YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိအနာဂတ္တိကျမ်း 9

9
ဇိအုန်၏ရန်သူတို့ကို စီရင်ခြင်း
1ထာဝရဘုရား​၏​ဗျာဒိတ်​စကား​သည် ဟာဒရက်​ပြည်​ကို ဆန့်ကျင်​၍ ဗျာဒိတ်​တော်​တည်​ရာ ဒမတ်စကပ်​မြို့​အပေါ်​သို့ သက်ရောက်​၏​။ အကြောင်းမူကား အစ္စရေး​အမျိုးအနွယ်​အပါအဝင် လူ​အပေါင်း​တို့​သည် ထာဝရဘုရား​ကို မျှော်ကြည့်​ကြ​၏​။ 2ထို​မြို့​နှင့်​နယ်နိမိတ်​ထိစပ်​သော​ဟာမတ်​မြို့​အပေါ်​သို့​လည်း သက်ရောက်​၏​။ တိုင်ရာ​မြို့​နှင့် ဆီဒုန်​မြို့​တို့​သည် အလွန်​ဉာဏ်ပညာရှိ​သောကြောင့် ထို​မြို့​တို့​အပေါ်​သို့ သက်ရောက်​လေ​၏​။ 3တိုင်ရာ​မြို့​သည် ခံတပ်​ကို​တည်​၍ ငွေ​တို့​ကို​မြေမှုန့်​ကဲ့သို့​လည်းကောင်း​၊ ရွှေ​တို့​ကို​လမ်း​ပေါ်မှ​ရွှံ့​ကဲ့သို့​လည်းကောင်း စုပုံ​ထား​ကြ​၏​။ 4ကြည့်ရှု​လော့​။ ဘုရားရှင်​သည် သူ​ပိုင်ဆိုင်​သမျှ​ကို​သိမ်းပိုက်​၍ သူ့​အစွမ်း​ကို ပင်လယ်ပြင်​တွင် ဖျက်ဆီး​တော်မူ​မည်​။ မီး​ဖြင့် လောင်ကျွမ်း​စေ​တော်မူ​မည်​။ 5အာရှကေလုန်​မြို့​သည်​မြင်​၍ ကြောက်ရွံ့​လိမ့်မည်​။ ဂါဇ​မြို့​သည်​လည်း အလွန်​တုန်လှုပ်​လိမ့်မည် ဧကြုန်​သည်​လည်း မျှော်လင့်ရာမဲ့​အရှက်တကွဲ ဖြစ်​လိမ့်မည်​။ ဂါဇ​ဘုရင်​သည် ကွပ်မျက်​ခံရ​၍ အာရှကေလုန်​မြို့​သည် နေထိုင်​သူ​မ​ရှိ ဖြစ်​လိမ့်မည်​။ 6“အာဇုတ်​မြို့​တွင် မျိုးမစစ်​သော​သူ​တို့ နေထိုင်​ကြ​လိမ့်မည်​။ ဖိလိတ္တိ​လူမျိုး​တို့​၏​မာန​ကို ငါ​ချိုးဖျက်​မည်​။ 7သူ​တို့​၏​ခံတွင်း​ထဲမှ​အသွေး​နှင့် သူ​တို့​သွား​ကြား​မှ​စက်ဆုပ်ဖွယ်​ရာ​များ​ကို ငါ​ဖယ်ရှား​မည်​။ ကြွင်းကျန်​သော​သူ​တို့​သည် ငါ​တို့​၏​ဘုရားသခင်​အဖို့ ဖြစ်​၍ ယုဒ​အမျိုး​၌​ခေါင်းဆောင်​ကဲ့သို့ ဖြစ်​မည်​။ ဧကြုန်​လူမျိုး​သည်​လည်း ယေဗုသိ​လူမျိုး​ကဲ့သို့​ဖြစ်​မည်​။ 8ငါ့​အိမ်​တော်​၌ ကျူးကျော်​ဝင်ရောက်​သူ​မ​ရှိ​အောင် ကင်းစောင့်​ချ​ထား​မည်​။ ငါ​ကိုယ်တိုင်​စောင့်ကြည့်​မည်​ဖြစ်၍ ညှဉ်းဆဲ​တတ်​သော​သူ​တို့ နောက်တစ်ဖန် မ​ကျူးကျော်​ရ​။
ဇိအုန်ဘုရင်၏ကြွလာခြင်း
9အို ဇိအုန်​သမီးပျို​၊ အားရ​ရွှင်လန်း​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​လော့​။ ကြည့်ရှု​လော့​။ သင်​၏​ရှင်ဘုရင်​သည် သင့်​ထံသို့ ကြွလာ​ပြီ​။ သူ​သည် ဖြောင့်မတ်​သော​အရှင်​၊ ကယ်တင်​ပိုင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ နှိမ့်ချ​သော​အရှင်​လည်း​ဖြစ်​တော်မူ​၏​။ မြည်းမ​၏​သားငယ် မြည်းကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏​။ 10ဧဖရိမ်​ပြည်​၏​စစ်ရထား​၊ ဂျေရုဆလင်​မြို့​၏​မြင်း​တို့​ကို ငါ​ဖယ်ရှား​ပစ်​မည်​။ စစ်​လေးလက်နက်​တို့​သည်​လည်း ကျိုးပဲ့​ကုန်​လိမ့်မည်​။ ရှင်ဘုရင်​သည် လူမျိုးတကာ​တို့​ကို ငြိမ်းချမ်းရေး​သတင်းစကား​ပြောကြား​လိမ့်မည်​။ သူ​၏​အုပ်စိုးမှု​အာဏာစက်​သည် တစ်​ပင်လယ်​မှ တစ်​ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ ယူဖရေးတီး​မြစ်#9:10 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​မှ မြေကြီး​စွန်း​တိုင်အောင်​လည်းကောင်း ရောက်​လိမ့်မည်​။ 11သင်​နှင့်​ဖွဲ့​သော​အသွေး​တော်​ပဋိညာဉ်​ကြောင့် ရေ​မ​ရှိ​သော​တွင်း​ထဲတွင်​နေ​ရ​သော​အကျဉ်းသား​တို့​ကို ငါ​လွှတ်ပေး​မည်​။ 12မျှော်လင့်စရာ​ရှိ​သော အကျဉ်းသား​တို့​၊ ခံတပ်​သို့​ပြန်လာ​ကြ​လော့​။ သင်​တို့​ကို နှစ်ဆ​သော​အကျိုး​ပေး​မည်​ဟု ယနေ့​ပင် ငါ​ဆို​ပြီ​။ 13ငါ​သည် ယုဒ​ကို လေးသဖွယ် တင်​မည်​၊ ဧဖရိမ်​ကို မြားသဖွယ် ပြု​မည်​။ အို ဇိအုန်​၊ သင့်​သား​တို့​ကို ငါ​နှိုးဆော်​မည်​။ အို ဂရိ​၊ သင့်​သား​တို့​ကို ငါ​ဆန့်ကျင်​မည်​။ သင့်​ကို စစ်သူရဲ​၏​ဓား​သဖွယ် ဖြစ်​စေ​မည်​။” 14ထာဝရဘုရား​သည် မိမိကိုယ်ကို ထင်ရှား​တော်မူ​မည်​။ ကိုယ်တော်​၏​မြား​တော်​သည် လျှပ်ပြက်​သကဲ့သို့ ထွက်သွား​လိမ့်မည်​။ ဘုရားရှင်​ထာဝရဘုရား​သည် တံပိုး​ကို​မှုတ်​လျက် တောင်ဘက်​မှ​မုန်တိုင်း​နှင့်အတူ ကြွချီ​တော်မူ​မည်​။ 15ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သူ​တို့​ကို​ကွယ်ကာ​တော်မူ​မည်​။ သူ​တို့​သည် လောက်စာလုံး​တို့​ကို ဖျက်ဆီး​၍ ချေပစ်​မည်​။ စပျစ်ဝိုင်​သောက်​၍ မူးယစ်​သော​သူ​ကဲ့သို့ အော်ဟစ်ကြိမ်းမောင်း​ကြ​လိမ့်မည်​။ အင်တုံ​ကဲ့သို့​လည်းကောင်း​၊ ယဇ်ပလ္လင်​ထောင့်စွန်း​ကဲ့သို့​လည်းကောင်း ပြည့်လျှံ​ကြ​လိမ့်မည်​။ 16ထို​နေ့ရက်​၌ သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို သိုးစု​သဖွယ်​ကယ်တင်​လိမ့်မည်​။ သူ​တို့​သည် ကျောက်မျက်​သရဖူ​ကဲ့သို့ ပြည်​တော်​၌ ထွန်းတောက်​ကြ​လိမ့်မည်​။ 17မည်မျှ​ကောင်းမြတ်​ပါ​သနည်း​။ မည်မျှ​တင့်တယ်​ပါ​သနည်း​။ လူပျို​အပျို​တို့​သည် ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ကြောင့် ကြီးပွားတိုးတက်​ကြ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဇာခရိအနာဂတ္တိကျမ်း 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ