၁ ရာဇဝင်ချုပ် 24
24
ယဇ်ပုရောဟိတ်တို့၏တာဝန်
1အာရုန်အမျိုးသား အသီးအခြားသင်းဖွဲ့ရာမှာ၊ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တည်း။ 2နာဒပ်နှင့်အဘိဟုသည် သားမရှိ။ အဘလက်ထက်တွင် သေသောကြောင့်၊ ဧလာဇာနှင့်ဣသမာသည် ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။#ဝတ်၊ ၁၀:၁-၂။ 3ဒါဝိဒ်သည် ဧလာဇာအမျိုးဇာဒုတ်နှင့် ဣသမာအမျိုး အဟိမလက်ကို အသီးအသီးဆောင်သင့်သည်အတိုင်း ခန့်ထားလေ၏။ 4ဣသမာအမျိုး အကြီးအကဲထက် ဧလာဇာအမျိုး အကြီးအကဲ သာ၍များသောကြောင့်၊ ဧလာဇာအဆွေအမျိုးအလိုက် အကြီးအကဲ တစ်ကျိပ်ခြောက်ယောက်၊ ဣသမာအဆွေအမျိုးအလိုက် အကြီးအကဲ ရှစ်ယောက်တို့ကို အသီးအသီး ခွဲခန့်လေ၏။ 5စာရေးတံပြုလျက် အသီးအခြားခွဲခန့်၍ သန့်ရှင်းရာဌာနအုပ်၊ ဘုရားသခင်၏ အမှုတော်အုပ်တို့ကို ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက ရွေးယူရ၏။ 6လေဝိအမျိုး နာသနေလသား စာရေးတော်ရှေမာယသည် ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ အဗျာသာသား အဟိမလက်၊ ယဇ်ပုရောဟိတ် လေဝိသား အဆွေအမျိုးသူကြီးများရှေ့မှာ နာမများကို မှတ်ရ၏။ စာရေးတံပြု၍ ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက အလှည့်လှည့် ရွေးကောက်ခန့်ထားသော သူဟူမူကား၊ 7ပထမသူ ယောယာရိပ်၊ ဒုတိယသူ ယေဒါယ၊ 8တတိယသူ ဟာရိမ်၊ စတုတ္ထသူ စောရိမ်၊ 9ပဥ္စမသူ မာလခိယ၊ ဆဋ္ဌမသူ မိယမိန်၊ 10သတ္တမသူ ဟက္ကုတ်၊ အဋ္ဌမသူ အဘိယ၊ 11နဝမသူ ယေရွှာ၊ ဒသမသူ ရှေကနိ၊ 12ဧကဒသမသူ ဧလျာရှိပ်၊ ဒွါဒသမသူ ယာကိမ်၊ 13တစ်ကျိပ်သုံးယောက် မြောက်သောသူ ဟုပ္ပ၊ တစ်ကျိပ်လေးယောက် မြောက်သောသူ ယေရှေဗပ်၊ 14တစ်ကျိပ်ငါးယောက် မြောက်သောသူ ဗိလဂ၊ တစ်ကျိပ်ခြောက်ယောက် မြောက်သောသူ ဣမ္မေရ၊ 15တစ်ကျိပ်ခုနစ်ယောက် မြောက်သောသူ ဟေဇိရ၊ တစ်ကျိပ်ရှစ်ယောက် မြောက်သောသူ အပ်ဇဇ်၊ 16တစ်ကျိပ်ကိုးယောက် မြောက်သောသူ ပေသဟိ၊ နှစ်ကျိပ်မြောက်သောသူ ယေဇကျေလ၊ 17နှစ်ကျိပ်တစ်ယောက် မြောက်သောသူ ယာခိန်၊ နှစ်ကျိပ်နှစ်ယောက် မြောက်သောသူ ဂါမုလ၊ 18နှစ်ကျိပ်သုံးယောက် မြောက်သောသူ ဒေလာယ၊ နှစ်ကျိပ်လေးယောက် မြောက်သောသူ မာဇိတည်း။ 19ထိုသို့ သူတို့အဘအာရုန်အား ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၍၊ အဘအာရုန်စီရင်သည်အတိုင်း သူတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဝင်မြဲဝင်၍ အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ ခွဲခန့်ခြင်းရှိသတည်း။
အခြားလေဝိအနွယ်ဝင်များ
20ကြွင်းသော လေဝိအမျိုးသားဟူမူကား၊ အာမရံသားဖြစ်သော ရှုဗွေလ၏သားစုတွင် ယေဒေယ၊ 21-22ရေဟဘိသားစုတွင် ဣရှယာ၊ ဣဇဟာသား ဖြစ်သော ရှေလောမိတ်၏သားစုတွင် ယာဟတ်၊ 23ဟေဗြုန်သားစုတွင် သားအကြီး ယေရိ၊ ဒုတိယသား အာမရိ၊ တတိယသား ယဟာဇေလ၊ စတုတ္ထသား ယေကမံ၊ 24ဩဇေလသားဖြစ်သော မိက္ခာ၏သားစုတွင် ရှမိရ၊ 25မိက္ခာညီ ဣရှယာသားစုတွင် ဇာခရိတည်း။
26မေရာရိသားကား မဟာလိနှင့် မုရှိဖြစ်၍၊ 27မေရာရိအမျိုးသားဖြစ်သော ယာဇိ၏သားကား ဗေနော၊ ရှောဟံ၊ ဇက္ကုရ၊ ဣဗရိတည်း။ 28မဟာလိသားဧလာဇာ၌ သားမရှိ။ 29ကိရှသားကား ယေရမေလတည်း။ 30မုရှိသားကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်တည်း။ ဤရွေ့ကား မိမိတို့ အဆွေအမျိုးအလိုက် လေဝိအမျိုးသားတည်း။ 31ဤသူတို့သည် ဒါဝိဒ်မင်းကြီး၊ ဇာဒုတ်၊ အဟိမလက်အစရှိသော ယဇ်ပုရောဟိတ် လေဝိသားအဆွေအမျိုး သူကြီးတို့ရှေ့မှာ မိမိတို့ညီအစ်ကို အာရုန်အမျိုးသားတို့ တစ်ဖက်တစ်ချက် အလှည့်လှည့် စာရေးတံပြုကြ၏။
လက်ရှိရွေးချယ်ထားမှု
၁ ရာဇဝင်ချုပ် 24: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: