကို လျင်မြန်စွာရှုံးနိမ့်စေ၍
ငါ၏လက်ကို သူတို့၏ရန်သူများဘက်သို့ ပြန်လှည့်စေခဲ့ပေလိမ့်မည်။”
15ထာဝရဘုရားကို မုန်းသောသူတို့သည် ရှေ့တော်၌ ခယဝပ်တွားကြသော်လည်း
သူတို့အပြစ်ဒဏ်ခံရသောကာလသည် အစဉ်ထာဝရဖြစ်လိမ့်မည်။
16အစ္စရေးလူမျိုးကိုကား အကောင်းဆုံးသောဂျုံဆန်ဖြင့် ကိုယ်တော်ကျွေးမွေးတော်မူလိမ့်မည်။
“ငါသည် ကျောက်ဆောင်မှထွက်သောပျားရည်ဖြင့် သင့်ကိုဝပြောစေမည်။”
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 81: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: