YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 2

2
ဧဖက်အသင်းတော်အတွက် သတင်းစကား
1 ဧဖက်​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ မိမိ​လက်ယာ​လက်​တွင် ကြယ်​ခုနစ်​လုံး​ကို​ကိုင်​ထား​သော​သူ၊ ရွှေ​ဆီမီးခုံ​ခုနစ်​ခု​အလယ်​၌ သွားလာ​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။ 2သင်​၏​လုပ်ဆောင်​မှု​များ​မှစ၍ သင်​၏​ကြိုးပမ်း​အားထုတ်​မှု​နှင့် သည်းခံ​မှု​တို့​ကို#၁သက် 1:3။ငါ​သိ​၏။ သင်​သည် ဆိုးယုတ်​သော​သူ​တို့​ကို လက်​မ​ခံ​နိုင်​ကြောင်း​နှင့် မိမိတို့ကိုယ်ကို တမန်တော်​ဟု​ခေါ်ဆို​ကြ​သော်လည်း တမန်တော်​မ​ဟုတ်​သော​သူ​တို့​ကို စမ်းသပ်​စစ်ဆေး​၍ သူ​တို့​သည် လိမ်လည်​သော​သူ​များ​ဖြစ်​ကြ​သည်​ဟု သင်​တွေ့ရှိ​ကြောင်း​ကို​လည်း ငါ​သိ​၏။ 3သင်​သည် သည်းခံ​ခြင်း​ရှိ​လျက် ငါ​၏​နာမ​အတွက် အပင်ပန်း​ခံ​၍ အားလျော့​ခြင်း​မ​ရှိ​ခဲ့​ချေ။
4 သို့သော် သင့်​အား ငါ​အပြစ်​ဆို​စရာ​ရှိ​၏။ အကြောင်းမှာ သင်​သည် မိမိ​၏​ကနဦး​မေတ္တာ​ကို​စွန့်ခွာ​ခဲ့​ပြီ။ 5ထို့ကြောင့် သင်​သည် မည်သည့်​နေရာ​မှ​ကျဆင်း​ခဲ့​သည်​ကို သတိရ​လျက် နောင်တရ​ကာ ပထမ​ပြု​သော​အမှု​များ​ကို​ပြု​လော့။ ထိုသို့​မ​ပြု​ဘဲ နောင်တ​လည်း​မ​ရ​ပါက သင့်​ထံသို့​ငါ​လာ​၍ သင်​၏​ဆီမီးခုံ​ကို သူ့​နေရာ​မှ​ရွှေ့​လိုက်​မည်။ 6သို့ရာတွင် ဤ​တစ်ချက်​ကား သင်​၌​ရှိ​၏။ ငါ​မုန်း​သော နိကောလ​ဂိုဏ်းဝင်​များ​၏​လုပ်ဆောင်​မှု​တို့​ကို သင်​လည်း​မုန်း​၏။
7 ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ # မ 11:15၊ 13:9,43၊ မာ 4:9,23၊ 7:16၊ လု 8:8၊ 14:35၊ ဗျာ 2:11,17,29၊ 3:6,13,22၊ 13:9။ အောင်မြင်​သော​သူ​အား ဘုရားသခင်​၏​ပရဒိသု​ဘုံ​၌​ရှိ​သော အသက်​ပင်​၏​အသီး​ကို ငါ​စား​ခွင့်​ပေး​မည်။
စမုရနအသင်းတော်အတွက် သတင်းစကား
8 စမုရန​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အဦးဆုံး​နှင့်​နောက်ဆုံး​ဖြစ်​သူ၊ # ဗျာ 1:17၊ 21:6၊ 22:13၊ ဟေရှာ 41:4၊ 44:6၊ 48:12။ သေ​ခဲ့​သော်လည်း ပြန်၍​အသက်ရှင်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။ 9သင်​၏​ဒုက္ခ​ဝေဒနာ​နှင့်​ဆင်းရဲ​ခြင်း​တို့​ကို ငါ​သိ​၏။ အမှန်မှာ သင်​သည် ချမ်းသာ​၏။ မိမိတို့ကိုယ်ကို ဂျူး​လူမျိုး​ဖြစ်​သည်​ဟု​ဆို​ကြ​သော်လည်း ဂျူး​လူမျိုး​မ​ဟုတ်​ဘဲ စာတန်​၏​အသင်းဝင်​များ​ဖြစ်​ကြ​သော​သူ​တို့​ထံမှ သင်​ခံရ​သော​စော်ကား​ပြောဆို​ခြင်း​ကို​လည်း ငါ​သိ​၏။ 10သင်​ခံစား​ရ​တော့မည့် ဒုက္ခ​ဝေဒနာ​များ​ကို မ​ကြောက်​နှင့်။ ကြည့်ရှု​လော့။ သင်​သည် စမ်းသပ်​စစ်ဆေး​ခြင်း​ကို​ခံရ​မည့်​အကြောင်း မာရ်နတ်​သည် သင်​တို့​အထဲမှ အချို့​တို့​ကို ထောင်​ထဲ၌​ထည့်​ထား​တော့မည်။ သင်​တို့​သည် ဆယ်​ရက်​ပတ်လုံး ဆင်းရဲ​ဒုက္ခ​ကို​ခံ​ကြ​ရ​လိမ့်မည်။ အသေခံ​ရ​သည့်​တိုင်အောင် သစ္စာ​စောင့်​လော့။ သို့ပြုလျှင် အသက်​သရဖူ​ကို သင့်​အား ငါ​ပေး​မည်။
11 ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အပေါ် ဒုတိယ​သေ​ခြင်း​နှင့်ဆိုင်သော​ဘေးအန္တရာယ်​သည် မည်သည့်​အခါ​မျှ သင့်ရောက်​လိမ့်မည်​မ​ဟုတ်။
ပေရဂံအသင်းတော်အတွက် သတင်းစကား
12 ပေရဂံ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အသွား​နှစ်ဖက်​ပါ​သည့် ထက်​သော​သန်လျက်​ရှိ​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။ 13သင်​သည် မည်သည့်​အရပ်​၌​နေထိုင်​သည်​ကို ငါ​သိ​၏။ ထို​အရပ်​၌ စာတန်​၏​ပလ္လင်​ရှိ​၏။ ငါ​၌​သစ္စာ​ရှိ​သော ငါ​၏​သက်သေ​အန္တိပ​သည် စာတန်​နေထိုင်​ရာ​အရပ်​ဖြစ်​သော​သင်​တို့​ထံ၌ အသတ်​ခံရ​သည့်​အချိန်​၌​ပင် သင်​သည် ငါ​၏​နာမ​ကို​စွဲကိုင်​လျက် ငါ့​အပေါ်​ထား​သော​ယုံကြည်​ခြင်း​ကို မ​စွန့်ပယ်​ခဲ့​ချေ။
14 သို့သော် သင့်​အား ငါ​အပြစ်​ဆို​စရာ​အနည်းငယ်​ရှိ​၏။ အကြောင်းမူကား သင့်​ထံ​၌ ဗာလမ်​၏​အယူဝါဒ​ကို ခံယူ​ကျင့်သုံး​သော​သူ​များ​ရှိ​၏။ အစ္စရေး​အမျိုးသား​တို့​သည် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို​စား​ကြ​ရန်​လည်းကောင်း၊ တရားနှင့်မညီ​မေထုန်​ပြု​ကြ​ရန်​လည်းကောင်း သူ​တို့​ရှေ့​၌​မှားယွင်း​စေ​သော​အရာ​ကို​ချထား​မည့်​အကြောင်း ဗာလမ်​သည် ဗာလက်​မင်း​အား သင်ပေး​၏။ 15ထိုနည်းတူ သင်​တို့​၌ နိကောလ​ဂိုဏ်းဝင်​များ​၏​အယူဝါဒ​ကို ခံယူ​ကျင့်သုံး​သော​သူ​များ​လည်း​ရှိ​ကြ​၏။ 16ထို့ကြောင့် နောင်တရ​လော့။ သို့မဟုတ်လျှင် ငါ​သည် သင့်​ထံသို့​အလျင်အမြန်​လာ​၍ ငါ့​ခံတွင်း​မှ​သန်လျက်​ဖြင့် သူ​တို့​ကို​တိုက်ခိုက်​မည်။
17 ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဝှက်​ထား​သော​မန္န​ကို ငါ​ပေး​မည်။ ဖြူ​သော​ကျောက်​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ပေါ်၌ ၎င်း​ကို​ခံယူ​ရရှိ​သူ​မှတစ်ပါး မည်သူမျှ​မ​သိ​သော နာမည်​အသစ်​ကို​ရေး​ထား​၏။
သွာတိရအသင်းတော်အတွက် သတင်းစကား
18 သွာတိရ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ မီးလျှံ​ကဲ့သို့သော​မျက်စိ​နှင့် တောက်ပ​သော​ကြေးဝါ​နှင့်​တူ​သော​ခြေ​ရှိ​သည့် ဘုရားသခင်​၏​သား​တော်​က ဤသို့​မိန့်​တော်မူ​၏။ 19သင်​၏​လုပ်ဆောင်​မှု​များ​မှစ၍ သင်​၏​ချစ်​ခြင်း၊ ယုံကြည်​ခြင်း၊ အမှု​တော်​ဆောင်​ခြင်း​နှင့် သည်းခံ​ခြင်း​တို့​ကို ငါ​သိ​၏။ သင်​၏​နောက်ပိုင်း​လုပ်ဆောင်​မှု​များ​သည် ကနဦး​လုပ်ဆောင်​မှု​များ​ထက် သာလွန်​ကြောင်း​ကို​လည်း ငါ​သိ​၏။
20 သို့သော် သင့်​အား ငါ​အပြစ်​ဆို​စရာ​ရှိ​၏။ အကြောင်းမှာ သင်​သည် မိမိကိုယ်ကို​ပရောဖက်မ​ဟု​ခေါ်​သော ထို​မိန်းမ​ယေဇဗေလ​ကို ပြု​လို​ရာ​ပြု​ခွင့်ပေး​ထား​သဖြင့် သူ​သည် ငါ​၏​အစေအပါး​တို့​အား တရားနှင့်မညီ​မေထုန်​ပြု​ကြ​ရန်​နှင့် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို​စား​ကြ​ရန် သွန်သင်​လျက် သူ​တို့​ကို​လှည့်ဖြား​နေ​၏။ 21ငါ​သည် သူ့​အား နောင်တရ​ရန်​အချိန်​ပေး​ခဲ့​သော်လည်း သူ​သည် မိမိ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အတွက် နောင်တရ​လို​သော​စိတ်​မ​ရှိ။ 22ကြည့်ရှု​လော့။ ငါ​သည် သူ့​ကို အိပ်ရာ​ပေါ်တွင်​လဲ​စေ​မည်။ သူ​နှင့်​အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သော​သူ​တို့​ကို​လည်း မိမိ​ပြု​သော​အမှု​များ​အတွက်​နောင်တ​မ​ရ​ပါက ကြီးစွာ​သော​ဆင်းရဲ​ဒုက္ခ​သို့​ရောက်​စေ​မည်။ 23သူ​၏​သားသမီး​တို့​ကို​လည်း သေ​ဘေး​ဖြင့် ငါ​အဆုံး​စီရင်​မည်။ ထိုအခါ ငါ​သည် စိတ်နှလုံး​နှင့် အတွင်း​သဘော​ကို စူးစမ်း​သော​သူ​ဖြစ်​ကြောင်း အသင်းတော်​အားလုံး​သိ​ရ​ကြ​လိမ့်မည်။ သင်​တို့​အသီးသီး​ကို​လည်း မိမိ​တို့​ပြု​သော​အမှု​များ​နှင့်အညီ အကျိုး​အပြစ်​ကို ငါ​ပေး​မည်။#ဆာ 7:9၊ 62:12၊ ယေ 17:10။ 24သို့သော် ထို​မိန်းမ​၏​အယူဝါဒ​ကို​မ​ခံယူ၊ စာတန်​၏​နက်နဲ​သော​အရာ​ဟု သူ​တို့​ခေါ်ဝေါ်​သော​အရာ​များ​ကို​မ​သိ​သော သွာတိရ​မြို့​မှ ကျန်ရှိ​သူ​အပေါင်း​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အပေါ်၌ အခြား​သော​ဝန်ထုပ်ဝန်ပိုး​ကို ငါ​မ​တင်။ 25သင်​တို့​၌​ရှိ​သော​အရာ​ကို​သာ ငါ​ကြွလာ​သည့်​တိုင်အောင် စွဲကိုင်​ထား​ကြ​လော့။
26 အောင်မြင်​သော​သူ​နှင့် ငါ​၏​အမှု​ကို အဆုံး​တိုင်အောင်​စောင့်ထိန်း​သော​သူ​အား လူမျိုး​တကာ​တို့​ကို​အုပ်စိုး​ရ​သော​အခွင့်​ကို ငါ​ပေး​မည်​။ 27သူ​သည် မြေ​အိုး​များ​ကို​ကြေမွ​စေ​သကဲ့သို့ သံ​လှံတံ​ဖြင့် သူ​တို့​ကို​အုပ်ထိန်း​လိမ့်မည်။#ဗျာ 19:15၊ ဆာ 2:9။ဤသည်ကား ငါ​ကိုယ်တိုင် ငါ့​ခမည်းတော်​ထံမှ​ရရှိ​သော​အုပ်စိုး​ခွင့်​နှင့်တူ​၏။ 28ငါ​သည် မိုးသောက်​ကြယ်​ကို​လည်း ထို​သူ​အား ပေး​မည်။ 29ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ်ကျမ်း 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ