YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်~လု~ကာ 3

3
1ကဲ သာ တိ ဗေ ရိ ဘု ရင် မင်း နန်း စံ တစ် ဆယ့် ငါး နှစ် တွင် ယု ဒ နယ်၌ ပု န္တိ ပိ လတ်၊ ဂါ လိ လဲ နယ်၌ ဟေ ရုဒ်၊ ဣ တု ရဲ နယ်၊ တ ရာ ခေါ နိတ် နယ် များ၌ ဟေ ရုဒ် ညီ ဖိ လိ ပ္ပု၊ အ ဘိ လင် နယ်၌ လု သာ နိ တို့ သည် ဘု ရင် ခံ မင်း ဖြစ် ကြ စဉ်၊ 2အ န္နတ် နှင့် ကာ ယ ဖ တို့ သည် ပ ရော ဟိတ် မင်း ဖြစ် ကြ သည့် ကာ လ ဇာ ခ ရိ သား ယော ဟန် သို့ တော တွင် ဘု ရား သ ခင်၏ ဗျာ ဒိတ် တော် ရောက် လာ သည့် အ တိုင်း၊ 3ယော ဟန် သည် ယော် ဒန် မြစ် ကမ်း ပြင် တစ် လျှောက် လှည့် လည်၍ အ ပြစ် ပြေ လွတ် ခြင်း အ လို့ ငှါ နောင် တ ရ ခြင်း ဆိုင် ရာ ဗ တ္တိ ဇံ တ ရား ကို ဟော ပြော လေ၏။ 4-6ဟော ပြော ခြင်း ကား သဲ တော၌ ကြွေး ကြော် သူ၏ စ ကား သံ မှာ ထာ ဝ ရ ဘု ရား ကြွ တော် မူ ရာ လမ်း ကို ပြု ပြင် ကြ လော့။ လမ်း တော် များ ကို ညီ ညွတ် စေ ကြ လော့။ ချိုင့် ရှိ သ မျှ သည် ဖို့ ခြင်း၊ တောင် ကုန်း ရှိ သ မျှ သည် ဖြို ခြင်း၊ ကောက် ရာ သည် ဖြောင့် ခြင်း၊ ကြမ်း ရာ သည် ချော ခြင်း များ ကို ခံ ရ သ ဖြင့် ဘု ရား သ ခင်၏ ကယ် တင် မှု ကို လူ အ ပေါင်း တို့ ဖူး မြင် ရ ကြ လ တ္တံ့ ဟူ၍ ပ ရော ဖက် ဟေ ရှာ ယ ကျမ်း တွင် ပါ ရှိ သည် နှင့် အ ညီ ဖြစ် သ တည်း။ 7ထို ကြောင့် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ရန် ထွက် လာ သော လူ အ မြောက် အ များ တို့ အား ယော ဟန် က၊ အ ချင်း မြွေ ဆိုး သား တို့၊ ရောက် လ တ္တံ့ သော အ မျက် တော် ဒဏ် မှ ရှောင် ပြေး ကြ ရန် မည် သူ သ တိ ပေး ခဲ့ သ နည်း။ 8နောင် တ ရ ခြင်း နှင့် ထိုက် လျော် သော အ သီး ကို သီး ကြ လော့။ ငါ တို့၌ အ ဘ အာ ဗြ ဟံ ရှိ ပြီ ဟု မ အောက် မေ့ ကြ နှင့်။ ဤ ကျောက် ခဲ များ ဖြင့် အာ ဗြ ဟံ အ ဖို့ သား သ မီး တို့ ကို ဘု ရား သ ခင် ဖန် ဆင်း တော် မူ နိုင် သည် ငါ ဆို၏။ 9သစ် ပင် ရင်း များ မှာ ပု ဆိန် ယ ခု ကပ် ထား လျက် ရှိ သ ဖြင့် အ သီး ကောင်း မ သီး သော အ ပင် တိုင်း ကို ခုတ် လှဲ၍ မီး ထဲ သို့ ပစ် ချ ရ သည် ဟု ဟော ပြော ရာ၊ 10လူ ပ ရိ သတ် က သို့ ဖြစ် လျှင် ကျွန် တော် တို့ မည် သို့ ပြု လုပ် ရ ပါ မည် နည်း ဟု မေး ကြ လျှင်၊ 11အ င်္ကျီ နှစ် ထည် ရှိ သူ သည် မ ရှိ သူ့ အား ဝေ မျှ စေ။ စား ဖွယ် သောက် ရာ ရှိ သူ လည်း ထို နည်း တူ ပြု စေ ဟု ပြန် ဆို၏။ 12အ ခွန် ကောက် တို့ လည်း ဗိ တ္တိ ဇံ မင်္ဂ လာ ခံ ရန် လာ၍ ဆ ရာ၊ ကျွန် တော် တို့ မည် သို့ ပြု လုပ် ရ ပါ မည် နည်း ဟု မေး ကြ လျှင်၊ 13ပြ ဌာန်း သည် ထက် တိုး၍ မ ကောက် ခံ ကြ နှင့် ဟု ပြန် ဆို၏။ 14ကျွန် တော် တို့ လည်း မည် သို့ ပြု လုပ် ရ ပါ မည် နည်း ဟု စစ် သည် တို့ မေး ကြ လျှင် မည် သူ့ ကို မျှ နိုင် ထက် စီး နင်း ပြု၍ မ လျှပ် ဖြတ် ကြ နှင့်။ ကိုယ့် ရိ က္ခာ နှင့် ရောင့် ရဲ ကြ လော့ ဟု ပြန် ဆို၏။
15လူ ပ ရိ သတ် စောင့် မျှော် လျက်၊ ခ ရစ် တော် ဟုတ် သ လော ဟု ယော ဟန် နှင့် စပ် လျဉ်း၍၊ ရှိ သ မျှ တို့ တွေး ဆ ဆင် ခြင် ကြ ရာ၊ 16ယော ဟန် က၊ ငါ သည် သင် တို့ ကို ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန်၏။ ငါ့ ထက် တန် ခိုး ကြီး၍ ဖိ နပ် တော် ကြိုး ကို မျှ ငါ မ ဖြည် ထိုက် သော အ ရှင် သည် ကြွ လာ ပြီး လျှင် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် လည်း ကောင်း၊ မီး နှင့် လည်း ကောင်း ဗတ္တိ ဇံ မင်္ဂ လာ ပေး တော် မူ လိမ့် မည်။ 17ကောက် နယ် တ လင်း တော် ကို သန့် စင် စေ ခြင်း၊ အ ဖျင်း ကို မ ငြိမ်း နိုင် သော မီး နှင့် ကျွမ်း လောင် စေ လျက် စ ပါး တော် ကို ကျီ သွင်း ခြင်း ပြု ရန် လက် တော် တွင် ဆန် ကော ပါ သည် ဟု ပြန် ဆို သည့် ပြင်၊ 18အ ခြား သော နှိုး ဆော် ချက် များ နှင့် တ ကွ လူ ပ ရိ သတ် အား၊ သ တင်း တော် မြတ် ကို ဟော ပြော လေ၏။ 19သို့ ရာ တွင် ဘု ရင် ခံ မင်း ဟေ ရုဒ် သည် မ ရီး တော် ဟေ ရော ဒိ အ တွက် နှင့် ကိုယ် တိုင် ပြု ဘူး သ မျှ သော ဆိုး သွမ်း မှု များ အ တွက် ယော ဟန်၏ ဆုံး မ ပြစ် တင် ခြင်း ကို ခံ ရ သော ကြောင့် ထို ပြစ် မှု ခပ် သိမ်း အ ပေါ် တွင် ထပ် ဆင့် လျက်၊ 20ယော ဟန် ကို ထောင် ချ လေ ၏။
21လူ ပ ရိ သတ် လုံး ဗ တ္တိ ဇံ မင်္ဂ လာ ခံ ပြီး နောက် ယေ ရှု သည် ဗ တ္တိ ဇံ မင်္ဂ လာ ခံ၍ ပ ဌ နာ ပြု တော် မူ စဉ်၊ 22ကောင်း ကင် ပွင့် လျက် သန့် ရှင်း သော ဝိ ညာဉ် တော် သည် ချိုး ငှက် အ ဆင်း သ ဏ္ဌာန် နှင့် ကိုယ် တော့် အ ပေါ် သို့ ဆင်း သက် သော် သင် ကား ငါ နှစ် သက် မြတ် နိုး ရာ ချစ် သား ပေ တည်း ဟု ကောင်း ကင် မှ ဗျာ ဒိတ် တော် သံ ရောက် လာ ၏။
23အ မှု တော် ကို ဆောင် ရွက် စ ပြု သော ယေ ရှု သည် အ သက် တော် သုံး ဆယ် ခန့် ရှိ၏။ ကိုယ် တော် သည် လူ တို့ အ ထင် အ မြင် အ တိုင်း ယော သပ် သား ဖြစ် ၏။ 24ယော သပ် သည် ဧ လိ သား၊ ဧ လိ သည် မဿတ် သား၊ မဿတ် သည် လေ ဝိ သား၊ လေ ဝိ သည် မေ လ ခိ သား၊ မေ လ ခိ သည် ယ န္န သား၊ ယ န္န သည် ယော သပ် သား။ 25ယော သပ် သည် မ တ္တ သိ သား၊ မ တ္တ သိ သည် အာ မုတ် သား၊ အာ မုတ် သည် နာ ဟုံ့ သား၊ နာ ဟုံ သည် ဧ သ လိ သား၊ ဧ သ လိ သည် န ဂ္ဂဲ သား၊ န ဂ္ဂဲ သည် မာ အတ် သား၊ 26မာ အတ် သည် မ တ္တ သိ သား၊ မ တ္တ သိ သည် ရှေ မိန့် သား၊ ရှေ မိန် သည် ယော သက် သား၊ ယော သက် သည် ယော ဒ သား။ 27ယော ဒ သည် ယော ဟ န္န သား၊ ယော ဟ န္န သည် ရေ သ သား၊ ရေ သ သည် ဇေ ရု ဗ ဗေ လ သား၊ ဇေ ရု ဗ ဗေ လ သည် ရှာ လ သေ လ သား၊ ရှာ လ သေ လ သည် နေ ရိ သား။ 28နေ ရိ သည် မေ လ ခိ သား၊ မေ လ ခိ သည် အ ဒ္ဒိ သား၊ အ ဒ္ဒိ သည် ကော သံ့ သား၊ ကော သံ သည် ဧ လ မော ဒံ့ သား။ 29ဧ လ မော ဒံ သည် ဧ ရ သား၊ ဧ ရ သည် ယေ ရှု သား၊ ယေ ရှု သည် ဧ လျာ ဇာ့ သား၊ ဧ လျာ ဇာ သည် ယော ရိမ့် သား၊ ယော ရိမ် သည် မဿတ် သား၊ မဿတ် သည် လေ ဝိ သား။ 30လေ ဝိ သည် ရှုမောင့် သား၊ ရှု မောင် သည် ယု ဒ သား၊ ယု ဒ သည် ယော သပ် သား၊ ယော သပ် သည် ယော နံ့ သား၊ ယော နံ သည် ဧ လျာ ကိမ့် သား။ 31ဧ လျာ ကိမ် သည် မေ လေ့ သား၊ မေ လေ သည် မဲ နာ့ သား၊ မဲ နာ သည် မ တ္တ သ သား၊ မ တ္တ သ သည် နာ သန့် သား၊ နာ သန် သည် ဒါ ဝိဒ် သား။ 32ဒါ ဝိဒ် သည် ယေ ရှဲ သား၊ ယေ ရှဲ သည် သြ ဗက် သား၊ သြ ဗက် သည် ဗော ဇ သား၊ ဗော ဇ သည် စာ လ မုန့် သား၊ စာ လ မုန် သည် နာ ရှုန့် သား။ 33နာ ရှုန် သည် အ မိ န ဒပ် သား၊ အ မိ န ဒပ် သည် အဒ် မိန့် သား၊ အဒ် မိန် သည် အ ရံ နိ သား၊ အ ရံ နိ သည် ဟေ ဇ ရုံ့ သား၊ ဟေ ဇ ရုံ သည် ဖာ ရက် သား၊ ဖာ ရက် သည် ယု ဒ သား။ 34ယု ဒ သည် ယာ ကုပ် သား၊ ယာ ကုပ် သည် ဣ ဇာက် သား၊ ဣ ဇာက် သည် အာ ဗြ ဟံ့ သား၊ အာ ဗြ ဟံ သည် တေ ရ သား၊ တေ ရ သည် နာ ခေါ့် သား။ 35နာ ခေါ် သည် စေ ရောက် သား၊ စေ ရောက် သည် ရာ ဂေါ့ သား၊ ရာ ဂေါ သည် ဖာ လက် သား၊ ဖာ လက် သည် ဟေ ဗာ့ သား၊ ဟေ ဗာ သည် ရှာ လ သား။ 36ရှာ လ သည် ကာ ဣ နန့် သား၊ ကာ ဣ နန် သည် အာ ဖာ ဇဒ် သား၊ အာ ဖာ ဇဒ် သည် ရှေ မ သား၊ ရှေ မ သည် နော ဧ သား။ 37နော ဧ သည် လာ မက် သား၊ လာ မက် သည် မ သု ရှ လ သား၊ မ သု ရှ လ သည် ဧ နောက် သား၊ ဧ နောက် သည် ယာ ရက် သား၊ ယာ ရက် သည် မ ဟာ လေ လ သား၊ မ ဟာ လေ လ သည် ကာ ဣ နန့် သား။ 38ကာ ဣ နန် သည် ဧ နုတ် သား၊ ဧ နုတ် သည် ရှေ သ သား၊ ရှေ သ သည် အာ ဒံ့ သား၊ အာ ဒံ သည် ဘု ရား သ ခင့် သား ဖြစ် သ တည်း။

လက်ရှိရွေးချယ်ထားမှု

ရှင်~လု~ကာ 3: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ