YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်~လု~ကာ 19

19
1ကိုယ် တော် သည် ယေ ရိ ခေါ မြို့ သို့ ဝင်၍ ဖြတ် ကြွ တော် မူ ရာ၊ 2-3ဇ က္ခဲ ခေါ် ကြွယ် ဝ သူ အ ခွန် ဝန် ကြီး သည် ယေ ရှု ကို မည် သို့ သော သူ ဖြစ် ကြောင်း ကြည့် လို၍ လူ ပု ဖြစ် သော ကြောင့် ပ ရိ သတ် ထူ ထပ် သ ဖြင့် မ မြင် နိုင် သော် ရှေ့ သို့ ပြေး နှင့် ပြီး လျှင်၊ 4မြင် ရ အံ့ သော ငှာ ကြွ တော် မူ မည့် လမ်း အ နီး ရှိ ပိုး စာ ပင် ကို တက် လေ ၏။ 5ထို အ ရပ် သို့ ရောက် တော် မူ သော် ယေ ရှု မော် ကြည့်၍ အို ဇ က္ခဲ၊ အ မြန် ဆင်း ခဲ့ လော့။ သင့် အိမ် တွင် ယ နေ့ ငါ တည်း နေ ရ မည် ဟု မိန့် တော် မူ သည့် အ တိုင်း၊ 6အ လျင် အ မြန် ဆင်း လာ၍ ဝမ်း မြောက် စွာ ဧည့် ခံ ၏။ 7ရှိ သ မျှ တို့ မြင် ကြ သော် အ ပြစ် သား တစ် ဦး ထံ တည်း ခို ရန် ဝင် ရောက် တော် မူ လေ စွ တ ကား ဟု ညည်း ညူ ကြ သော်၊ 8ဇ က္ခဲ သည် ထ ရပ် လျက် ကြည့် တော် မူ ပါ အ ရှင် ဘု ရား၊ ကျွန် တော် သည် ကိုယ့် ပ စ္စည်း တစ် ဝက် ကို သူ ဆင်း ရဲ တို့ အား ပေး ကမ်း ပါ မည်။ မည် သူ့ ထံ မ ဆို လျှပ် ဖြတ် မိ လျှင် လေး ဆ ပြန် ပေး ပါ မည် ဟု အ ရှင် ဘု ရား အား လျှောက် သော်၊ 9ယေ ရှု က ဤ သူ လည်း အာ ဗြ ဟံ၏ သား မှန် သည့် အ တိုင်း ကယ် တင် တော် မူ ခြင်း သည် ဤ အိမ် သို့ ယ နေ့ ရောက် လေ ပြီ။ 10လူ့ သား သည် ပျောက် သော သူ တို့ ကို လိုက် ရှာ၍ ကယ် တင် ရန် ရောက် လာ ပြီ ဟု မိန့် တော် မူ၏။
11ယေ ရု ရှ လင် မြို့ အ နီး သို့ ရောက် တော် မူ သ ဖြင့် ဘု ရား သ ခင့် နိုင် ငံ တော် ရုတ် ခြင်း ထင် ရှား တော့ မည် ဟု ထင် မှတ် ကြ သော ကြောင့် အ ထက် စ ကား ကြား နာ သူ တို့ အား ဥ ပ မာ ဆောင်၍ ဆက် လက် မိန့် တော် မူ သည် မှာ၊ 12မင်း သား တစ် ပါး သည် မင်း ရိုက် ရာ ကို ဆက် ခံ၍ ပြန် လာ မည့် အ ကြံ နှင့် ဝေး သော ပြည် သို့ သွား မည် ပြု ရာ၊ 13အိမ် တော် ပါ ဆယ် ယောက် ကို ခေါ်၍ ရွှေ ဒင်္ဂါး ဆယ် ပြား အပ် ပြီး လျှင် ငါ မ ပြန် မီ ကုန် သွယ် ကြ ဟု မှာ ခဲ့၏။ 14သွား ပြီး နောက် မုန်း ထား သော ကိုယ့် ပြည် သား တို့ က ဤ သူ့ ကို ကျွန် တော် တို့ အ ပေါ် တွင် မင်း မ ပြု စေ လို ပါ ဟု လူ စေ လွှတ် လျှောက် ထား ကြ သော် လည်း၊ 15ထို မင်း သား သည် အ ရိုက် အ ရာ ရ၍ ပြန် လာ သော် ကုန် သွယ် မှု အ ကြောင်း သိ ခြင်း ငှာ ရွှေ အပ် ခဲ့ သော အိမ် တော် ပါ တို့ ကို ခေါ် စေ၏။ 16ပ ဌ မ လူ သည် ရောက် လာ၍ အ ရှင်၊ ကိုယ် တော်၏ ရွှေ ဒင်္ဂါး ဖြင့် အ မြတ် ဆယ် ပြား ရ ပါ သည် ဟု လျှောက် သော်၊ 17အ ရှင် က တော် လှ ပြီ၊ ငါ့ ကျွန် ကောင်း၊ နည်း ပါး ရာ၌ သင် သ စ္စာ ရှိ သည် ဖြစ်၍ ဆယ် မြို့ ပေါ် တွင် အုပ် စိုး တော့ ဟု အ မိန့် ရှိ၏။ 18ဒု တိ ယ လူ လည်း လာ၍ အ ရှင်၊ ကိုယ် တော်၏ ရွှေ ဒင်္ဂါး ဖြင့် အ မြတ် ငါး ပြား ရ ပါ သည် ဟု လျှောက် သော် 19အ ရှင် က ငါး မြို့ ပေါ် တွင် သင် အုပ် စိုး တော့ ဟု အ မိန့် ရှိ၏။ 20-21ကျန် လူ တစ် ယောက် လာ၍ အ ရှင်၊ ကိုယ် တော်၏ ရွှေ ဒင်္ဂါး ကို ကြည့် တော် မူ ပါ။ ကိုယ် တော် သည် ခဲ ယဉ်း သော အ ရှင် ဖြစ်၍ ကိုယ် မ ထား ဘဲ လျက် သိမ်း ယူ၊ ကိုယ် မ စိုက် ဘဲ လျက် ရိတ် ဖြတ် တတ် သော ကြောင့် ကျွန် တော် ကြောက် ရွံ့၍ ပ ဝါ နှင့် ထုတ် ထား ခဲ့ ပါ သည် ဟု လျှောက် သော်၊ 22အ ရှင် က အ ချင်း ကျွန် ဆိုး၊ သင့် နှုတ် ထွက် အ တိုင်း သင့် ကို ငါ စီ ရင် မည်။ ငါ သည် ခဲ ယဉ်း သော သူ ဖြစ်၍ ကိုယ် မ ထား ဘဲ လျက် သိမ်း ယူ၊ ကိုယ် မ စိုက် ဘဲ လျက် ရိတ် ဖြတ် တတ် သည် ကို သင် သိ လျှင်၊ 23ငါ့ ရွှေ ကို ရွှေ ပွဲ စား တို့ ထံ အ ဘယ် ကြောင့် မ အပ် သ နည်း။ အပ် လျှင် အ တိုး နှင့် တ ကွ ငါ ပြန် လာ၍ တောင်း ယူ ရ လေ ပြီ ဟု မိန့် ဆို ပြီး နောက်၊ 24အ ပါး တော် ထမ်း တို့ အား ထို ရွှေ ဒင်္ဂါး ကို နုတ် ယူ၍ ဆယ် ပြား ရှိ သူ့ အား လွှဲ အပ် ကြ လော့ ဟု အ မိန့် ရှိ ၏။ 25ထို အ ခါ အ ရှင်၊ ဆယ် ပြား ရှိ ပါ ပြီ တ ကား ဟု ပြန် လျှောက် ကြ ရာ၊ 26အ ရှင် က ရ ရှိ သူ တိုင်း အား ထပ် မံ ပေး လိမ့် မည်။ မ ရ မ ရှိ သူ မှာ မူ ကား ရ ရှိ သ မျှ ကို ပင် နုတ် ယူ လိမ့် မည် ငါ ဆို ၏။ 27၎င်း ပြင် ငါ့ ကို မင်း မ ပြု စေ လို သော ထို ရန် သူ တော် ကို ဆွဲ ငင် ပြီး လျှင် ရှေ့ တော် တွင် ကွပ် မျက် ကြ လော့ ဟူ၍ ထုတ် ဆင့် သည် ဟု မိန့် တော် မူ၏။
28ထို သို့ မိန့် တော် မူ ပြီး နောက် ယေ ရု ရှ လင် မြို့ သို့ ဦး တည်၍ ကြွ သွား စဉ်၊ 29သံ လွင် ခေါ် တောင် ခြေ ရင်း ရှိ ဗက် ဖာ ဂေ ရွာ၊ ဗေ သ နိ ရွာ များ အ နီး သို့ ရောက် တော် မူ သော် တ ပည့် တော် နှစ် ပါး ကို စေ လွှတ် လျက်၊ 30ရှေ့ ရွာ သို့ သွား၍ ဝင် လျှင် မည် သူ မျှ မ စီး ဘူး သော မြည်း ငယ် တစ် ကောင် ချည် ထား သည် ကို တွေ့ လိမ့် မည်။ ဖြည် ၍ ဆွဲ ခဲ့ ကြ။ 31အ ဘယ် ကြောင့် ဖြည် သ နည်း ဟု မေး သူ ရှိ လျှင် အ ရှင် ဘု ရား အ လို တော် ရှိ ကြောင်း ဆို ကြ ဟု မှာ တော် မူ လိုက် ၏။ 32စေ သူ တို့ သွား ရာ မိန့် တော် မူ လိုက် သည့် အ တိုင်း တွေ့၍ မြည်း ငယ် ကို ဖြည် ကြ စဉ်၊ 33မြည်း ရှင် တို့ က အ ဘယ့် ကြောင့် ဖြည် သ နည်း ဟု မေး ကြ သော်၊ 34အ ရှင် ဘု ရား အ လို တော် ရှိ ကြောင်း ပြန် ပြော ကြ၏။ 35ထို မြည်း ငယ် ကို ယေ ရှု ထံ ဆွဲ ခဲ့၍ ကျော ပေါ် မှာ ခြုံ ထည် များ ကို တင် လျက် စီး တော် မူ စေ ကြ ပြီး နောက် စီး ကြွ တော် မူ စဉ် လည်း၊ 36ခြုံ ထည် များ ကို လမ်း တစ် လျှောက် ခင်း ကြ ၏။ 37မြို့ အ နီး သံ လွင် တောင် လမ်း ဆင်း သို့ ရောက် တော် မူ သော် တ ပည့် တော် အ စု အ ရုံး တို့ သည် ဝမ်း မြောက် လျက် မြင် ခဲ့ ရ သော အ မှု တော် ကြီး ခပ် သိမ်း အ တွက် ဘု ရား သ ခင် ကို အ သံ ကျယ် စွာ ချီး မွမ်း ထော မ နာ ပြု၍၊ 38ထာ ဝ ရ ဘု ရား နာ မ တော် နှင့် ကြွ လာ တော် မူ သော အ ရှင်၌ မင်္ဂ လာ ရှိ ပါ စေ သော။ ကောင်း ကင် ဘုံ တွင် ငြိမ် သက် ခြင်း၊ ဘ ဝဂ် ပေါ် တွင် ဘုန်း ကြီး ခြင်း တည် စေ သ တည်း ဟု ကြွေး ကြော် ကြ ကုန် ၏။ 39လူ ပ ရိ သတ် ရှိ ဖာ ရိ ရှဲ အ ချို့ က ဆ ရာ၊ တ ပည့် တို့ ကို ဆုံး မ ပါ ဟု ဆို ကြ သော်၊ 40ဤ သူ တို့ သည် ဆိတ် ဆိတ် နေ ကြ လျှင် ကျောက် များ ပင် ကြွေး ကြော် လိမ့် မည် ငါ ဆို သည် ဟု ပြန်၍ မိန့် တော် မူ ၏။
41ကိုယ် တော် သည် မြို့ အ နီး သို့ ရောက်၍ ရှု မြင် တော် မူ သည့် ကာ လ၊ 42အ ချင်း မြို့ တော်၊ ရန် ငြိမ်း ရာ ငြိမ်း ကြောင်း များ ကို ယ နေ့ ပင် သိ စေ လို လှ လေ ပြီ။ 43-44ယ ခု မှာ မူ သင့် မျက် ကွယ် ထား လေ စွ။ သင့် ထံ ကြွ လာ တော် မူ ရာ ကာ လ ကို သင် မ သိ သည့် အ တွက် ရန် သူ တို့ သည် က တုတ် လှန် ခြင်း၊ ဝန်း ဝိုင်း ခြင်း၊ အ ဘက် ဘက် က ပိတ် ဆို့ ခြင်း များ ကို ပြု လျက် ကျောက် တစ် ချပ် ပေါ် မှာ တစ် ချပ် ကို ပင် မ နေ​ စေ ဘဲ မြို့ သူ မြို့ သား တို့ ပါ သင့် ကို ဖြို ချ ကြ မည့် နေ့ ရက် ကာ လ ရောက် တော့ မည် ဟု ငို ကြွေး လျက် မြွက် ဆို တော် မူ၏။
45ထို နောက် ကိုယ် တော် သည် ဗိ မာန် တော် အ တွင်း ဝင် ပြီး လျှင် ရောင်း ဝယ် ရှိ နေ သူ တို့ ကို နှင် ထုတ် ၍၊ 46ငါ့ ဗိ မာန် သည် ဆု တောင်း ပ ဌ နာ ပြု ရာ ဗိ မာန် ဖြစ် ရ မည် ကျမ်း ချက် ရှိ သော် လည်း၊ သင် တို့ သည် ဓား ပြ အောင်း ရာ အ ရပ် ဖြစ် စေ ကြ ပြီ တ ကား ဟူ၍ မိန့် တော် မူ၏။
47နေ့ စဉ် ဗိ မာန် တော် တွင် ဒေ သ နာ ပေး လျက် ရှိ နေ တော် မူ ရာ ပ ရော ဟိတ် ကြီး များ၊ ကျမ်း တတ် ဆ ရာ များ၊ လူ မျိုး တော် အ ကြီး အ မှူး များ တို့ သည် ကိုယ် တော် ကို ဖျက် ဆီး ရန် ရှာ ကြံ ကြ သော် လည်း၊ 48ဒေ သ နာ တော် ကို လူ ပ ရိ သတ် စွဲ လမ်း လျက် နေ သော ကြောင့် မည် သို့ ပြု နိုင် ကြောင်း မ တွေ့ မ ရ ကြ ချေ။

လက်ရှိရွေးချယ်ထားမှု

ရှင်~လု~ကာ 19: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ