YouVersion လိုဂို
ရှာရန် အိုင်ကွန်

က~မ္ဘာ~ဦး~ကျမ်း။ 30

30
1ရာ ခေ လ သည် သား မ ရ ကြောင်း သိ သည် နှင့် အစ် မ ကို ငြူ စူ သော စိတ် ရှိ၍ ကျွန် မ အား သား ကို ပေး ပါ။ မ ရ လျှင် သေ တော့ အံ့ ဟု ယာ ကုပ် အား လျှောက် ဆို သော်၊ 2ယာ ကုပ် က၊ သင့် အား သား ရ ခွင့် ပေး တော် မ မူ သော ဘု ရား သ ခင်၏ အ စား၊ ငါ ဖြစ် သ လော ဟု ရာ ခေ လ ကို ဒေါ သ မီး လောင်၍ ပြန် ဆို ၏။ 3ရာ ခေ လ က လည်း ကျွန် မ ၌ ကျွန် မိန်း မ ဗိ လ ဟာ ရှိ ပါ ၏။ သူ့ ထံ ၀င် ပါ။ ကျွန် မ ဒူး ပေါ် မှာ သူ သား ဖွား သ ဖြင့် ကျွန် မ သား ရ လိမ့် မည် ဟု ဆို လျက်၊ 4အ ငယ် အ နှောင်း ထား စေ ရန် ကျွန် မိန်း မ ဗိ လ ဟာ ကို ယာ ကုပ် သို့ အပ် နှင်း သည့် အ လျောက်၊ 5ယာ ကုပ် ထွက် ၀င် သ ဖြင့် ဗိ လ ဟာ သ န္ဓေ ရ၍ သား ယောက်ျား ကို ဖွား မြင် သော် ရာ ခေ လ က၊ ဘု ရား သ ခင် သည် ငါ့ ဘက်၌  #30.5 ပါ ဠိ - ဒန် ဟူ သော အ မည် နှင့် ညီ ၏။စီ ရင် တော် မူ ပြီ။ 6ငါ လျှောက် ချက် ကို နား ညောင်း၍ သား ကို ပေး သ နား တော် မူ ပြီ ဟု ဆို လျက် ဒန် အ မည် ဖြင့် မှည့် လေ ၏။ 7တစ် ဖန် ရာ ခေ လ ကျွန် မိန်း မ ဗိ လ ဟာ သည် ယာ ကုပ် ဖြင့် သ န္ဓေ ရ ပြန်၍ ဒု တိ ယ သား ယောက်ျား ကို ဖွား မြင် သော်၊ 8ရာ ခေ လ က၊ ငါ သည် အစ် မ နှင့် အား ကြီး စွာ#30.8 ပါ ဠိ - နဿ လိ ဟူ သော အ မည် နှင့် ညီ ၏။ပြိုင်၍ နိုင် ခဲ့ ပြီ ဟု ဆို လျက် နဿ လိ အ မည် ဖြင့် မှည့် လေ ၏။ 9လေ အာ သည် သား ပြတ်၍ မ ဖွား ကြောင်း သိ မြင် သော အ ခါ ကျွန် မိန်း မ ဇိ လ ပ ကို ခေါ် လျက် အ ငယ် အ နှောင်း ထား စေ ရန် ယာ ကုပ် သို့ အပ် နှင်း သည် ဖြစ်၍၊ 10၎င်း ကျွန် မိန်း မ ဇိ လ ပ လည်း သား ယောက်ျား ကို ဖွား မြင် သော်၊#30.10 ပါ ဠိ - ဂဒ် ဟူ သော အ မည် နှင့် ညီ ၏။ 11လေ အာ က၊ အ ကြောင်း ကောင်း ပြီ ဟု ဆို လျက် ဂဒ် အ မည် ဖြင့် မှည့် လေ ၏။ 12တစ် ဖန် လေ အာ့ ကျွန် မိန်း မ ဇိ လ ပ သည် ယာ ကုပ် ဖြင့် ဒု တိ ယ သား ယောက်ျား ကို ဖွား မြင် သော်၊ 13လေ အာ က၊ ငါ ၌#30.13 ပါ ဠိ - အာ ရှာ ဟူ သော အ မည် နှင့် ညီ ၏။မင်္ဂ လာ ရှိ ပြီ။ လူ့ သ မီး တို့ သည် ငါ့ ကို မင်္ဂ လာ ရှိ သူ ဟူ၍ ခေါ် ဝေါ် ကြ လိမ့် မည် ဟု ဆို လျင် အာ ရှာ အ မည် ဖြင့် မှည့် လေ ၏။ 14ဂျုံ စ ပါး ကို ရိတ် သိမ်း ချိန် ကာ လ၌ ရု ဗင် သည် ဂျုံ ခင်း သို့ သွား ရာ အ နု ဆေး သီး ကို တွေ့၍ အ မိ လေ အာ့ ထံ ဆောင် ခဲ့ လေ ၏။ 15ရာ ခေ လ က လည်း၊ သင့် သား ရ ခဲ့ သော အ နု ဆေး သီး အ ချို့ ကို ပေး ပါ ဟု လေ အာ ကို တောင်း လျှင်၊ လေ အာ က၊ ငါ့ လင် ကို သင် ယူ သော အ မှု သည် အ မှု ငယ် ဟု ထင် သ ဖြင့် ငါ့ သား၏ အ နု ဆေး သီး ကို ပင် ယူ လို သေး သ လော ဟု ဆို လေ သော် ရာ ခေ လ က၊ သင့် သား၏ အ နု ဆေး သီး အ စား ယ နေ့ ညဉ့် တွင် လင် သည် သင် နှင့် အိပ် ပါ လိမ့် မည် ဟု ဆို ၏။ 16ည နေ အ ချိန် ဂျုံ ခင်း မှ ယာ ကုပ် ပြန် လာ သော အ ခါ လေ အာ သည် ထွက်၍ ကြို ဆို ပြီး လျှင် ကျွန် မ ထံ အ မောင်၀င် ရ မည်။ ကျွန် မ သား၏ အ နု ဆေး သီး အ ခ နှင့် အ မောင် ကို ကျွန် မ မု ချ ငှါး ရ ပါ သည် ဟု ဆို သည့် အ တိုင်း ထို ညဉ့် တွင် သူ နှင့် အိပ် ရ လေ ၏။ 17လေ အာ လျှောက် ချက် ကို ဘု ရား သ ခင် နား ညောင်း တော် မူ သ ဖြင့် သူ သည် ယာ ကုပ် ဖြင့် သ န္ဓေ ရ၍ ပ ဥ္စ မ သား ကို ဖွား မြင် လေ သော်၊ 18ငါ့ ကျွန် မိန်း မ ကို လင် သို့ အပ် နှင်း သည့် အ တွက် ဘု ရား သ ခင် သည် ငါ အား#30.18 ပါ ဠိ - ဣ သ ခါ ဟူ သော အ မည် နှင့် ညီ ၏။အ ခ ကို ပေး တော် မူ ပြီ ဟု ဆို လျက် ဣ သ ခါ အ မည် ဖြင့် မှည့် လေ ၏။ 19တစ် ဖန် လေ အာ သည် ယာ ကုပ် ဖြင့် သ န္ဓေ ရ ပြန် ၍ ဆ ဌ မ သား ယောက်ျား ကို ဖွား မြင် လေ သော်၊ 20လေ အာ က၊ ဘု ရား သ ခင် သည် ကောင်း မွန် စွာ လက် ဖွဲ့ တော် မူ ပြီ။ သား ခြောက် ယောက် ကို ငါ ဖွား မြင် သော ကြောင့် လင် သည် ယ ခု ငါ ကို #30.20 ပါ ဠိ - ဇာ ဗု လုန် ဟူ သော အ မည် နှင့် ညီ ၏။ဂုဏ် ရောက် စေ မည် ဟု ဆို လျက် ဇာ ဗု လုန် အ မည် ဖြင့် မှည့် လေ ၏။ 21ထို နောက် သား မိန်း မ ကို လည်း ဖွား မြင် ၍ ဒိ န အ မည် ဖြင့် မှည့် လေ ၏။
22ဘု ရား သ ခင် သည် ရာ ခေ လ ကို သ တိ ရ လျက် သူ့ လျှောက် ချက် ကို နား ညောင်း၍ သား ဆု ပေး သ နား တော် မူ သ ဖြင့်၊ 23သူ သ န္ဓေ ရ၍ သား ယောက်ျား ကို ဖွား မြင် လျှင် ငါ၌ ကဲ့ ရဲ့ ရာ အ ကြောင်း ကို ဘု ရား သ ခင်#30.23 ပါ ဠိ - ယော သပ် ဟူ သော အ မည် နှင့် ညီ ၏။နုတ် ပယ် တော် မူ သည် ဟူ ၍ လည်း ကောင်း၊ 24အ ခြား သား ကို ထာ၀ ရ ဘု ရား  #30.24 ပါ ဠိ - ယော သပ် ဟူ သော အ မည် နှင့် ညီ ၏။ထပ်၍ ပေး သ နား တော် မူ ပါ စေ သော ဟူ ၍ လည်း ကောင်း ဆို လျက် ယော သပ် အ မည် ဖြင့် မှည့် လေ ၏။
25သား ယော သပ် ကို ရာ ခေ လ ဖွား မြင် ပြီး နောက် ယာ ကုပ် က၊ ကျွန် တော် အား နေ ရင်း ပြည် သို့ ပြန် သွား ခွင့် ပြု ပါ။ 26ကျွန် တော် အ စေ ခံ ခြင်း ဖြင့် ရ သော သား မ ယား တို့ ကို ကျွန် တော် အား အပ် နှင်း ၍ သွား ပါ ရ စေ။ ကျွန် တော် အ စေ ခံ ခဲ့ သည့် အ ကြောင်း ကို ဦး ရီး သိ ပါ သည် ဟု လာ ဗန် အား လျှောက် ဆို လျှင်၊ 27လာ ဗန် က၊ သင့် စိတ် နှင့် တွေ့ လျှင် ဆိုင်း လင့် ပါ ဦး။ ထာ၀ ရ ဘု ရား သည် သင့် အ တွက် ကြောင့် ငါ့ အား ကောင်း ကြီး ပေး တော် မူ ကြောင်း ငါ သိ မြင် ပြီ။ 28ရ လို သော အ ခ ကို ပြော ပါ။ ငါ ပေး မည် ဟု ဆို လေ သော်၊ 29ကျွန် တော် သည် ဦး ရီး ထံ မည် သို့ အ စေ ခံ​ ကြောင်း ကို လည်း ကောင်း၊ သိုး ဆိတ် များ လည်း ကျွန် တော့် လက်၌ မည် သို့ ရှိ နေ ကြောင်း ကို လည်း ကောင်း ဦး ရီး သိ ပါ ၏။ 30ကျွန် တော် မ ရောက် မီ ဦး ရီး ဥ စ္စာ နည်း ပါး သော် လည်း တိုး ပွား၍ ယ ခု များ ပြား လျက် ရှိ၏။ ကျွန် တော် သွား​ လေ ရာ ရာ၌ ထာ ဝ ရ ဘုရား သည် ဦး ရီး အား ကောင်း ကြီး ပေး တော် မူ ပြီ။ ကျွန် တော် မှာ လည်း ကိုယ့် အိမ် ထောင် အ ဖို့ မည် သည့် ကာ လ ဆည်း ပူး ရ အံ့ နည်း ဟု လျှောက် လျှင်၊ 31မည် မျှ ပေး ရ မည် နည်း ဟု လာ ဗန် မေး ပြန် သော် ယာ ကုပ် က၊ မည် သည့် အ ရာ ကို မျှ မ ပေး ပါ နှင့်။ ကျွန် တော် လျှောက် ထား မည့် အ တိုင်း ပြု မည် ဖြစ် ပါ လျှင် ဦး ရီး သိုး ဆိတ် များ ကို ဆက် လက် ထိန်း ကျောင်း ပါ ဦး မည်။ 32ယ နေ့ ပင် ကျွန် တော် သည် သိုး ဆိတ် ရှိ သ မျှ အ လယ် တွင်လျှောက် သွား လျက် အ ပြောက်၊ အ ကွက်၊ အ ညို ရှိ သော သိုး များ ကို လည်း ကောင်း၊ အ ကွက်၊ အ ပြောက် ရှိ သော ဆိတ် များ ကို လည်း ကောင်း ရွေး ချယ် ခွဲ ထား ပါ မည်။ ထို သို့ သော သိုး ဆိတ် များ သည် ကျွန် တော့် အ ခ ဖြစ် ပါ စေ။ 33နောင် ကာ လ၌ ကျွန် တော့် အ ခ ကို ဦး ရီး လာ ရောက် ကြည့် ရှု သော အ ခါ ကျွန် တော့် ဖြောင့် မတ် ခြင်း သည် ကျွန် တော့် အ ကြောင်း သက် သေ ခံ ပါ လိမ့် မည်။ အ ကွက် အ ပြောက် မ ရှိ သော ဆိတ်၊ မ ညို သော သိုး များ တွေ့ ရှိ ခဲ့ လျှင် ကျွန် တော် ခိုး ယူ ကြောင်း မှတ် ပါ လော့ ဟု လျှောက် ဆို ၏။ 34လာ ဗန် က လည်း သင် ပြော တိုင်း ဖြစ် စေ လော့ ဟု ၀န် ခံ ၍၊ 35ထို နေ့ ၌ ပင် အ မွေး ဖြူ ပါ လျက် အ ပြောက် အ ကျား ရှိ သော ဆိတ် ထီး၊ အ ကွက် အ ပြောက် ရှိ သော ဆိတ် မ ရှိ သ မျှ နှင့် ညို သော သိုး ရှိ သ မျှ တို့ ကို ရွေး ချယ် ခွဲ ထား၍ သား တို့ လက် သို့ အပ် ပေး ပြီး လျှင်၊ 36ကိုယ့် နေ ရာ နှင့် ယာ ကုပ် နေ ရာ ကို သုံး ရက် ခ ရီး အ ကွာ ထား၍ ယာ ကုပ် သည် လာ ဗန် ၏ ကြွင်း သော သိုး ဆိတ် များ ကို ကျောင်း လျက် နေ လေ ၏။
37ထို အ ခါ ယာ ကုပ် သည် စိမ်း လန်း သော ညောင် ပင်၊ ဗာ တံ ပင်၊ ပိုး စာ ပင် များ မှ လှံ တံ များ ကို ခုတ်၍၊ 38အ ဖြူ စင်း ပေါ် အောင် အ ခွံ ကို လှီး ခွာ ပြီး လျှင် သိုး ဆိတ် များ ရေ သောက် လာ သော အ ခါ မိတ် လိုက် တတ် သည် ဖြစ် ၍ အ ခွံ လှီး ခွာ ခဲ့ သော လှံ တံ များ ကို ရေ တိုက် စား ခေါင်း များ တွင် ၎င်း တို့ ရှေ့ စိုက် ထား သည့် အ တိုင်း၊ 39သိုး ဆိတ် တို့ သည် ထို လှံ တံ များ ရှေ့ မိတ် လိုက်၍၊ အ ပြောက်၊ အ ကွက်၊ အ ကျား ရှိ သော သား ငယ် တို့ ကို ပေါက် ဖွား ကြ ၏။ 40ယာ ကုပ် သည် ၎င်း သား ငယ် များ ကို ခွဲ ထား၍ လာ ဗန့် သိုး ဆိတ် များ အ နက် အ ညို၊ အ ကျား ရှိ သ မျှ တို့ ရှေ့ မှာ သိုး ဆိတ် များ ကို မျက် နှာ ချင်း ဆိုင် စေ ၏။ ကိုယ့် သိုး ဆိတ် များ ကို လည်း သီး သန့် ခွဲ ထား၍ လာ ဗန့် သိုး ဆိတ် များ နှင့် မ ရော မ နှော စေ ရ။ 41အား ကြီး သော အ ကောင် တို့ မိတ် လိုက် သော အ ခါ ယာ ကုပ် သည် လှံ တံ ထား ရာ ပတ် ၀န်း ကျင် တွင် မိတ် လိုက် စေ လို၍ သူ တို့ မြင် သာ အောင် လှံ တံ များ ကို ရေ တိုက် စား ခေါင်း တွင် ထား လေ့ ရှိ ၏။ 42အား နည်း သော အ ကောင် တို့ ရှေ့ မှာ မူ ကား ထို လှံ တံ များ ကို မ ပြ မ ထား။ ထို​ ကြောင့် အား နည်း သော အ ကောင် တို့ မှာ လာ ဗန့် အ ပိုင်၊ အား ကြီး သော အ ကောင် တို့ မှာ ကား ယာ ကုပ် အ ပိုင် ဖြစ် ကုန် ၏။ 43ထို သို့ ယာ ကုပ် သည် အ လွန် စီး ပွား တိုး တက် ၍ သိုး၊ ဆိတ်၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ၊ ကု လား အုပ်၊ မြည်း များ နှင့် ပြည့် စုံ သ တည်း။

လက်ရှိရွေးချယ်ထားမှု

က~မ္ဘာ~ဦး~ကျမ်း။ 30: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ