ရှင်~မာ~ကု 10
10
1ထို အ ရပ် မှ ထွက်၍ ယု ဒ နယ် ယော် ဒန် မြစ် တစ် ဘက် နယ် များ သို့ ကြွ တော် မူ ရာ လူ အ မြောက် အ များ သည် ကိုယ် တော့် ထံ စု ရုံး ကြ ပြန် သ ဖြင့် အ လေ့ တော် အ တိုင်း ဒေ သ နာ ပေး တော် မူ ပြန် ၏။ 2ထို အ ခါ ဖာ ရိ ရှဲ တို့ ချဉ်း ကပ်၍ ယောက်ျား သည် မ ယား ကို ကွာ အပ် သ လော ဟု စုံ စမ်း လျက် မေး မြန်း ကြ သော်၊ 3မော ရှေ သည် သင် တို့ အား မည် သို့ ပ ညတ် သ နည်း ဟု ပြန်၍ မေး တော် မူ လျှင်၊ 4သူ တို့ က ဖြတ် စာ ရေး ပေး၍ ကွာ စေ ရန် မော ရှေ ခွင့် ပြု ပါ သည် ဟု ဆို ကြ ၏။ 5ထို အ ခါ ယေ ရှု က သင် တို့ စိတ် ခဲ ယဉ်း သော ကြောင့် ထို ပ ညတ် ကို ရေး ထား သည်။ 6ဖန် ဆင်း တော် မူ ရင်း အ စ က မူ ကား ယောက်ျား နှင့် မိန်း မ ကို ဖြစ် စေ တော် မူ ၏။ 7ထို အ ကြောင်း ကြောင့် ယောက်ျား သည် မိ ဘ ထံ မှ ထွက် ခွာ သ ဖြင့် လင် မ ယား နှစ် ဦး သည် တစ် သား တည်း ဖြစ် ရ လိမ့် မည်။ 8သို့ ဖြစ်၍ နှစ် ဦး မ ဟုတ် တစ် သား တည်း ဖြစ် သည် နှင့်၊ 9ဘု ရား သ ခင် တွဲ ဘက် တော် မူ သော သူ တို့ ကို လူ မ ခွဲ မ ခွာ ရ ဟု မိန့် တော် မူ၏။ 10အိမ် အ တွင်း ထို အ ကြောင်း နှင့် စပ် လျဉ်း၍ တ ပည့် တော် တို့ ထပ် မံ မေး လျှောက် ကြ ရာ၊ 11ကိုယ် တော် က မည် သူ မ ဆို မ ယား ကို ကွာ၍ တစ် ပါး သော မိန်း မ နှင့် အိမ် ထောင် ဖက် ပြု လျှင် မ ယား ကို ပြစ် မှား သူ ဖြစ် ၏။ 12လင် ကို ကွာ၍ တစ် ပါး သော ယောက်ျား နှင့် အိမ် ထောင် ဖက် ပြု သော မ ယား လည်း မှား ယွင်း သူ ဖြစ် သည် ဟု မိန့် တော် မူ ၏။
13ထို နောက် တို့ တော် မူ စေ ခြင်း ငှာ၊ သူ ငယ် တို့ ကို ကိုယ် တော့် ထံ ဆောင် ခဲ့ ကြ သော် တ ပည့် တော် တို့ ဆုံး မ သည် ကို 14ယေ ရှု သိ မြင် လျှင် စိတ် တော် ညို၍ သူ ငယ် တို့ ကို ငါ့ ထံ လာ စေ ကြ လော့။ မ ဆီး တား ကြ နှင့်။ ဘု ရား သ ခင့် နိုင် ငံ တော် သည် ထို သို့ သော သူ တို့၏ နိုင် ငံ ဖြစ် သည်။ 15မည် သူ မ ဆို ဘု ရား သ ခင့် နိုင် ငံ တော် ကို သူ ငယ် ကဲ့ သို့ မ ခံ ယူ လျှင် ဝင် ရ မည် မ ဟုတ်။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ ပြီး နောက်၊ 16သူ ငယ် တို့ ကို ပိုက် ပွေ့ လျက် လက် တော် တင်၍ ကောင်း ကြီး ပေး တော် မူ ၏။
17ခ ရီး ထွက် ကြွ တော် မူ စဉ် လူ တစ် ယောက် သည် ပြေး လာ လျက် ရှေ့ တော် တွင် ဒူး တုပ် ပြီး လျှင် ကောင်း မွန် သော ဆ ရာ၊ ထာ ဝ ရ အ သက် ကို အ ပိုင် ရ ခြင်း ငှာ မည် သို့ ပြု ရ ပါ နည်း ဟု မေး သော်၊ 18ယေ ရှု က ငါ့ ကို ကောင်း မွန် သည် ဟု အ ဘယ် ကြောင့် ဆို သ နည်း။ ဘု ရား သ ခင် မှ တစ် ပါး ကောင်း မွန် သူ မ ရှိ။ 19သူ့ အ သက် ကို မ သတ် နှင့်။ သူ့ သား အိမ် ရာ ကို မ ပြစ် မှား နှင့်။ သူ့ ဥ စ္စာ ကို မ ခိုး နှင့်။ မု သာ သက် သေ မ ခံ နှင့်။ လိမ် လည် ခြင်း မ ပြု နှင့်။ မိ ဘ ကို ရို သေ သ မှု ပြု လော့ ဟူ သော ပ ညတ် တော် များ ကို သင် သိ ပြီ ဟု မိန့် တော် မူ သည့် ကာ လ၊ 20ထို သူ က ဆ ရာ၊ ထို ပ ညတ် တော် ရှိ သ မျှ ကို ငယ် စဉ် က ပင် စောင့် ရှောက် ပါ ပြီ ဟု လျှောက် သော်၊ 21ယေ ရှု သည် ထို သူ့ ကို ရှု ကြည့် နှစ် သက် လျက် စ ရိုက် တစ် ပါး လို သေး သည်။ သွား၍ ပိုင် သ မျှ ကို ရောင်း ချ ပြီး လျှင် သူ ဆင်း ရဲ တို့ အား ပေး ကမ်း လော့။ သို့ မှ ကောင်း ကင် ဘုံ တွင် ဘ ဏ္ဍာ ရ ရှိ လိမ့် မည်။ ငါ့ နောက် သို့ လည်း လိုက် လာ လော့ ဟု မိန့် တော် မူ ၏။ 22ထို စ ကား ကို ထောက်၍ ဥ စ္စာ ပ စ္စည်း ကြွယ် ဝ သူ ဖြစ် သော ကြောင့် မျက် နှာ ပျက် လျက် နှ လုံး မ သာ ထွက် သွား လေ ၏။
23ထို အ ခါ ယေ ရှု သည် လှည့် ကြည့်၍ တ ပည့် တော် တို့ အား ဥ စ္စာ ပ စ္စည်း ကြွယ် ဝ သူ တို့ သည် ဘု ရား သ ခင့် နိုင် ငံ တော် သို့ ဝင် ခဲ လှ စွာ တ ကား ဟု မိန့် တော် မူ သော်၊ 24တ ပည့် တော် တို့ အံ့ သြ ကြ သ ဖြင့် ချစ် သား တို့ #10.24 ဥစ္စာ ပ စ္စည်း ကို အား ကိုး သူ တို့ သည် ဟူ သော စ ကား များ သည် ရှေး ကျမ်း ဟောင်း အချို့ ၌ ပါ ရှိ ၏။ ဘု ရား သ ခင့် နိုင် ငံ တော် သို့ ဝင် ခဲ လှ စွာ တ ကား။ 25သူ ဌေး သူ ကြွယ် သည် ဘု ရား သ ခင့် နိုင် ငံ တော် သို့ ဝင် ရန် ထက် ကု လား အုပ် သည် အပ် နာ ဖား ကို လျှို ရန် လွယ် ကူ သည် ဟု မိန့် တော် မူ ပြန် သ ဖြင့်၊ 26တ ပည့် တော် တို့ သည် အ တိုင်း ထက် အံ့ သြ လျက် သို့ ဖြစ် လျှင် ကယ် တင် ခြင်း သို့ မည် သူ ရောက် နိုင် အံ့ နည်း ဟု အ ချင်း ချင်း မေး မြန်း ကြ ၏။ 27ယေ ရှု လည်း တ ပည့် တော် တို့ ကို ရှု ကြည့် လျက် ဤ သို့ လူ မ တတ် နိုင်။ ဘု ရား သ ခင် မူ ကား မ တတ် နိုင် သည် မ ဟုတ်။ အ ရာ ခပ် သိမ်း ကို တတ် နိုင် တော် မူ သည် ဟု မိန့် တော် မူ ၏။ 28ထို ကာ လ ပေ တ ရု က တ ပည့် တော် တို့ သည် အ လုံး စုံ စွန့် ခဲ့ ပြီး လျှင် နောက် တော် က လိုက် ကြ ပါ ပြီ ဟု လျှောက် သော်၊ 29ယေ ရှု က ငါ့ အ တွက် နှင့် သ တင်း တော် မြတ် အ တွက် ကြောင့် ညီ အစ် ကို၊ မောင် နှ မ၊ မိ ဘ၊ သား သ မီး၊ အိမ်၊ မြေ များ ကို စွန့် ခဲ့ လျှင်၊ 30ယ ခု ကာ လ တွင် ညှဉ်း ပန်း ခြင်း နှင့် တ ကွ ညီ အစ် ကို၊ မောင် နှ မ၊ အ မိ၊ သား သ မီး၊ အိမ်၊ မြေ အ ဆ တစ် ရာ ကို လည်း ကောင်း၊ နောင် ဘ ဝ တွင် ထာ ဝ ရ အ သက် ကို လည်း ကောင်း မ ရ ဘဲ နေ ရ သူ မ ရှိ ငါ အ မှန် ဆို ၏။ 31သို့ ရာ တွင် အ ဦး ဆုံး ကျ သူ အ များ သည် နောက် ဆုံး ကျ လိမ့် မည်။ နောက် ဆုံး ကျ သူ အ များ လည်း အ ဦး ဆုံး ကျ လိမ့် မည် ဟု မိန့် တော် မူ၏။
32ထို နောက် ယေ ရှု ဦး တည်၍ ယေ ရု ရှ လင် မြို့ သို့ သွား ကြ ရာ ခ ရီး အ ကြား တ ပည့် တော် တို့ သည် အံ့ သြ ခြင်း၊ လိုက် ပါ သူ တို့ လည်း ကြောက် ရွံ့ ခြင်း ရှိ ကြ သည့် ကာ လ တစ် ဆယ့် နှစ် ပါး တို့ ကို ထပ် မံ ခေါ်၍ ကိုယ်၌ ဖြစ် လ တ္တံ့ သော အ ကြောင်း အ ရာ များ ကို မိန့် တော် မူ သည် မှာ၊ 33-34ယေ ရု ရှ လင် မြို့ ရောက် ငါ တို့ သွား ကြ၏။ လူ့ သား သည် ပ ရော ဟိတ် ကြီး တို့ နှင့် ကျမ်း တတ် ဆ ရာ တို့ ထံ ပို့ အပ် ခံ ရ သ ဖြင့် ထို သူ တို့ သည် သေ ဒဏ် စီ ရင် ကြ ပြီး လျှင် သ ရော် ခြင်း၊ တံ တွေး ထွေး ခြင်း၊ ရိုက် နှက် ခြင်း၊ အ သေ သတ် ခြင်း များ ကို ပြု အံ့ သော လူ မျိုး ခြား တို့ အား အပ် လိုက် ကြ လိမ့် မည်။ သို့ ရာ တွင် သုံး ရက် လည် လျှင် ရှင် ပြန် ထ မြောက် လိမ့် မည် ဟု မိန့် တော် မူ ၏။
35ထို နောက် ဇေ ဗေ ဒဲ့ သား ယာ ကုပ် နှင့် ယော ဟန် တို့ သည် အ ထံ တော် သို့ ချဉ်း ကပ် ပြီး လျှင် ဆ ရာ၊ တ ပည့် တော် တို့ လျှောက် တောင်း သည့် အ ရာ ကို သ နား တော် မူ စေ လို ပါ သည် ဟု လျှောက် ကြ သည့် အ တိုင်း၊ 36မည် သို့ ပြု စေ လို သ နည်း ဟု မေး တော် မူ သော်၊ 37ဘုန်း ပွင့် တော် မူ သည့် ကာ လ ဝဲ ယာ တော်၌ တ ပည့် တော် တို့ ကို တစ် ယောက် စီ ထိုင် ခွင့် သ နား တော် မူ ပါ ဟု လျှောက် တောင်း ကြ ပြီး လျှင်၊ 38မည် သည့် အ ရာ တောင်း မှန်း ကို သင် တို့ မ သိ ကြ။ ငါ သောက် ရ သော ခွက် ကို သောက် ခြင်း ငှာ လည်း ကောင်း၊ ငါ ခံ ရ သော ဗ တ္တိ ဇံ ကို ခံ ခြင်း ငှာ လည်း ကောင်း၊ စွမ်း နိုင် ကြ သ လော ဟု ယေ ရှု မေး တော် မူ သော်၊ 39စွမ်း နိုင် ပါ သည် ဟု လျှောက် ကြ၏။ ယေ ရှု က လည်း သင် တို့ သည် ငါ သောက် ရ သော ခွက် ကို သောက် ရ မည်။ ငါ ခံ ရ သော ဗ တ္တိ ဇံ ကို လည်း ခံ ရ မည်။ 40ဝဲ ယာ၌ ထိုင် ခွင့် ကို ကား ငါ မ ပေး ပိုင်။ ပြင် ဆင် တော် မူ နှင့် သည့် အ တိုင်း သာ ထိုင် ခွင့် ရ ရှိ ကြ သည် ဟု မိန့် တော် မူ ၏။ 41ဆယ် ပါး သော တ ပည့် တော် တို့ သည် ကြား ကြ သော် ယာ ကုပ် နှင့် ယော ဟန် တို့ ကို အ မျက် ထွက် ကြ သ ဖြင့်၊ 42ယေ ရှု ခေါ် တော် မူ၍ လူ မျိုး ခြား တို့ တွင် မင်း မူ သူ တို့ သည် အ စိုး တ ရ ပြု တတ် ကြ သည် ကိုလည်း ကောင်း၊ ကြီး မြင့် သူ တို့ လည်း အာ ဏာ ထား တတ် ကြ သည် ကို လည်း ကောင်း သင် တို့ သိ ကြ ၏။ 43သင် တို့ တွင် မူ ကား ထို သို့ မ ဖြစ် စေ ရ။ မည် သူ မ ဆို ကြီး မြင့် လို လျှင် သင် တို့ အ စေ ကို ခံ စေ။ 44အ ဦး ဆုံး ကျ လို သူ လည်း အား လုံး တို့ ထံ ကျွန် ခံ စေ။ 45လူ့ သား လည်း စေ စား ရန် မ ဟုတ်။ အ စေ ခံ၍ လူ များ အ တွက် ရွေး နုတ် ရာ အ ဖြစ် အ သက် ကို စွန့် ရန် ရောက် လာ သည် ဟု မိန့် တော် မူ ၏။
46ယေ ရိ ခေါ မြို့ သို့ ဝင် ကြ ပြီး နောက် တ ပည့် တော် တို့ နှင့် ကြီး စွာ သော လူ ပ ရိ သတ် ပါ ထွက် ကြွ တော် မူ စဉ် လမ်း နံ ဘေး တွင် ထိုင် သော မျက် မ မြင် သူ တောင်း စား ဖြစ် သူ တိ မဲ ၏ သား ဗာ တိ မဲ သည်၊ 47နာ ဇ ရက် မြို့ သား ယေ ရှု ဖြစ် ကြောင်း ကို ကြား သော် ဒါ ဝိဒ် မင်း သား တော် ယေ ရှု၊ သ နား တော် မူ ပါ ဟု အော် ဟစ် သည့် ကာ လ၊ 48ဆိတ် ဆိတ် နေ စေ ရန် လူ အ များ တို့ ဆုံး မ ကြ သော် လည်း ဒါ ဝိဒ် မင်း သား တော် သ နား တော် မူ ပါ ဟု တိုး ၍ အော် ဟစ် လေ၏။ 49ထို အ ခါ ယေ ရှု သည် ရပ် တန့် လျက် ခေါ် ခဲ့ ဟု အ မိန့် ရှိ တော် မူ သည့် အ လျောက် ခေါ် တော် မူ ပြီ။ အား ယူ၍ ထ လော့ ဟု မျက် မ မြင် အား ဆို လျက် ခေါ် ကြ သ ဖြင့်၊ 50ခြုံ ထည် ကို ပစ် ချ ပြီး လျှင် အ လျင် အ မြန် ထ၍ ယေ ရှု ထံ ရောက် လာ ၏။ 51ယေ ရှု က မည် သို့ ပြု စေ လို သ နည်း ဟု မေး တော် မူ ရာ ဆ ရာ တော်၊ စ က္ခု အ လင်း ရ လို ပါ သည် ဟု ပြန် လျှောက် သည့် အ တိုင်း၊ 52သွား တော့။ သင့် ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ သ ဖြင့် ချက် ခြင်း စ က္ခု အ လင်း ရ ၍ ခ ရီး တစ် လျှောက် နောက် တော် က လိုက် လေ ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်~မာ~ကု 10: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.