ဆာလံကျမ်း 95
95
ဝတ်ပြုကိုးကွယ်ခြင်းနှင့်သတိပြုခြင်း
1လာကြ၊ ထာဝရဘုရားထံ ရွှင်လန်းစွာသီချင်းဆိုကြကုန်စို့။
ငါတို့၏ကယ်တင်ခြင်းကျောက်ဆောင်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြကုန်စို့။
2ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏ရှေ့တော်သို့ဝင်၍
တေးသီချင်းများဖြင့် ကိုယ်တော့်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြကုန်စို့။
3အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူသောဘုရားသခင်ဖြစ်တော်မူ၏။
ဘုရားရှိသမျှတို့ထက်ကြီးမြတ်တော်မူသော ရှင်ဘုရင်ဖြစ်တော်မူ၏။
4ကမ္ဘာမြေကြီး၏နက်ရှိုင်းရာအရပ်တို့သည် ကိုယ်တော်၏လက်တော်ထဲ၌ရှိကြ၏။
တောင်ထိပ်တို့ကိုလည်း ကိုယ်တော်ပိုင်တော်မူ၏။
5ကိုယ်တော်သည် ပင်လယ်ကိုဖန်ဆင်း၍ ပိုင်တော်မူ၏။
ကုန်းမြေကိုလည်း လက်တော်ဖြင့် ပုံဖော်ဖန်ဆင်းတော်မူ၏။
6လာကြ၊ ရှိခိုးကိုးကွယ်ကြစို့။ ညွတ်တွားကြကုန်စို့။
ငါတို့ကိုဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်စို့။
7အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။
ငါတို့သည်လည်း ကိုယ်တော်၏စားကျက်၌ ကျက်စားသောသူ၊
ကိုယ်တော်၏လက်တော်ထဲမှ သိုးစုဖြစ်ကြ၏။
ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင်
8မေရိဘအရပ်၌ကဲ့သို့လည်းကောင်း၊ တောကန္တာရရှိ မဿာအရပ်၌ရှိစဉ်ကကဲ့သို့လည်းကောင်း
သင်တို့၏စိတ်နှလုံးကို မမာကျောစေကြနှင့်။#ဟေဗြဲ 3:15၊ 4:7။
9ထိုအရပ်တွင် သင်တို့ဘိုးဘေးများသည် ငါပြုသော အမှုကို မြင်လျက်ပင်
ငါ့ကိုစမ်းသပ်၍စစ်ဆေးခဲ့ကြ၏။
10ငါသည် အနှစ်လေးဆယ်အတွင်း ထိုမျိုးဆက်ကိုစက်ဆုပ်၍
“သူတို့သည် စိတ်သဘောမှားယွင်းသောလူမျိုးဖြစ်ကြ၏။
ငါ၏လမ်းတို့ကိုလည်း မသိကြ”ဟု ဆို၏။
11ထို့ကြောင့် “သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”#ဟေဗြဲ 3:11,18၊ 4:3။ဟု
အမျက်တော်ဖြင့် ငါကျိန်ဆို၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 95: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative