ရှင်~လု~ကာ 16
16
1တ ပည့် တော် တို့ အား လည်း ကိုယ် တော် က သူ ဌေး တစ် ဦး၌ ရှိ သော ဘ ဏ္ဍာ စိုး သည် သ ခင့် ဥ စ္စာ များ ကို အ လွဲ သုံး စား သည် ဟု စွဲ ဆို ချက် ရှိ သော ကြောင့်၊ 2သူ ဌေး ခေါ်၍ သင့် အ ကြောင်း ငါ ကြား ရ သည် ကား အ သို့ နည်း။ ဘ ဏ္ဍာ စိုး ရာ ထူး နှင့် ဆိုင် သော ငွေ စာ ရင်း ကို ရှင်း ပြ လော့။ ဆက် လက်၍ ဘ ဏ္ဍာ စိုး မ လုပ် ရ ဟု ဆို၏။ 3ထို အ ခါ ဘ ဏ္ဍာ စိုး သည် ရာ ထူး ကို ငါ့ အ ရှင် ချ မည် ဖြစ်၍ မည် သို့ ငါ ပြု ရ အံ့ နည်း။ တူး ဆွ ရန် မ စွမ်း၊ တောင်း စား ရန် လည်း ရှက်၏။ 4ငါ့ ကို ရာ ထူး မှ ထုတ် လိုက် သည့် ကာ လ အိမ် တွင် လက် ခံ ကြ စေ ရန် မည် သို့ ပြု ရ မည် ကို အ ကြံ ရ ပြီ ဟု အောက် မေ့ လျက်၊ 5အ ရှင်၏ မြီ စား တို့ ကို တစ် ယောက် စီ ခေါ်၍ တစ် ယောက် အား ကျွန်ုပ် အ ရှင့် ထံ သင် ဆပ် ရန် မည် မျှ ရှိ သ နည်း ဟု မေး မြန်း ရာ ဆီ ချိန် ခွက် နှစ် ထောင် ရှိ ပါ သည် ဟု ပြန် ဆို သော်၊ 6စာ ချုပ် ကို ယူ ပြီး လျှင် အ မြန် ထိုင် လျက် ခွက် တစ် ထောင် ရေး တော့ ဟူ၍ လည်း ကောင်း၊ 7တစ် ယောက် အား သင် ဆပ် ရန် မည် မျှ ရှိ သ နည်း ဟု မေး မြန်း ရာ ဂျုံ စ ပါး တင်း ရေ တစ် ထောင် ရှိ ပါ သည် ဟု ပြန် ဆို သော် စာ ချုပ် ကို ယူ ပြီး လျှင် ရှစ် ရာ ရေး တော့ ဟူ၍ လည်း ကောင်း ဆို သ တည်း။ 8ဤ လော က သား တို့ သည် လူ မျိုး ချင်း တို့ နှင့် စပ် လျဉ်း ၍ အ လင်း၏ သား တို့ ထက် လိ မ္မာ ကြ သည့် အ လျောက် လိ မ္မာ စွာ ပြု သော မ ဖြောင့် မတ် သူ ထို ဘ ဏ္ဍာ စိုး ကို သူ့ အ ရှင် ချီး မွမ်း လေ စွ။ 9သို့ နှင့် အ ညီ သင် တို့ အား ငါ ဆို သည် ကား မ ဖြောင့် မတ် ခြင်း ဆိုင် ရာ ဓ န အား ဖြင့် မိတ် ဖွဲ့ ကြ လော့။ သို့ မှ ထို ဓ န ကုန် ခန်း သော် သင် တို့ ကို ထာ ဝ ရ တည်း ခို ရာ များ သို့ လက် ခံ ကြ လိမ့် မည်။ 10နည်း ပါး ရာ၌ သ စ္စာ ရှိ သူ သည် များ ပြား ရာ၌ သ စ္စာ ရှိ တတ်၏။ နည်း ပါး ရာ၌ မ ဖြောင့် မတ် သူ သည် များ ပြား ရာ၌ မ ဖြောင့် မတ် တတ်။ 11ထို ကြောင့် မ ဖြောင့် မတ် သော ဓ န နှင့် စပ် လျဉ်း၍ သင် တို့ သ စ္စာ မဲ့ ခဲ့ လျှင် မှန် သော ဝ တ္ထု ကို မည် သူ အပ် နှံ အံ့ နည်း။ 12သူ တစ် ထူး တို့ ဝ တ္ထု နှင့် စပ် လျဉ်း၍ သင် တို့ သ စ္စာ မဲ့ ခဲ့ လျှင် သင် တို့ ပိုင် ထိုက် ရာ ဝ တ္ထု ကို မည် သူ ပေး အံ့ နည်း။ 13တစ် ဦး ကို မုန်း၍ တစ် ဦး ကို ချစ် ခြင်း၊ တစ် ဦး ကို လိုက် နာ၍ တစ် ဦး ကို မ လေး မြတ် ခြင်း မ ပြု ဘဲ သ ခင် နှစ် ဦး ထံ မည် သူ မျှ အ စေ မ ခံ နိုင် သည့် နည်း တူ သင် တို့ သည် ဘု ရား သ ခင်၏ အ စေ၊ ဓ န၏ အ စေ နှစ် ရပ် ကို မ ခံ နိုင် ကြ ဟု မိန့် တော် မူ၏။
14ထို စ ကား အ လုံး စုံ ကို ကြား သော ငွေ တပ် မက် သူ ဖာ ရိ ရှဲ တို့ ပြက် ရယ် ပြု ကြ သော်၊ 15ကိုယ် တော် က သင် တို့ သည် လူ တို့ ရှေ့ ဖြောင့် မတ် ဟန် ဆောင် ကြ သော် လည်း စိတ် နှ လုံး ကို ဘု ရား သ ခင် သိ တော် မူ၏။ လူ တို့ တွင် မြင့် မြတ် သော အ ရာ သည် ဘု ရား သ ခင့် ရှေ့ တော်၌ စက် ဆုပ် ဖွယ် ဖြစ်၏။ 16ပ ည တ္တိ ကျမ်း နှင့် ပ ရော ဖက် ကျမ်း များ သည် ယော ဟန့် လက် ထက် တိုင် ရှိ လျက် ထို ကာ လ က စ၍ ဘု ရား သ ခင့် နိုင် ငံ တော် ဆိုင် ရာ သ တင်း တော် မြတ် ကို ကြား ပြော သော် လူ တိုင်း ပင် အ နိုင့် အ ထက် ဝင် သည် တ ကား။ 17သို့ ရာ တွင် ပ ည တ္တိ ကျမ်း ရှိ ဗိ န္ဒု တစ် လုံး ပျက် ရန် ထက် ကောင်း ကင် နှင့် မြေ ကြီး ပျောက် ပျက် ရန် လွယ် ကူ၏။ 18မ ယား ကို ကွာ၍ တစ် ပါး သော မိန်း မ နှင့် အိမ် ထောင် ဘက် ပြု သူ တိုင်း သူ့ သား အိမ် ရာ ကို ပြစ် မှား သူ ဖြစ်၏။ လင် ကွာ ပြီး မိန်း မ နှင့် အိမ် ထောင် ဘက် ပြု သူ လည်း သူ့ သား အိမ် ရာ ကို ပြစ် မှား သူ ဖြစ်၏။
19သူ ဌေး တစ် ဦး သည် က မ္ပ လာ နီ နှင့် ပိတ် ချော ကို ဝတ် ဆင် လျက် နေ့ စဉ် ပျော် မွေ့ စွာ နေ ထိုင် ရာ အ နာ များ စွာ ပေါက် သော၊ 20-21လာ ဇ ရု ခေါ် သူ တောင်း စား တစ် ယောက် သည် ထို သူ ဌေး စား ပွဲ မှ ကျ သည့် အ ကြွင်း အ ကျန် ကို စား လို၍ ဝင်း တံ ခါး အ နီး ချ ထား လေ့ ရှိ ကြ သော် ခွေး တို့ ပင် လာ၍ အ နာ များ ကို လျက် ရှာ ကြ၏။ 22သူ တောင်း စား သေ လွန် ရာ အာ ဗြ ဟံ၏ ရင် ခွင် သို့ စေ တ မန် တော် တို့ ပို့ ဆောင် ကြ၏။ သူ ဌေး လည်း သေ လွန် ရာ သင်္ဂြိုလ် ခံ ရ၏။ 23သူ ဌေး သည် မ ရ ဏာ့ နိုင် ငံ တွင် ပြင်း ပြ စွာ ခံ နေ ရ သ ဖြင့် မြော် ကြည့် လျှင် အာ ဗြ ဟံ ကို လည်း ကောင်း၊ ရင် ခွင် ရှိ လာ ဇ ရု ကို လည်း ကောင်း အ ဝေး က မြင် သော်၊ 24အို အ ဘ အာ ဗြ ဟံ၊ အ ကျွန်ုပ် အား သ နား၍ လာ ဇ ရု သည် လက် ဖျား ကို ရေ နှစ် ခဲ့ ပြီး လျှင် အ ကျွန်ုပ် လျှာ အေး အောင် ဆွတ် ရန် စေ လွှတ် ပါ။ ဤ မီး လျှံ တွင် ပူ ပြင်း စွာ ခံ နေ ရ ပါ ပြီ ဟု အော် ဟစ် လျှောက် ထား သည့် ကာ လ၊ 25အာ ဗြ ဟံ က ငါ့ သား၊ သင် အ သက် ရှင် စဉ် ကိုယ် ပိုင် ကောင်း သော အ ရာ များ ကို ခံ စား ခဲ့ ရ ပြီ။ လာ ဇ ရု မူ ကား၊ မ ကောင်း သော အ ရာ များ ကို ခံ စား ခဲ့ ရ ကြောင်း သ တိ ရ လော့။ ယ ခု မှာ ဤ အ ရပ် တွင် သူ၌ ချမ်း သာ ၏။ သင်၌ ပူ ပြင်း စွာ ခံ ရ၏။ 26ထို မှ တစ် ပါး ဤ နေ ရာ မှ သင် တို့ ထံ ကူး လို သူ တို့ မ ကူး နိုင် စေ ရန် လည်း ကောင်း၊ ထို နေ ရာ မှ ငါ တို့ ထံ ကူး လို သူ တို့ မ ကူး နိုင် စေ ရန် လည်း ကောင်း၊ ငါ တို့ နှင့် သင် တို့ ကြား တွင် ချောက် ကြီး တည် လျက် ရှိ သည် ဟု ပြန် ဆို၏။ 27-28သူ ဌေး က လည်း သို့ ဖြစ် လျှင် အ ဘ၊ ဤ ဒု က္ခ ခံ နေ ရာ သို့ ညီ အစ် ကို ငါး ယောက် တို့ မ ရောက် ကြ စေ ရန် သက် သေ အ ဖြစ် အ ကျွန်ုပ် ဘ ခင့် အိမ် သို့ လာ ဇ ရု ကို စေ လွှတ် ပါ။ တောင်း ပန် ပါ သည် ဟု လျှောက် သော်၊ 29အာ ဗြ ဟံ က သူ တို့၌ မော ရှေ နှင့် ပ ရော ဖက် တို့ ကျမ်း ရှိ၏။ ထို ကျမ်း များ ကို နာ ယူ ကြ စေ ဟု ပြန် ဆို သည့် ကာ လ၊ 30မ ဟုတ် ပါ အ ဘ အာ ဗြ ဟံ၊ သူ သေ တို့ အ ထဲ မှ တစ် ယောက် ယောက် သွား လျှင် နောင် တ ရ ကြ ပါ လိမ့် မည် ဟု လျှောက် ရာ၊ 31အာ ဗြ ဟံ က မော ရှေ နှင့် ပ ရော ဖက် တို့ ကျမ်း များ ကို မ နာ ယူ က သူ သေ တို့ အ ထဲ မှ တစ် ယောက် ယောက် ရှင် ပြန် ထ မြောက် သော် လည်း သ ဘော ကျ ကြ မည် မ ဟုတ် ဟူ ၍ ပြန် ဆို သည် ဟု မိန့် တော် မူ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်~လု~ကာ 16: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.