၁ ရာဇဝင်ချုပ် 23
23
1ဒါဝိဒ်မင်းသည် အသက်ကြီး၍ ကာလပြည့်စုံရာ အချိန်ရောက်သောအခါ၊ သားတော်ရှောလမုန်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထား၍၊#၃ရာ၊ ၁:၁-၄၀။
လေဝိအနွယ်ဝင်တို့၏တာဝန်
2ဣသရေလမင်း ယဇ်ပုရောဟိတ်၊ လေဝိသားအပေါင်းတို့ကို စုဝေးစေတော်မူ၏။
3လေဝိသားတို့တွင် အသက်သုံးဆယ်လွန်၍ စာရင်းဝင်သော ယောက်ျားပေါင်းကား၊ သုံးသောင်းရှစ်ထောင်တည်း။ 4ထိုသူတို့တွင် နှစ်သောင်းလေးထောင်တို့သည် ထာဝရဘုရား၏အိမ်တော်အမှုကို ဆောင်ရွက်ရကြ၏။ ခြောက်ထောင်တို့သည် အရာရှိ၊ တရားသူကြီး လုပ်ရကြ၏။ 5လေးထောင်တို့သည် တံခါးကိုစောင့်ရကြ၏။ လေးထောင်တို့သည် ဂုဏ်တော်ကို ချီးမွမ်းစရာတူရိယာတို့နှင့် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရကြ၏။ 6လေဝိသား ဂေရရှုံ၊ ကောဟတ်၊ မေရာရိအမျိုးအသီးအသီးတို့ကို ဒါဝိဒ်ခွဲထား၍ တစ်မျိုးတခြားစီ သင်းဖွဲ့စေ၏။ 7ဂေရရှုံအမျိုးသားကား၊ လာဒန်နှင့် ရှိမိတည်း။ 8လာဒန်သားအကြီးကား၊ ယေဟေလ၊ သူ၏ညီ ဇေသံနှင့် ယောလ၊ ပေါင်းသုံးယောက်တည်း။ 9ရှိမိသားကား ရှေလောမိတ်၊ ဟာဇေလ၊ ဟာရန်၊ ပေါင်းသုံးယောက်တည်း။ ဤသူတို့သည် လာဒန်အဆွေအမျိုး သူကြီးဖြစ်ကြ၏။ 10ရှိမိသားကား ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိ၊ ပေါင်းလေးယောက်တည်း။ 11ယာဟတ်ကား အကြီးဖြစ်၏။ ဇိဇကား ဒုတိယ အရာကိုရ၏။ ယုရှနှင့်ဗေရိ၌ကား သားများစွာမရှိ။ သို့ဖြစ်၍ အဆွေအမျိုးအလိုက် စာရင်းတစ်ခုတည်း၌ ပေါင်းကြ၏။
12ကောဟတ်သားကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ၊ ပေါင်းလေးယောက်တည်း။ 13အာမရံသားကား အာရုန်နှင့်မောရှေတည်း။ အာရုန်နှင့် သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်း၊ နာမတော်ကိုမြွက်၍ အစဉ်ကောင်းချီးပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန်သန့်ရှင်းသော အရာတို့ကို သန့်ရှင်းစေခြင်းငှာ အခြားသူတို့နှင့် ခွဲထားသောသူ ဖြစ်ကြ၏။#ထွ၊ ၂၈:၁။ 14ဘုရားသခင့်လူ မောရှေ၏သားကိုကား၊ လေဝိအမျိုးသားတို့၏စာရင်း၌သွင်းရ၏။ 15မောရှေသားကား ဂေရရှုံနှင့် ဧလျေဇာတည်း။ 16ဂေရရှုံသားတို့တွင်၊ ရှေဗွေလသည် အကြီးဖြစ်၏။ 17ဧလျေဇာသားအကြီး ရေဟဘိ တစ်ယောက်တည်းရှိ၏။ ရေဟဘိ၌ကား သားအလွန်များ၏။ 18ဣဇဟာသားအကြီးကား ရှေလောမိတ်၊ 19ဟေဗြုန်သားအကြီးကား ယေရိ၊ ဒုတိယသား အာမရိ၊ တတိယသား ယဟာဇေလ၊ စတုတ္ထသား ယေကမံ၊ 20ဩဇေလသားအကြီးကား မိက္ခာ၊ ဒုတိယသား ယေရှိတည်း။
21မေရာရိသားကား မဟာလိနှင့် မုရှိတည်း။ မဟာလိသားကား ဧလာဇာနှင့် ကိရှတည်း။ 22ဧလာဇာသည် သားမရှိ။ သမီးသက်သက်ရှိ၍ သေ၏။ သူ့သမီးတို့နှင့် သူ့ညီကိရှသားတို့သည် စုံဖက်ကြ၏။ 23မုရှိသားကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်၊ ပေါင်းသုံးယောက်တည်း။
24ဤရွေ့ကား အသက်နှစ်ဆယ်လွန်၍ ထာဝရဘုရား၏ အိမ်တော်အမှုကိုဆောင်ရွက်ရသော လေဝိအမျိုးသား အဆွေအမျိုးအလိုက် စာရင်းဝင်သော အဆွေအမျိုးသူကြီးဖြစ်သတည်း။ 25ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားသည် မိမိလူမျိုးအား ငြိမ်ဝပ်သောအခွင့်ကိုပေး၍ ကိုယ်တော်တိုင် ယေရုရှလင်မြို့၌ အစဉ်နေတော်မူသောကြောင့်၊ 26လေဝိသားတို့သည် တဲတော်နှင့် တဲတော်အမှု ဆောင်ရွက်ရာတန်ဆာများကို နောက်တစ်ဖန်မထမ်းရဟု ဒါဝိဒ်မိန့်တော်မူ၏။#တရား၊ ၁၀:၈။ 27နောက်ဆုံး အမိန့်တော်အတိုင်း၊ အသက်နှစ်ဆယ်လွန်သော လေဝိသားတို့ကို စာရင်းယူရ၏။ 28အကြောင်းမူကား၊ လေဝိသားတို့သည် အာရုန်သားတို့၏လက်ထောက်ဖြစ်သည်နှင့်အညီ၊ သန့်ရှင်းသောအရာရှိသမျှတို့ကို စင်ကြယ်စေ၍၊ ထာဝရဘုရား၏အိမ်တော်နှင့် တံတိုင်းများ၊ အခန်းများ၌အမှုကို ဆောင်ရွက်ရကြမည်။ 29ရှေ့တော်မုန့်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာ မုန့်ညက်ကိုလည်းကောင်း၊ တဆေးမဲ့မုန့်ပြား၊ သံပြားနှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော်ကိုလည်းကောင်းလုပ်၍ ဘုရားသခင်၏အိမ်တော်အမှုကိုလည်း ဆောင်ရွက်ရကြမည်။ တိုင်းထွာ၊ ချိန်တွယ်၊ ခြင်တွက်ခြင်း အမှုအမျိုးမျိုးကိုလည်း စီရင်ရကြမည်။ 30နံနက်တိုင်း၊ ညဉ့်ဦးတိုင်းရပ်လျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟု ဝန်ခံ၍ ထာဝရဘုရား၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းရကြမည်။ 31ပညတ်တရားတော်အတိုင်း ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့၊ အစဉ်မပြတ်ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာယဇ်မျိုးတို့ကို ပူဇော်ရကြမည်။ 32ပရိသတ်စည်းဝေရာ တဲတော်ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနတော်ကိုလည်းကောင်း၊ ထာဝရဘုရားအိမ်တော်၌ အမှုတော်ကို ဆောင်ရွက်သော ညီအစ်ကိုအာရုန်သားတို့ကိုလည်းကောင်း စောင့်ရကြမည်။#တော၊ ၃:၅-၉။
လက်ရှိရွေးချယ်ထားမှု
၁ ရာဇဝင်ချုပ် 23: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: