YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်~လု~ကာ 4

4
1ယေ ရှု သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ယော် ဒန် မြစ် မှ ပြန် ကြွ ပြီး လျှင် တော ၌ ရက် ပေါင်း လေး ဆယ် တိုင် တိုင် ဝိညာဉ် တော် ပို့ ဆောင် ရာ လိုက် လျက် မာရ် နတ် စုံ စမ်း ခြင်း ကို ခံ တော် မူ၏။ 2ထို နေ့ ရက် များ အ တွင်း မည် သည် ကို မျှ သုံး ဆောင် တော် မ မူ သ ဖြင့် ကုန် လွန် သည့် ကာ လ ဆာ မွတ် တော် မူ ရာ၊ 3မာရ် နတ် က၊ ဘု ရား သ ခင့် သား တော် မှန် လျှင် ဤ ကျောက် ခဲ ကို မုန့် ဖြစ် စေ ရန် အ မိန့် ရှိ တော် မူ ပါ ဟု လျှောက် သော်၊ 4ယေ ရှု က၊ လူ သည် မုန့် ဖြင့် သာ အ သက် မွေး ရ မည် မ ဟုတ် ဟူ သော ကျမ်း ချက် ရှိ သည် ဟု ပြန်၍ မိန့် တော် မူ၏။ 5ထို အ ခါ ကိုယ် တော် ကို ချီ ဆောင်၍၊ လော က နိုင် ငံ ရှိ သ မျှ ကို တစ် ခ ဏ ခြင်း တွင် ပြ ပြီး သော်၊ 6ထို အ ခွင့် အာ ဏာ ခပ် သိမ်း ကို ဘုန်း စည်း စိမ် ပါ ငါ ပေး မည်။ ငါ သည် လွှဲ အပ် ခံ၍ အ လို အ တိုင်း ပေး နိုင် သည် နှင့် အ ညီ၊ 7ကိုယ် တော် သည် ငါ့ ရှေ့ ရှိ ခိုး လျှင် အ လုံး စုံ ကို အ ပိုင် ရ မည် ဟု လျှောက် သော်၊ 8ယေ ရှု က၊ သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို သာ ရှိ ခိုး ဝတ် ပြု ရ မည် ဟူ သော ကျမ်း ချက် ရှိ သည် ဟု ပြန်၍ မိန့် တော် မူ ၏။ 9-11ထို နောက် ကိုယ် တော် ကို ယေ ရု ရှ လင် မြို့ သို့ ပို့ ဆောင်၍ ဗိ မာန် တော် အ ထွဋ် တွင် ထား ပြီး သော် ကိုယ် တော် ကို စောင့် ထိန်း ကြ စေ ရန် စေ တ မန် တော် တို့ အား မှာ ထား တော် မူ မည် ဟူ၍ လည်း ကောင်း၊ ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန် ချီ ပင့် ရ ကြ လိမ့် မည် ဟူ၍ လည်း ကောင်း ကျမ်း ဆို ရှိ သ ဖြင့် ဘု ရား သ ခင့် သား တော် မှန် လျှင် ကိုယ် ကို ဤ မှ ချ လိုက် တော် မူ ပါ ဟု လျှောက် ရာ၊ 12ယေ ရှု က၊ သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အ စုံ အ စမ်း မ ပြု ရ၊ ကျမ်း ဆို ရှိ သည် ဟု ပြန်၍ မိန့် တော် မူ၏။ 13မာရ် နတ် လည်း စုံ စမ်း ခြင်း ကို အ ပြီး သတ်၍ ကာ လ အ တန် ကြာ ခွာ သွား လေ၏။
14ယေ ရှု သည် ဝိ ညာဉ် တော်၏ တန် ခိုး တော် နှင့်၊ ဂါ လိ လဲ နယ် သို့ ပြန် ကြွ၍ ပတ် ဝန်း ကျင် အ ရပ် ရပ်၌ ကိုယ် တော့် အ ကြောင်း သ တင်း ကြေ ငြာ လျက်၊ 15ဓ မ္မာ ရုံ များ တွင် ဒေ သ နာ ပေး တော် မူ ရာ ရှိ သ မျှ တို့ က ဘုန်း တော် ကို ချီး မြှောက် ကြ၏။
16ကြီး ပွား တော် မူ ရာ နာ ဇ ရက် မြို့ သို့ ရောက် သော် အ လေ့ တော် အ တိုင်း ဓ မ္မာ ရုံ အ တွင်း ဥပုသ် နေ့၌ ကြွ ဝင်၍ ဖတ် ရွတ် ရန် ထ တော် မူ သည့် ကာ လ၊ 17ပေး ကမ်း ကြ သော ပ ရော ဖက် ဟေ ရှာ ယ ကျမ်း စာ ကို ဖွင့် တော် မူ ရာ၊ 18-19သူ ဆင်း ရဲ တို့ အား ဝမ်း မြောက် ဖွယ် သ တင်း ကို ကြော် ငြာ စေ ခြင်း ငှါ လည်း ကောင်း၊ အ ကျဥ်း သား တို့ ပွင့် လွတ် ခွင့်၊ မျက် မ မြင် တို့ အား မြင် ရ ခွင့် ကို ကြား ပြော စေ ခြင်း ငှါ လည်း ကောင်း၊ နှိပ် စက် ခံ ရ သူ တို့ ကို အ လွတ် ထား စေ ခြင်း ငှါ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား လက် ခံ တော် မူ ဖွယ် နှစ် ကာ လ ကို ကြား ပြော စေ ခြင်း ငှါ လည်း ကောင်း ငါ့ ကို ဘိ သိက် သွန်း၍ စေ လွှတ် တော် မူ သည် နှင့် အ ညီ ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် သည် ငါ့ အ ပေါ် တွင် တည် နေ လျက် ရှိ သည် ဟူ သော အ ချက် ကို တွေ့ တော် မူ ၏။ 20ကျမ်း စာ ကို ပိတ်၍ အ မှု ဆောင် အား ပေး လိုက် ပြီး နောက် ထိုင် တော် မူ ရာ ဓ မ္မာ ရုံ တွင် ရှိ သ မျှ သော သူ တို့ စိုက် ကြည့် ကြ စဉ်၊ 21ကိုယ် တော် က၊ ထို ကျမ်း ချက် သည် ယ နေ့ သင် တို့ ရှေ့ မှောက် တွင် ပင် ပြည့် စုံ လေ ပြီ ဟု မိန့် တော် မူ ၏။ 22ရှိ သ မျှ သော သူ တို့ သည် ကိုယ် တော့် အ ကြောင်း ကို သက် သေ ခံ၍ ကျေး ဇူး နှင့် ပြည့် စုံ သော နှုတ် တော် ထွက် စ ကား များ ကို အံ့ သြ လျက် ဤ သူ ကား ယော သပ်၏ သား မ ဟုတ် လော ဟု ဆို ကြ ရာ၊ 23ကိုယ် တော် က၊ သင် တို့ သည် ငါ့ အား အ ချင်း ဆေး သ မား၊ ကိုယ် ကို ကျန်း မာ စေ လော့ ဟူ သော ဆို ရိုး အ လိုက်၊ က ပေ ရ နောင် မြို့ တွင် ပြု ခဲ့ ကြောင်း ငါ တို့ ကြား ရ သ မျှ ကို နေ ရင်း မြို့၌ လည်း ပြု ဦး လော့၊ ဆို ကောင်း ဆို ကြ လိမ့် မည် ဟု မိန့် တော် မူ ပြီး နောက်၊ 24မည် သည့် ပ ရော ဖက် မျှ နေ ရင်း မြို့ တွင် မျက် နှာ မ ရ တတ် ငါ အ မှန် ဆို ၏။ 25ဧ လိ ယ လက် ထက် ကောင်း ကင် ကို သုံး နှစ် နှင့် ခြောက် လ ပိတ် ထား၍ ပြည် လုံး နှံ့ အ စာ ခေါင်း ပါး ခြင်း ဘေး ရောက် လာ သော် ဣ သ ရေ လ လူ မျိုး တွင် မု ဆိုး မ အ များ ရှိ သော် လည်း၊ 26မည် သူ့ ထံ မျှ ဧ လိ ယ ကို စေ လွှတ် တော် မူ သည် မ ဟုတ်။ ဇိ ဒုန် ပြည် ဇ ရ တ္ထ မြို့ ရှိ မု ဆိုး မ ထံ သာ စေ လွှတ် တော် မူ ၏။ 27၎င်း ပြင်၊ ပ ရော ဖက် ဧ လိ ရှဲ လက် ထက် ဣ သ ရေ လ လူ မျိုး တော် တွင် လူ နူ အ များ ရှိ သော် လည်း မည် သူ မျှ သန့် ခွင့် မ ရ။ ရှု ရိ လူ မျိုး နေ မန် သာ ရ၏။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ သော်၊ 28ဓ မ္မာ ရုံ၌ ရှိ သ မျှ သော သူ တို့ ကြား သ ဖြင့် အ မျက် ထွက်၍၊ 29ထ ပြီး လျှင် မြို့ တည် ရာ ကုန်း ထိပ် စွန်း မှ ပစ် ချ ရန် ကိုယ် တော် ကို မြို့ ပြင် သို့ ဆွဲ ထုတ် ကြ ၏။ 30ကိုယ် တော် မူ ကား သူ တို့ အ လယ် မှ လျှောက် ကြွ တော် မူ ၏။
31ဂါ လိ လဲ နယ် က ပေ ရ နောင် မြို့ သို့ ရောက်၍ ဥ ပုသ် နေ့ တွင် ဒေ သ နာ ပေး တော် မူ စဉ်၊ 32အာ ဏာ ဒေ သ နာ ပေး သော ကြောင့် အံ့ သြ ကြ ၏။ 33ဓ မ္မာ ရုံ တွင် ရှိ သော နတ် ဆိုး ပူး သူ တစ် ယောက် က၊ 34ဪ နာ ဇ ရက် မြို့ သား ယေ ရှု၊ ကိုယ် တော် သည် အ ကျွန်ုပ် တို့ နှင့် မည် သို့ ဆိုင် သ နည်း။ အ ကျွန်ုပ် တို့ ကို ဖျက် ဆီး ရန် ကြွ လာ တော် မူ ပြီ လော။ ကိုယ် တော် သည် ဘု ရား သ ခင်၏ သန့် ရှင်း သူ ဖြစ် ကြောင်း ကို အ ကျွန်ုပ် သိ ပါ သည် ဟု အ သံ ကျယ် စွာ ဟစ် သော်၊ 35ယေ ရှု က၊ တိတ် လော့။ ထို သူ မှ ထွက် လော့ ဟု ဆုံး မ တော် မူ သ ဖြင့် နတ် သည် ထို သူ့ ကို အ လယ် တွင် လှဲ ချ ပြီး လျှင်၊ 36အ န္တ ရာယ် မ ပြု ဘဲ ထွက် ခွာ၏။ ရှိ သ မျှ တို့ လည်း အံ့ သြ၍ ဤ ဒေ သ နာ မှာ မည် သို့ နည်း။ နတ် ဆိုး များ ပင် အာ ဏာ တန် ခိုး နှင့် အ မိန့် ရှိ က ထွက် ခွာ ရ ကြ ပါ သည် တ ကား ဟု အ ချင်း ချင်း ပြော ဆို ကြ၏။ 37ကိုယ် တော့် အ ကြောင်း သ တင်း သည် ပတ် ဝန်း ကျင် အ ရပ် ရပ်၌ ကြေ ငြာ၏။
38ထို ဓ မ္မာ ရုံ မှ ထ သွား၍ ရှိ မုန့် အိမ် သို့ ကြွ ဝင် တော် မူ သော် ရှိ မုန်၏ ယော က္ခ မ မိန်း မ သူ သည်၊ အ ပြင်း အ ထန် အ ဖျား ရော ဂါ စွဲ ကပ် ရှိ နေ ကြောင်း လျှောက် တောင်း ကြ သည့် အ တိုင်း၊ 39အ ပါး တွင် ရပ် လျက် ရော ဂါ ကို ဆုံး မ တော် မူ သ ဖြင့် ထို မိန်း မ သည် ရုတ် ခြင်း အ ဖျား ပျောက်၍ ထ ပြီး လျှင် လုပ် ကျွေး သ မှု ပြု လေ ၏။
40နေ ဝင် ချိန် ရောက် သော်၊ တစ် စုံ တစ် ရာ ရော ဂါ စွဲ ကပ် သော သူ နာ ရှင် အ ပေါင်း တို့ သည် အ ထံ တော် သို့ ဆောင် ခဲ့ ကြ ရာ သူ နာ တိုင်း ပေါ် တွင် လက် တော် တင်၍ ကျန်း မာ စေ တော် မူ ၏။ 41နတ် အ များ တို့ လည်း ကိုယ် တော် သည် ဘု ရား သ ခင့် သား တော် တည်း ဟု ဟစ် လျက် ပူး ကပ် သူ တို့ အ ထဲ မှ ထွက် ခွာ ကြ ရာ ခ ရစ် တော် ဖြစ် ကြောင်း သိ ကြ သ ဖြင့် ပြော ဆို ခွင့် မ ပြု ဘဲ ဆုံး မ တော် မူ ၏။
42မိုး လင်း သော် ကိုယ် တော် သည် တော အ ရပ် သို့ ထွက် ကြွ တော် မူ သည် နှင့် လူ အ မြောက် အ မြား တို့ လိုက် ရှာ ရောက် လာ၍ ကြွ သွား တော် မူ စေ ရန် မြစ် တား လို ကြ ရာ၊ 43ကိုယ် တော် က၊ ဘု ရား သ ခင့် နိုင် ငံ တော် ဆိုင် ရာ သ တင်း တော် မြတ် ကို အ ခြား သော မြို့ ရွာ များ တွင် လည်း ငါ ကြား ပြော ရ မည်။ ထို အ ကြောင်း နှင့် ငါ့ ကို စေ လွှတ် တော် မူ လိုက် သည် ဟု မိန့် တော် မူ ပြီး နောက် 44ယု ဒ ပြည် ရှိ ဓ မ္မာ ရုံ များ တွင် ဟော ပြော လျက် နေ တော် မူ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်~လု~ကာ 4: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ