YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်~လု~ကာ 2

2
1ထို နေ့ ရက် ကာ လ တစ် နိုင် ငံ လုံး ရှိ လူ ဦး ရေ စာ ရင်း ယူ စေ ရန် ကဲ သာ သြ ဂု တ္ထု ဘု ရင် မင်း အ မိန့် ထုတ် ဆင့် ၏။ 2ထို ပ ဌ မ စာ ရင်း ယူ ခြင်း မှာ ကု ရေ နိ သည် ရှု ရိ ပြည် တွင် ဘု ရင် ခံ ချုပ် ဖြစ် စဉ် တည်း။ 3ထို အ ခါ လူ အ သီး အ သီး တို့ သည် ကိုယ့် အ နွယ် ဇာ တိ မြို့ ရွာ သို့ စာ ရင်း ဝင် ရန် သွား ကြ ရာ၊ 4ယော သပ် လည်း ဒါ ဝိဒ် မင်း အ မျိုး အ နွယ် ဖြစ် သော ကြောင့် ဂါ လိ လဲ နယ် နာ ဇ ရက် မြို့ မှ ထွက်၍ ယု ဒ နယ် ဗက် လင် ခေါ် ဒါ ဝိဒ် မင်း ဇာ တိ မြို့ သို့၊ 5ထိမ်း မှန်း ထား သော မာ ရိ နှင့် တ ကွ စာ ရင်း ဝင် ရန် သွား၏။ မာ ရိ သည် ကိုယ် ဝန် ဆောင်၍ ထို မြို့ တွင် ရှိ နေ ကြ စဉ်၊ 6ဖွား ချိန် စေ့ သ ဖြင့် သား ဦး ကို ဖွား မြင် ရာ၊ 7စ ရပ် တွင် နေ ရာ လပ် မ ရှိ သော ကြောင့် အ နှီး နှင့် ပတ် လျက် နွား စား ခွက် တွင် သိပ် ထား ရ ၏။
8ထို ကျေး လက် စား ကျက်၌ သိုး အုပ် ကို ညဉ့် အ ခါ စောင့် ကြည့် ထိန်း ကျောင်း သော သိုး ထိန်း တို့ ရှိ ကြ ရာ၊ 9ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး ပေါ် လာ၍ သူ တို့ ပတ်၀န်း ကျင် တွင် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထွန်း တောက် သ ဖြင့် အ လွန် ကြောက် ရွံ့ ကြ သော်၊ 10စေ တ မန် တော် က မ ကြောက် ကြ နှင့်။ နား ထောင် ကြ လော့။ လူ မျိုး တော် လုံး ဆိုင် ရာ အ လွန် ရွှင် လန်း ဝမ်း မြောက် ဖွယ် သ တင်း ကို ငါ ကြား ပြော လာ ပြီ။ 11အ ရှင် ခ ရစ် တော် တည်း ဟူ သော ကယ် တင် ရှင် သည် ဒါ ဝိဒ် မင်း ဇာ တိ မြို့ တွင် ယ နေ့ သင် တို့ အ ဖို့ ဖွား မြင် တော် မူ ပြီ။ 12သိ ကြ ရန် နိ မိတ် လ က္ခ ဏာ မှာ အ နှီး နှင့် ပတ် လျက် နွား စား ခွက် တွင် သိပ် ထား သော သူ ငယ် ကို တွေ့ ကြ လိမ့် မည် ဟု မြွက် ဆို၏။ 13ထို ကာ လ စေ တ မန် တော် နှင့် အ တူ ကောင်း ကင် ဗိုလ် ခြေ အ များ တို့ ရုတ် တ ရက် ထင် ရှား ၍၊ 14ကောင်း ကင် ဘ ဝဂ် တွင် ဘု ရား သ ခင်၌ ဘုန်း ကြီး ခြင်း၊ မြေ ကြီး ပေါ် တွင် နှစ် သက် တော် မူ သော လူ သ တ္တ ဝါ တို့၌ ငြိမ် သက် ခြင်း ရှိ ပါ စေ သ တည်း ဟု မြွက် ဆို၍ ဘု ရား သ ခင် ကို ထော မ နာ ပြု ကြ၏။ 15စေ တ မန် တော် တို့ သည် ကောင်း ကင် ဘုံ သို့ တက် သွား ကြ သော် သိုး ထိန်း တို့ က၊ ငါ တို့ သည် ဗက် လင် မြို့ ရောက် သွား၍၊ ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ သော ဤ အ ခြင်း အ ရာ ကို ကြည့် ကြ ကုန် အံ့ ဟု အ ချင်း ချင်း ပြော ဆို သည့် အ တိုင်း အ လျင် အ မြန် သွား လျက်၊ 16မာ ရိ နှင့် ယော သပ် မှ စ၍ နွား စား ခွက် တွင် သိပ် ထား သော သူ ငယ် တော် ကို တွေ့ မြင် ကြ ရာ၊ 17သူ ငယ် တော့် အ ကြောင်း ခံ ခဲ့ ရ သော ဗျာ ဒိတ် တော် ကို ပြန် ကြား ကြ လျှင်၊ 18ကြား သ မျှ သော သူ တို့ သည် သိုး ထိန်း တို့ ပြန် ကြား သော အ ကြောင်း အ ရာ များ ကို အံ့ သြ ကြ၏။ 19မာ ရိ မူ ကား ထို အ ခြင်း အ ရာ ရှိ သ မျှ ကို နှ လုံး သွင်း၍ စဉ်း စား လျက် နေ၏။ 20သိုး ထိန်း တို့ လည်း နာ ခံ ခဲ့ သည့် အ တိုင်း ကြား ရ သ မျှ၊ မြင် ရ သ မျှ အ တွက် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက်၍ ထော မ နာ ပြု လျက် ပြန် သွား ကြ၏။
21ကိုယ် တော် ကို လှီး ဖြတ် ခြင်း မင်္ဂ လာ ပေး ရန် ရှစ် ရက် စေ့ သော်၊ သ န္ဓေ မ တည် မီ စေ တ မန် တော် သ မုတ် ခဲ့ သော ယေ ရှု အ မည် ဖြင့် မှည့် ကြ၏။
22-24ထို နောက် မော ရှေ၏ ပ ည တ္တိ ကျမ်း အ တိုင်း သန့် စေ ခြင်း ဆိုင် ရာ နေ့ ရက် များ ကုန် လွန် သည့် ကာ လ အ ဦး ဖွား သော သား ယောက်ျား တိုင်း ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် သူ ဟု သ မုတ် ရ မည် ဟူ၍ ထာ ဝ ရ ဘု ရား၏ ပ ညတ် တ ရား တော် ချက် အ ရ သူ ငယ် တော် ကို ထာ ဝ ရ ဘု ရား အား ဆက် သ ရန် လည်း ကောင်း၊ ထာ ဝ ရ ဘု ရား၏ ပ ညတ် တ ရား တော် ချက် အ ရ ချိုး တစ် စုံ ကို ဖြစ် စေ၊ ခို ငယ် နှစ် ကောင် ကို ဖြစ် စေ ပူ ဇော် ရန် လည်း ကောင်း၊ သူ ငယ် တော် ကို ယေ ရု ရှ လင် မြို့ သို့ ဆောင် သွား ကြ၏။ 25ထို အ ခါ ယေ ရု ရှ လင် မြို့ တွင် ဣ သ ရေ လ လူ မျိုး တို့ ချမ်း သာ ရာ ချမ်း သာ ကြောင်း ကို စောင့် မြော် လျက် ဘု ရား တ ရား ကြည် ညို သော သူ တော် ကောင်း ရှု မောင် အ မည် ရှိ သူ တစ် ယောက် ရှိ ရာ သန့် ရှင်း သော ဝိ ညာဉ် တော် သည် သူ့ အ ပေါ်၌ တည် သည့် အ တိုင်း၊ 26ထာ ဝ ရ ဘု ရား၏ ဘိ သိက် တော် ခံ မင်း ကို မ ဖူး မီ မ သေ ရ ဟု သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဗျာ ဒိတ် တော် ခံ ခဲ့ ရ ပြီ။ 27ဝိ ညာဉ် တော် ကြောင့်၊ ဗိ မာန် တော် အ တွင်း ဝင် ရောက် ရာ သူ ငယ် တော် ယေ ရှု ကို ပ ညတ် တ ရား တော် ထုံး နည်း အ လျောက် ပြု ရန် မိ ဘ တို့ ဆောင် သွင်း ကြ သည့် ကာ လ၊ 28ချီ ပွေ့ ပြီး လျှင်၊ ဘု ရား သ ခင့် ဂုဏ် တော် ကို ချီး မွမ်း လျက်၊ 29အို သ ခင် ဘု ရား၊ အ မိန့် တော် အ တိုင်း ယ ခု ငြိမ် သက် စွာ စု တေ ခွင့် ကို ကျွန် တော် မျိုး အား သ နား တော် မူ ပါ ပြီ။ 30-32လူ မျိုး ခြား တို့၌ ဗျာ ဒိတ် အ လင်း တော် ဣ သ ရေ လ လူ မျိုး တော်၌ ဘုန်း တော် အ ဖြစ် လူ အ မျိုး မျိုး ရှေ့ ပြင် ဆင် တော် မူ ပြီး သော ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဒိ ဋ္ဌ ဖူး မြင် ရ ပါ ပြီ ဟု မြွက် ဆို ရာ၊ 33မိ ဘ တို့ သည် သူ ငယ် နှင့် စပ် လျဉ်း သော ထို မြွက် ဆို ချက် ကို အံ့ သြ လျက် နေ ကြ၏။ 34သူ တို့ ကို ကောင်း ကြီး ပေး ပြီး လျှင် မယ် တော် မာ ရိ အား ရှု မောင် က၊ နား ထောင် လော့။ ဤ သူ ငယ် တော် သည် ဣ သ ရေ လ လူ မျိုး တွင် အ များ တို့ လဲ ကျ စေ ရာ၊ အ များ တို့ ထ မြောက် စေ ရာ အ ဖြစ် ငြင်း ပယ် ကြ မည့် နိ မိတ် လ က္ခ ဏာ အ ဖြစ် ထား သူ နေ သည့် အ လျောက်၊ 35လူ အ များ တို့ စိတ် အ ကြံ အ စည် ထင် ရှား ရ လိမ့် မည်။ သင့် စိတ် ကို လည်း သန် လျက် ထုတ် ချင်း ခွင်း လိမ့် မည် ဟု ဆို၏။ 36-37၎င်း ပြင်၊ ပျို ရွယ် သူ အ ဖြစ် က လင် နှင့် ခု နစ် နှစ် ပေါင်း ဖော် ပြီး လျှင် ရှစ် ဆယ့် လေး နှစ် တိုင် တိုင် မု ဆိုး မ အ ဖြစ် နေ လျက် အ သက် ကြီး ရင့် သူ၊ အာ ရှ အ နွယ် ဖာ နွေ လ၏ သ မီး အ န္န ခေါ် ပ ရော ဖက် မ တစ် ပါး ရှိ ရာ ဗိ မာန် တော် မှ မ ထွက် ဘဲ နေ့ ညဉ့် မ ပြတ် အ စာ ရှောင် လျက် အ သ နား တော် ခံ လျက် ဝတ် ပြု နေ သည့် အ တိုင်း၊ 38ထို အ ချိန် နာ ရီ တွင် ပင် ချဉ်း လာ၍ ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း လျက် ယေ ရု ရှ လင် မြို့ ရွေး နုတ် ရာ ရွေး နုတ် ကြောင်း ကို စောင့် မျှော် သူ ခပ် သိမ်း တို့ အား သူ ငယ် တော့် အ ကြောင်း ပြော ဆို၏။ 39ထို နောက် ထာ ဝ ရ ဘု ရား၏ ပ ညတ် တ ရား တော် အ ရ ဆောင် ရွက် ပြီး စီး သည့် ကာ လ နေ ရင်း ဂါ လိ လဲ နယ် နာ ဇ ရက် မြို့ သို့ ပြန် သွား ကြ ၏။
40သူ ငယ် တော် သည် ကြီး ပွား ခွန် အား တိုး တက်၍ ဉာဏ် ပ ညာ နှင့် ပြည့် လျက် ဘု ရား သ ခင့် ကျေး ဇူး တော် သည် ကိုယ် တော့် အ ပေါ်၌ တည်၏။
41မိ ဘ တို့ သည် နှစ် စဉ် ပ သ ခါ ပွဲ ချိန် ယေ ရု ရှ လင် မြို့ သို့ သွား လေ့ ရှိ သည့် အ တိုင်၊ 42သူ ငယ် တော် အ သက် ဆယ့် နှစ် နှစ် ရှိ သော်၊ 43သွား မြဲ သွား လျက် ပွဲ ရက် ကုန်၍ ပြန် ကြ စဉ် သူ ငယ် တော် ယေ ရှု သည် ယေ ရု ရှ လင် မြို့ တွင် နေ ရစ်၏။ 44မိ ဘ တို့ သည် ထို အ ကြောင်း ကို မ သိ ဘဲ ခ ရီး သွား ဖော် တို့ နှင့် အ တူ ပါ မည် ထင် မှတ် သ ဖြင့်၊ 45တစ် နေ့ ခ ရီး သွား ပြီး မှ၊ ဆွေ မျိုး သား ချင်း အ သိ အ ကျွမ်း တို့ တွင် ရှာ၍ မ တွေ့ သော် ယေ ရု ရှ လင် မြို့ သို့ ပြန် သွား လိုက် ရှာ ရာ၊ 46သုံး ရက် ကြာ ပြီး နောက် ဗိ မာန် တော့် အ တွင်း ဆ ရာ တော် တို့ ထံ နာ ခံ လျက် မေး မြန်း လျက်၊ အ လယ် တွင် ထိုင် နေ သည် ကို တွေ့ ကြ ၏။ 47ကြား ရ သူ ရှိ သ မျှ တို့ သည် ဖြေ ဆို ရာ၌ ထိုး ထွင်း ခြင်း ဉာဏ် တော် ကို အံ့ သြ ကြ ၏။ 48မိ ဘ တို့ လည်း တွေ့ မြင် သော်၊ အံ့ အား သင့်၍ မယ် တော် က ငါ့ သား၊ ငါ တို့ ကို အ ဘယ် ကြောင့် ဤ သို့ ပြု ဘိ သ နည်း။ သင့် အ ဘ နှင့် ငါ သည် စိတ် ပူ ပန် စွာ ရှာ ရ ကြ လေ စွ ဟု ဆို ရာ၊ 49အ ဘယ် ကြောင့် ရှာ ကြ သ နည်း။ ခ မည်း တော်၏ ဗိ မာန် တွင် အ ကျွန်ုပ် ရှိ နေ သင့် ကြောင်း မ သိ ကြ လော ဟု ပြန် ၍ မေး တော် မူ သော်၊ 50ထို စ ကား ကို သူ တို့ နား မ လည် ကြ။ 51ထို နောက် ကိုယ် တော် သည် သူ တို့ နှင့် လိုက် လျက် နာ ဇ ရက် မြို့ သို့ ရောက် ရာ သူ တို့ အ အုပ် အ ချုပ် အောက်၌ နေ တော် မူ၏။ ထို အ ချင်း အ ရာ ခပ် သိမ်း ကို မယ် တော် သည် နှ လုံး သွင်း လေ ၏။
52ယေ ရှု လည်း၊ ဉာဏ် ပ ညာ နှင့် အ ရပ် အ မောင်း ကြီး ပွား လျက် ဘု ရား သ ခင့် ရှေ့၊ လူ့ ရှေ့ တိုး တက်၍ မျက် နှာ သာ ရ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်~လု~ကာ 2: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ