ရှင်~လု~ကာ 8
8
1ထို နောက် မ ကြာ မီ ကိုယ် တော် သည် ဘု ရား သ ခင့် နိုင် ငံ တော် ဆိုင် ရာ သ တင်း တော် မြတ် ကို ကြော် ငြာ ဟော ပြော လျက် ဆယ့် နှစ် ပါး တို့ နှင့် တ ကွ မြို့ ရွာ အ ရပ် ရပ် သို့ လှည့် လည် တော် မူ ရာ၊ 2နတ် ဆိုး ခု နစ် ကောင် ထွက် ခွာ ဖူး သော မာ ဂ ဒ လ ခေါ် မာ ရိ၊ ဟေ ရုဒ် မင်း ဘ ဏ္ဍာ စိုး ဥ ဇာ၏ မ ယား ယော ဟ န္န၊ 3ရှု ရှ န္န တို့ နှင့် နတ် ဆိုး ပူး ခြင်း၊ အ နာ ရော ဂါ ကပ် ခြင်း မှ ကင်း စေ တော် မူ ဘူး သော အ ခြား ဒါ ယ ကာ မ အ များ သည် ကိုယ့် စ ရိတ် နှင့် လုပ် ကျွေး သ မှု ပြု လျက် လိုက် ပါ ကြ၏။
4ကြီး စွာ သော လူ ပ ရိတ် သတ် သည် အ မြို့ မြို့ မှ အ ထံ တော် သို့ စု ရုံး ရောက် လာ ကြ သော် ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ၊ 5မျိုး ကြဲ သူ တစ် ယောက် သည် မျိုး ကြဲ ရန် ထွက် သွား လျက် ကြဲ သည့် ကာ လ၊ မျိုး စေ့ အ ချို့ သည် လမ်း ပေါ် တွင် ကျ သ ဖြင့် လူ ကျော် နင်း၍ လေ သ တ္တ ဝါ များ ကောက် စား ကြ ၏။ 6အ ချို့ သည် ကျောက် ပေါ် တွင် ကျ၍ ပေါက် သော် ရေ မ ရှိ သော ကြောင့် ညှိုး နွမ်း သေ ပျောက် ၏။ 7အ ချို့ မှာ ဆူး ကြား တွင် ကျ ၍ ဆူး ပင် များ သည် အ တူ ပေါက် လျက် ဖိ စီး သ ဖြင့် သေ၏။ 8အ ချို့ မူ ကား မြေ ကောင်း ရာ တွင် ကျ ၍ ပေါက် ပြီး မှ အ သီး အ ဆ တစ် ရာ ထွက် သည် ဟု မိန့် တော် မူ ပြီး နောက် ကြား နာ ရန် နား ရှိ သူ ကြား နာ စေ ဟု ကြွေး ကြော် တော် မူ ၏။
9ထို ဥ ပ မာ အ ဓိ ပ္ပါယ် ကို တ ပည့် တော် တို့ မေး လျှောက် ကြ သော်၊ 10ကိုယ် တော် က သင် တို့ မှာ ဘု ရား သ ခင့် နိုင် ငံ တော် နှင့် စပ် လျဉ်း သည့် နက် နဲ ရာ များ ကို သိ ခွင့် ရ ကြ ၏။ ကျန် ကြွင်း သူ တို့ ကို ကား ကြည့် လျက် ပင် သိ မြင် ခြင်း၊ ကြား လျက် ပင် နား လည် ခြင်း ကင်း စေ ရန် ဥ ပ မာ များ ဖြင့် ဟော ပြော ရ ၏။ 11ဆို ခဲ့ သော ဥ ပ မာ အ ဓိ ပ္ပါယ် ကား မျိုး စေ့ သည် ဘု ရား သ ခင့် တ ရား တော် ဖြစ်၏။ 12လမ်း ပေါ် တွင် ကျ သူ တို့ မှာ ကြား နာ ပြီး နောက် ယုံ ကြည်၍ ကယ် တင် ခြင်း သို့ မ ရောက် စေ ရန် စိတ် နှ လုံး ထဲ က တ ရား တော် ကို မာရ် နတ် လာ၍ နုတ် ယူ တတ်၏။ 13ကျောက် ပေါ် တွင် ကျ သူ တို့ မှာ တ ရား တော် ကို ကြား သော် ရွှင် လန်း စွာ နာ ယူ သော် လည်း အ မြစ် မ စွဲ သ ဖြင့် ခ ဏ မျှ သာ ယုံ ကြည်၍ စုံ စမ်း ခြင်း ခံ ရ သည့် ကာ လ ဖောက် ပြန် သူ များ ဖြစ် ၏။ 14ဆူး ကြား တွင် ကျ သည့် အ စေ့ မှာ ကြား နာ ပြီး နောက် သွား လာ ရာ တွင် ဤ ဘ ဝ သော က ရှိ ခြင်း၊ စည်း စိမ် ကြီး ရှိ ခြင်း၊ ပျော် မွေ့ ခြင်း များ ဖိ စီး သ ဖြင့် အောင် မာ စွာ အ သီး မ သီး သော သူ များ ဖြစ် ၏။ 15ကောင်း သော မြေ တွင် ကျ သည့် အ စေ့ မူ ကား၊ ရိုး ဖြောင့် ကောင်း မွန် သော စိတ် နှ လုံး နှင့် တ ရား တော် ကို ကြား နာ စွဲ ကိုင် လျက် တည် ကြည် စွာ အ သီး သီး သူ များ ဖြစ်၏။
16မီး ထွန်း ပြီး နောက် အိုး နှင့် ဖုံး ခြင်း၊ ခု တင် အောက်၌ ထား ခြင်း ကို မည် သူ မျှ မ ပြု တတ်။ အ လင်း ကို ဝင် လာ သူ တို့ မြင် နိုင် ရန် ခုံ ပေါ် တွင် သာ တင် ထား တတ်၏။ 17မ ထင် ရှား နိုင် အောင် ဝှက် ထား သော အ ရာ ပေါ် ၍ မ သိ နိုင် အောင် ဖုံး ထား သော အ ရာ မ ရှိ ချေ။ 18ထို့ ကြောင့် မည် သို့ ကြား နာ သည် ကို သ တိ ပြု ကြ လော့။ ရ ရှိ သော သူ့ အား ထပ်၍ ပေး လိမ့် မည်။ မ ရ မ ရှိ သော သူ မှ မူ ကား ရှိ သည် ဟူ၍ ထင် သ မျှ ကို ပင် နုတ် ယူ လိမ့် မည် ဟု မိန့် တော် မူ ၏။
19ထို နောက် မယ် တော် နှင့် ညီ တော် တို့ သည် ရောက် လာ၍ ပ ရိ သတ် ထူ ထပ် သော ကြောင့် အ ထံ တော် သို့ မ ချဉ်း မ ကပ် နိုင် ကြ ရာ၊ 20မယ် တော် နှင့် ညီ တော် တို့ သည် ကိုယ် တော် ကို တွေ့ လို၍ ပြင် မှာ ရပ် နေ ပါ သည် ဟု ကြား လျှောက် ကြ သည့် ကာ လ၊ 21ကိုယ် တော် က ဘု ရား သ ခင့် တ ရား တော် ကို ကြား လျက် လိုက် နာ သော ဤ သူ တို့ ကား ငါ့ အ မိ၊ ငါ့ ညီ တို့ တည်း ဟု ပြန်၍ မိန့် တော် မူ၏။
22တစ် နေ့ သ၌ ကိုယ် တော် သည် တ ပည့် တော် တို့ နှင့် တ ကွ လှေ ပေါ် သို့ တက် ပြီး လျှင် အိုင် တစ် ဘက် ကမ်း သို့ ကူး သွား ကြ ကုန် အံ့ ဟု မိန့် တော် မူ သည့် အ တိုင်း ထွက် ခွာ စီး သွား ကြ စဉ်၊ 23စက် တော် ခေါ် တော် မူ၏။ ထို အ ခါ အိုင်၌ လေ မုန် တိုင်း ကျ၍ လှေ တွင် ရေ ပြည့် သ ဖြင့် ဘေး တွေ့ ကြ ရာ၊ 24တ ပည့် တော် တို့ ချဉ်း ကပ် ပြီး လျှင် သ ခင်၊ သ ခင်၊ သေ ဆုံး ရ ပါ တော့ မည် ဟု လျှောက် ဆို လျက် နှိုး ကြ သော် ကိုယ် တော် သည် ထ၍ လေ နှင့် လှိုင်း တံ ပိုး ကို ဆုံး မ တော် မူ သ ဖြင့် ရပ် စဲ ငြိမ် ဝပ် ရ လေ ၏။ 25ကိုယ် တော် က လည်း သင် တို့ ယုံ ကြည် ခြင်း သည် အ ဘယ် မှာ နည်း ဟု မေး တော် မူ ရာ ကြောက် ရွံ့ အံ့ သြ၍ ဤ သူ ကား မည် သူ နည်း။ လေ နှင့် ရေ ပင် အ မိန့် ရှိ က နား ထောင် ရ ပါ သည် တ ကား ဟု အ ချင်း ချင်း ပြော ဆို ကြ ၏။
26ဂါ လိ လဲ နယ် တစ် ဘက် ကမ်း ရှိ ဂေ ရ သေ န နယ် သို့ ဆိုက် ရောက် ကြ ပြီး လျှင်၊ 27ကုန်း ပေါ် သို့ တက် ကြွ တော် မူ ခိုက် နတ် အ များ ပူး၍ ကာ လ ရှည် စွာ အ ဝတ် မ ကပ် ဘဲ အိမ် တွင် မ နေ၊ သင်္ချိုင်း ဂူ များ တွင် သာ နေ ထိုင် သော ထို မြို့ သား တစ် ယောက် ဆီး ကြို လေ၏။ 28-29ထို သူ ကား ကြိမ်ဖန် များ စွာ နတ် ဖမ်း စား သ ဖြင့် သံ ကြိုး များ၊ ခြေ ချင်း များ နှင့် တုတ် နှောင် စောင့် ကြပ် ကြ သော် လည်း အ တုပ် အ နှောင် ကို ချိုး ဖြတ်၍ နတ် လွှင့် ရာ တော သို့ သွား ရ သ တည်း။ သူ သည် ယေ ရှု ကို မြင် သော် အော် ဟစ် ပျပ် ဝပ် လျက် နတ် ဆိုး ထွက် ခွာ စေ ရန် မိန့် မှာ တော် မူ သော ကိုယ် တော် အား မြင့် မြတ် သော ဘု ရား သ ခင့် သား တော် ယေ ရှု၊ ကိုယ် တော် သည် အ ကျွန်ုပ် နှင့် မည် သို့ ဆိုင် သ နည်း။ အ ကျွန်ုပ် ကို မ ညှဥ်းပန်း စေ ရန် တောင်း ပန် ပါ သည် ဟု ကျယ် စွာ လျှောက် ထား လျှင်၊ 30ယေ ရှု က သင့် အ မည် ကား မည် သို့ နည်း ဟု မေး တော် မူ သော် နတ် အ များ ဝင် နေ သော ကြောင့် သောင်း တပ် ဟု လျှောက် ဆို ပြီး နောက်၊ ထို နတ် ဆိုး တို့ သည်၊ 31င ရဲ ထဲ သို့ နှင် တော် မ မူ စေ ရန် တောင်း ပန် ကြ ၏။ 32ထို အ ခါ တောင် စောင်း မှာ ဝက် အုပ် ကြီး ကျက် စား လျက် ရှိ သ ဖြင့် ဝက် အုပ် ထဲ သို့ ဝင် ခွင့် တောင်း ကြ သည့် အ တိုင်း ခွင့် ပြု တော် မူ၏။ 33နတ် များ သည် ထို သူ မှ ထွက် ခွာ ပြီး လျှင် ဝက် အုပ် ထဲ သို့ ဝင် ကြ သ ဖြင့် ထို ဝက် အုပ် သည် ကမ်း စောက် ကို တစ် ဟုန် တည်း ပြေး ဆင်း၍ အိုင် တွင် နစ် မွန်း သေ ဆုံး ကြ၏။ 34ထို သို့ ဖြစ် ပျက် သည် ကို ဝက် ကျောင်း တို့ မြင် ကြ သော် ထွက် ပြေး၍ မြို့ ရွာ များ၌ သ တင်း ကြား ပြော ကြ သည့် ကာ လ၊ 35ထို အ ဖြစ် အ ပျက် များ ကို သိ မြင် ရန် ထွက် လာ သူ တို့ သည် ယေ ရှု ထံ တော် သို့ ရောက် ရာ နတ် များ ထွက် ခွာ ပြီး သူ သည် အ ဝတ် ဝတ် ဆင် လျက်၊ စိတ် ကောင်း ပြန် လျက်၊ ယေ ရှု ခြေ တော် ရင်း တွင် ထိုင် နေ သည် ကို တွေ့ မြင် သော် ကြောက် ရွံ့ ကြ၏။ 36နတ် ပူး သူ သည် မည် သို့ ကျန်း မာ ကြောင်း ကို ဒိ ဋ္ဌ မြင် ခဲ့ သူ တို့ ကြား ပြော ကြ ရာ၊ 37ပတ် ဝန်း ကျင် ရှိ ဂေ ရ သေ န နယ် သူ နယ် သား အ ပေါင်း တို့ သည် အ လွန် ကြောက် ရွံ့၍ ထွက် ကြွ တော် မူ စေ ရန် တောင်း ပန် ကြ သည့် အ လျောက် လှေ ပေါ် သို့ တက် လျက် ပြန် ကြွ မည် ပြု တော် မူ စဉ်၊ 38နတ် များ ထွက် ခွာ ပြီး သူ သည် အ ပါး တော် တွင် နေ ရ ပါ မည့် အ ကြောင်း တောင်း လျှောက် သော်၊ 39ကိုယ် တော် က အိမ် သို့ ပြန် လျက် ဘု ရား သ ခင် သည် မည် မျှ ကျေး ဇူး ပြု တော် မူ ကြောင်း ဖော် ပြ လော့ ဟု မိန့် မှာ၍ လွှတ် လိုက် တော် မူ သည့် အ တိုင်း ထို သူ သွား၍ မည် မျှ ကျေး ဇူး ကို ယေ ရှု ပြု တော် မူ ကြောင်း မြို့ လုံး နှံ့ ကြော် ငြာ လေ၏။
40ယေ ရှု ပြန် ရောက် တော် မူ သော် လူ ပ ရိ သတ် ရှိ သ မျှ သည် ကိုယ် တော် ကို စောင့် မျှော် ကြ သည့် အ လျောက် လက် ခံ ကြ စဉ်၊ 41-42ယာ ဣ ရု အ မည် ရှိ သော ဓ မ္မာ ရုံ အုပ် တစ် ဦး သည် လာ၍ ယေ ရှု ခြေ တော် ရင်း တွင် ပျပ် ဝပ် လျက် အ သက် တစ် ဆယ့် နှစ် နှစ် ရှိ သော ဧ က ဓီ တ သ မီး သေ အံ့ ဆဲ ရှိ နေ သော ကြောင့် အိမ် သို့ ကြွ တော် မူ ရန် တောင်း လျှောက် သ ဖြင့် လူ ပ ရိ သတ် တိုး ဝှေ့ လျက် လိုက် ကြွ တော် မူ၏။
43ထို အ ခါ တစ် ဆယ့် နှစ် နှစ် တိုင် သွေး သွန် နာ စွဲ လျက် မည် သူ မျှ ကု သ၍ မ ရ သော မိန်း မ တစ် ယောက် သည်၊ 44နောက် က လာ၍ အ ဝတ် တော် ပန်း ပွား ကို တို့ လျှင် တို့ ခြင်း သွေး သွန် နာ ရပ် လေ၏။ 45ယေ ရှု က လည်း ငါ့ ကို တို့ သော သူ မည် သူ နည်း ဟု မေး တော် မူ ရာ ရှိ သ မျှ တို့ ငြင်း ကြ ဆို သည့် ကာ လ ပေ တ ရု က သ ခင်၊ လူ ပရိ သတ် သည် ကိုယ် တော် ကို တိုး ဝှေ့ ညှပ် မိ လျက် ရှိ ပါ သည် တ ကား ဟု လျှောက် သော် လည်း ငါ့ ကို တစ် ယောက် ယောက် တို့ ပြီ။ 46တန် ခိုး တော် ထွက် ကြောင်း ငါ သိ သည် ဟု ယေ ရှု မိန့် တော် မူ ပြန် သော် ထို မိန်း မ သည် တုန် လှုပ် လျက်၊ 47ပုန်း ကွယ်၍ မ နေ နိုင် ကြောင်း ကို သိ သ ဖြင့် ချဉ်း ကပ် ပျပ် ဝပ် ပြီး လျှင်၊ ကိုယ် တော် ကို မည် သည့် အ တွက် တို့ ကြောင်း၊ တို့ သည့် ခဏ ခြင်း တွင် ကျန်း မာ ရ ကြောင်း များ ကို အား လုံး ရှေ့ ကြား လျှောက်၏။ 48ထို အ ခါ ကိုယ် တော် က ငါ့ သ မီး၊ စိတ် ဧ လျက် သွား တော့၊ သင်၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ၏။
49ထို သို့ မိန့် တော် မူ စဉ် ဓ မ္မာ ရုံ အုပ် အိမ် မှ လူ တစ် ယောက် လာ၍ အ ရှင့် သ မီး သေ ဆုံး ပြီ။ ဆ ရာ ကို ဆက် လက် ပင် ပန်း မ ရှာ ပါ နှင့် တော့ ဟု ပြော သော စ ကား ကို ကြား တော် မူ သော်၊ 50ယေ ရှု က မ ကြောက် လင့်၊ ယုံ ကြည် ခြင်း သာ ရှိ လော့၊ သူ ငယ် မ ကျန်း မာ လိမ့် မည် ဟု မိန့် တော် မူ ပြီး လျှင်၊ 51အိမ် သို့ ကြွ ရောက် ရာ ပေ တ ရု၊ ယော ဟန်၊ ယာ ကုပ် တို့ နှင့် သူ ငယ် မ ၏ မိ ဘ တို့ ပြင် မည် သူ့ ကို မျှ ဝင် လိုက် ခွင့် ပြု တော် မ မူ။ 52ရှိ သ မျှ တို့ ငို ကြွေး ရင် တီး လျက် နေ ကြ စဉ် မ ငို ကြွေး ကြ နှင့်၊ သူ ငယ် မ သေ သည် မ ဟုတ်။ အိပ် နေ သည် ဟု မိန့် တော် မူ လျှင်၊ 53သူ ငယ် မ သေ ကြောင်း ကို သိ သည့် အ လျောက် ကိုယ် တော် ကို ပြက် ရယ် ပြု ကြ၏။ 54ကိုယ် တော် မူ ကား သူ ငယ် မ လက် ကို ကိုင် လျက် သူ ငယ် မ ထ လော့ ဟု ကျယ် စွာ မိန့် တော် မူ သ ဖြင့် အ သက် ပြန် ဝင်၍၊ 55သူ ငယ် မ ရှောင် တ ခင် ထ လေ၏။ သူ ငယ် မ အား စား ဖွယ် ကြွေး ရန် အ မိန့် ရှိ တော် မူ ပြီး နောက်၊ 56ထို အ ဖြစ် အ ပျက် ကို မည် သူ့ အား မျှ မ ကြား ပြော ကြ စေ ရန် အံ့ အား သင့် သော မိ ဘ တို့ ကို မိန့် မှာ တော် မူ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်~လု~ကာ 8: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.

: