ရှင်~လု~ကာ 6
6
1ဥ ပုသ် နေ့ တွင် လယ် ကွက် များ ကို ဖြတ် ကြွ တော် မူ စဉ်၊ တ ပည့် တော် တို့ သည် စ ပါး နှံ များ ကို ဆွတ် ခူး ပွတ် နယ် လျက် သုံး ဆောင် ကြ ရာ၊ 2ဖာ ရိ ရှဲ အ ချို့ က၊ ဥ ပုသ် နေ့ တွင် မ အပ် သော အ မှု ကို အ ဘယ် ကြောင့် ပြု သ နည်း ဟု မေး ကြ သော်၊ 3ယေ ရှု က၊ ဒါ ဝိဒ် မင်း သည် နောက် ပါ တို့ နှင့် တ ကွ ဆာ မွတ် သော အ ခါ ဘု ရား သ ခင့် စံ ရာ တော် သို့ ဝင် ပြီး လျှင်၊ 4ပ ရော ဟိတ် တို့ သာ စား အပ် သော ရှေ့ တော် တင် မုန့် ကို ယူ စား၍ နောက် ပါ တို့ အား လည်း ပေး ကြောင်း ကို သင် တို့ မ ဖတ် ဘူး ကြ လော ဟူ၍ လည်း ကောင်း၊ 5လူ့ သား သည် ဥ ပုသ် နေ့၏ အ ရှင် ဖြစ် သည် ဟူ၍ လည်း ကောင်း မိန့် တော် မူ၏။
6အ ခြား သော ဥ ပုသ် နေ့၌ ဓ မ္မာ ရုံ သို့ ဝင်၍ ဒေ သ နာ ပေး တော် မူ သော် လက်ျာ လက် သေ ခြောက် လျက် နေ သော သူ တစ် ယောက် ရှိ သ ဖြင့်၊ 7ကျမ်း တတ် ဆ ရာ တို့ နှင့် ဖာ ရိ ရှဲ တို့ သည် ကိုယ် တော် ကို အ ပြစ် စွဲ ဆို ခွင့် ရ လို၍ ဥ ပုသ် နေ့ တွင် ကျန်း မာ စေ တော် မူ မည်၊ မ မူ မည် ကို စောင့် ကြည့် လျက် နေ ကြ သည့် ကာ လ၊ 8ထို သို့ ဆင် ခြင် ကြ သည် ကို သိ တော် မူ လျက် ကိုယ် တော် က ထ၍ အ လယ် တွင် ရပ် နေ လော့ ဟု လက် သေ ခြောက် သူ့ အား မိန့် တော် မူ သည့် အ တိုင်း ထ၍ ရပ် နေ စဉ်၊ 9ထို သူ တို့ အား ယေ ရှု က၊ ဥ ပုသ် နေ့ တွင် အ ကောင်း ကို ပြု အပ် သ လော။ အ ဆိုး ကို ပြု အပ် သ လော။ အ သက် ကို ကယ် အပ် သ လော။ ဖျက် ဆီး အပ် သ လော။ 10ငါ မေး သည် ဟု မိန့် တော် မူ၏။ ထို ကာ လ ရှိ သ မျှ တို့ ကို လှည့် ကြည့် ပြီး လျှင် လက် ဆန့် လော့ ဟု သူ နာ အား မိန့် တော် မူ သော် ဆန့် လိုက် သ ဖြင့် သန် စွမ်း ပြန် လေ၏။ 11ထို သူ တို့ လည်း ဒေါ သ စိတ် နှင့် ပြည့်၍ ယေ ရှု အား မည် သို့ ပြု နိုင် ကြောင်း ကို အ ချင်း ချင်း တိုင် ပင် ကြ၏။
12ထို နေ့ ရက် ကာ လ၌ ကိုယ် တော် သည် ပ ဌ နာ ပြု ရန် တောင် ပေါ် သို့ တက် ကြွ၍ တစ် ညဉ့် လုံး ဘု ရား သ ခင့် ထံ ပ ဌ နာ ပြု လျက် နေ တော် မူ၏။ 13-16မိုး လင်း သော်၊ တ ပည့် တော် တို့ ကို ခေါ် တော် မူ၍ ထို သူ တို့ အ နက် ပေ တ ရု ဟု သ မုတ် တော် မူ သော ရှိ မုန် နှင့် ညီ အ န္ဒြေ၊ ယာ ကုပ် နှင့် ယော ဟန်၊ ဖိ လိ ပ္ပု နှင့် ဗာ သော လ မဲ၊ မဿဲ နှင့် သော မ၊ အာ လ ဖဲ သား ယာ ကုပ် နှင့် ဝံ သာ နု ရှိ မုန်၊ ယာ ကုပ် သား ယု ဒ နှင့် ကိုယ် တော် ကို ပို့ အပ် သူ ယု ဒ ဣ ရှ ကာ ရုတ် တို့ တည်း ဟူ သော ဆယ့် နှစ် ပါး ကို တ မန် တော် ဘွဲ့ တပ်၍ ရွေး ကောက် ပြီး လျှင်၊ 17သူ တို့ နှင့် တ ကွ လွင် ပြင် သို့ ဆင်း ကြွ လျက် ရပ် တော် မူ သော် ကြီး စွာ သော တ ပည့် တော် ပ ရိ သတ် ပြင် ယေ ရု ရှ လင် မြို့၊ ယု ဒ ပြည် အ ရပ် ရပ်၊ ပင် လယ် ကမ်း နား ရှိ တု ရု၊ ဇိ ဒုန် နယ် များ မှ ကြား နာ ရန် လည်း ကောင်း၊ အ နာ ရော ဂါ ကင်း ပျောက် ရန် လည်း ကောင်း ရောက် လာ ကြ သော လူ အ မြောက် အ မြား ရှိ နေ လျက်၊ 18နတ် ဆိုး နှောင့် ရှက် ခံ ရ သူ တို့ ကို ကျန်း မာ စေ တော် မူ သည့် အ တိုင်း၊ 19တန် ခိုး တော် ထွက်၍ ရှိ သ မျှ ကို အ နာ ကင်း စေ သော ကြောင့် ကိုယ် တော် ကို တို့ ခြင်း ငှါ လူ ပ ရိ သတ် လုံး ရှာ ကြံ ကြ ၏။ 20ထို အ ခါ တ ပည့် တော် တို့ ကို မြော် ကြည့် လျက် မိန့် တော် မူ သည် မှာ၊ ဆင်း ရဲ သော သင် တို့၌ မင်္ဂ လာ ရှိ၏။ ဘု ရား သ ခင့် နိုင် ငံ တော် သည် သင် တို့ နိုင် ငံ ဖြစ်၏။ 21ယ ခု မွတ် သိပ် သော သင် တို့၌ မင်္ဂ လာ ရှိ၏။ သင် တို့ သည် ဝ ပြော ရ ကြ လ တ္တံ့။ ယ ခု ငို ကျွေး ရ သော သင် တို့၌ မင်္ဂ လာ ရှိ၏။ သင် တို့ သည် ရယ် မော ရ ကြ လ တ္တံ့။ 22လူ့ သား အ တွက် ကြောင့် လူ တို့ မုန်း ထား ခြင်း၊ သ ပိတ် မှောက် ခြင်း၊ ကဲ့ ရဲ့ ခြင်း၊ အ မည် ဆိုး အ ဖြစ် စွန့် ပယ် ခြင်း ကို ခံ ရ ကြ သော အ ခါ သင် တို့၌ မင်္ဂ လာ ရှိ၏။ 23ကောင်း ကင် ဘုံ၌ ခံ စား ရ မည့် အ ကျိုး ဆက် ကြီး မြတ် ကြောင်း ချင်း တို့ ဘိုး ဘေး များ သည် ပ ရော ဖက် တို့ အာ။ ထို နည်း တူ ပြု ခဲ့ ကြ ကြောင်း များ ကို ထောက်၍ ထို နေ့ ရက် ကာ လ၌ ဝမ်း မြောက် စွာ ခုန် ကြ လော့။ 24ကြွယ် ဝ သော သင် တို့ မှာ မူ၊ အ မင်္ဂ လာ ရှိ၏။ သင် တို့ သည် ကိုယ့် စည်း စိမ် ကို ခံ စား ခဲ့ ကြ ပြီ။ 25ယ ခု ဝ ပြော သော သင် တို့၌ အ မင်္ဂ လာ ရှိ၏။ သင် တို့ သည် မွတ် သိပ် ရ ကြ လ တ္တံ့။ ယ ခု ရယ် မော သော သင် တို့၌ အ မင်္ဂ လာ ရှိ၏။ သင် တို့ သည် မြည် တမ်း ငို ကြွေး ရ ကြ လ တ္တံ့။ 26လူ ခပ် သိမ်း တို့ အ ချီး အ မွမ်း ခံ ရ ကြ သော အ ခါ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ ချင်း တို့ ဘိုး ဘေး များ သည် မိ စ္ဆာ ပ ရော ဖက် တို့ ကို ထို နည်း တူ ချီး မွမ်း ခဲ့ ကြ ပြီ။
27ကြား နာ သော သင် တို့ အား၊ ငါ ဆို ပြန် သည် ကား ရန် သူ တို့ ကို ချစ် ခြင်း၊ မုန်း ထား သူ တို့ ကို အ ကောင်း ဆပ် ခြင်း၊ ကျိန် ဆဲ သူ တို့ ကို ကောင်း ကြီး ပေး ခြင်း၊ 28ရန် ညှိုး ဖွဲ့ သူ တို့ အ ဖို့ မေ တ္တာ ပို့ ခြင်း များ ကို ပြု ကြ လော့။ 29ပါး တစ် ဖက် ကို ရိုက် သော သူ့ အား တစ် ဘက် ကို ခံ ဦး လော့။ အ ပြင် အ င်္ကျီ ကို လု ယူ သူ့ အား အ တွင်း အ င်္ကျီ ကို ငြင်း ခြင်း၊ 30ပ စ္စည်း လု ယက် သူ့ ထံ ပြန် တောင်း ခြင်း မ ပြု ဘဲ တောင်း သူ တိုင်း အား ပေး လော့။ 31ကိုယ် ကို ပြု စေ လို သည့် အ တိုင်း သူ တစ် ထူး တို့ အား ပြု ကြ လော့။ 32သင် တို့ အ ပေါ်၌ ချစ် သူ တို့ ကို သာ ချစ် လျှင် မည် သည့် အ ကျိုး နည်း။ အ ပြစ် သား တို့ ပင် ထို သို့ ချစ် တတ် ကြ၏။ 33သင် တို့ အား ပြု စု သူ တို့ ကို သာ ပြု စု လျှင် မည် သည့် အ ကျိုး နည်း။ အ ပြစ် သား တို့ ပင် ထို သို့ ပြု တတ် ကြ၏။ 34ပြန် ရ မည် မျှော် လင့်၍ ချေး ငှါး လျှင် မည် သည့် အ ကျိုး နည်း။ အ ပြစ် သား တို့ ပင် အ ဆပ် ခံ ရ အံ့ သော ငှါ အ ချင်း ချင်း ချေး ငှါး တတ် ကြ၏။ 35သင် တို့ မူ ကား၊ ရန် သူ တို့ ကို ချစ် ခင် ပြု စု လျက်၊ ပြန် ရ မည် ကို မ မျှော် လင့် ဘဲ ချေး ငှါး ကြ လော့။ ထို သို့ ပြု လျှင် သင် တို့ သည် ကျေး ဇူး ကန်း သူ၊ ဆိုး သွမ်း သူ တို့ အ ပေါ်၌ သ နား တော် မူ သည့် မြင့် မြတ် သော အ ရှင်၏ သား များ မှန် လျက်၊ 36ကြီး မြတ် သော အ ကျိုး ဆက် ခံ ရ ကြ လ တ္တံ့။ သင် တို့ အ ဘ သည် က ရု ဏာ သက် တော် မူ သည့် နည်း တူ သင် တို့ လည်း သက် ကြ လော့။ 37မ စီ ရင် ဘဲ နေ ကြ လော့။ သင် တို့ လည်း စီ ရင် မ ခံ ဘဲ နေ ရ ကြ လိမ့် မည်။ အ ပြစ် မ တင် ဘဲ နေ ကြ လော့။ သင် တို့ လည်း အ ပြစ် တင် မ ခံ ဘဲ နေ ရ ကြ လိမ့် မည်။ ချမ်း သာ ပေး ကြ လော့။ သင် တို့ လည်း ချမ်း သာ ရ ကြ လိမ့် မည်။ 38ပေး ကမ်း ကြ လော့။ သင် တို့ လည်း ပေး ကမ်း ခြင်း ကို ခံ ရ ကြ လိမ့် မည်။ ကိုယ် ချိန် ပေး သည့် ပ မာ ဏ အ တိုင်း ခံ ရ သည့် ပြင် သိပ် နှိပ် လှုပ် ခါ ပြည့် လျှံ သော ပ မာ ဏ ကို သင် တို့ ရင် ခွင်၌ အ ထူး ခံ ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ၏။
39၎င်း ပြင်၊ ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ သူ ကန်း သည် သူ ကန်း ကို လမ်း ပြ နိုင် သ လော။ နှစ် ဦး လုံး ပင်၊ တွင်း ထဲ သို့ ကျ ရောက် မည် မ ဟုတ် လော။ 40တ ပည့် သည် ဆ ရာ့ ထက် မ သာ။ အ ပြီး သတ် သင် ပြီး မှ၊ တ ပည့် တိုင်း ဆ ရာ ကဲ့ သို့ ဖြစ် လိမ့် မည်။ 41ကိုယ့် မျက် စိ၌ ရှိ သော တုံး ကို မ ကြည့် ဘဲ ညီ အစ် ကို၏ မျက် စိ၌ ရှိ သော အ မှိုက် ကို အ ဘယ် ကြောင့် မြင် သ နည်း။ 42ကိုယ့် မျက် စိ၌ ရှိ သော တုံး ကို မ မြင် ဘဲ ညီ အစ် ကို သင့် မျက် စိ၌ ရှိ သော အ မှိုက် ကို ထုတ် ပစ် ပါ ရ စေ ဟု ညီ အစ် ကို အား မည် သို့ ဆို ဝံ့ မည် နည်း။ အ ချင်း သီ လ ကြောင်၊ ကိုယ့် မျက် စိ၌ ရှိ သော တုံး ကို ဦး စွာ ထုတ် ပစ် လော့။ သို့ မှ ညီ အစ် ကို၏ မျက် စိ၌ ရှိ သော အ မှိုက် ကို ထုတ် ပစ် ရန် ကြည် လင် စွာ မြင် လိမ့် မည်။ 43မ ကောင်း သော အ သီး ကို သီး သည့် အ ပင် ကောင်း အ လျှင်း မ ရှိ။ အ သီး ကောင်း သီး သည့် မ ကောင်း သော အ ပင် လည်း အ လျှင်း မ ရှိ။ 44အ သီး ကို ထောက်၍ အ ပင် တိုင်း ကို သိ ရ သည့် အ လျောက် ဆူး ပင် တွင် သ ဖန်း သီး၊ ပေါင်း ပင် တွင် စ ပျစ် သီး ကို မ ဆွတ် ခူး တတ်။ 45စိတ် နှ လုံး ပြည့် လျှံ သည့် အ တိုင်း နှုတ် က မြွက် တတ် သည် ဖြစ်၍၊ ကောင်း သော သူ သည် ကောင်း သော ကိုယ့် စိတ် ဘ ဏ္ဍာ ထဲ မှ ကောင်း သော အ ရာ များ ကို ထုတ် တတ်၏။ မ ကောင်း သော သူ လည်း မ ကောင်း သော ကိုယ့် ဘ ဏ္ဍာ ထဲ က မ ကောင်း သော အ ရာ များ ကို ထုတ် တတ်၏။
46ငါ မိန့် ဆို ချက် များ ကို မ လိုက် နာ ဘဲ ငါ့ ကို အ ရှင် ဘု ရား၊ အ ရှင် ဘု ရား ဟု အ ဘယ် ကြောင့် လျှောက် ကြ သ နည်း။ 47ငါ့ ထံ လာ၍ ငါ ဟော ပြော ချက် ကို ကြား လျက်၊ လိုက် နာ သူ တိုင်း မှာ မည် သူ နှင့် တူ ကြောင်း ဖော် ပြ မည်။ 48အိမ် ဆောက် သည့် ကာ လ နက် စွာ တူး၍ ကျောက် ပေါ် တွင် အ မြစ် ချ သော သူ နှင့် တူ၏။ ရေ ကြီး တက် စီး၍ ထို အိမ် ကို တိုက် ခတ် သော် လည်း ခိုင် စွာ တည် ထား သော ကြောင့် မ လှုပ် ရှား နိုင်။ 49ကြား လျက် မ လိုက် မ နာ သော သူ မူ ကား အ မြစ် မ ချ ဘဲ မြေ မျက် နှာ ပြင် ပေါ် တွင် အိမ် ဆောက် သော သူ နှင့် တူ၏။ ရေ တက်၍ တိုက် ခတ် သော် ရုတ် ခြင်း ပြို လဲ ပေါက် ကွဲ ဆုံး ပါး လေ စွ တ ကား ဟု မိန့် တော် မူ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်~လု~ကာ 6: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.