YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 23

23
1ဒါ​ဝိဒ်​မင်း​သည် အ​သက်​ကြီး၍ ကာ​လ​ပြည့်​စုံ​ရာ အ​ချိန်​ရောက်​သော​အ​ခါ၊ သား​တော်​ရှော​လ​မုန်​ကို ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍၊#၃​ရာ၊ ၁:၁-၄၀။
လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​တာ​ဝန်
2ဣ​သ​ရေ​လ​မင်း ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​တော်​မူ၏။
3လေ​ဝိ​သား​တို့​တွင် အ​သက်​သုံး​ဆယ်​လွန်၍ စာ​ရင်း​ဝင်​သော ယောက်ျား​ပေါင်း​ကား၊ သုံး​သောင်း​ရှစ်​ထောင်​တည်း။ 4ထို​သူ​တို့​တွင် နှစ်​သောင်း​လေး​ထောင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။ ခြောက်​ထောင်​တို့​သည် အ​ရာ​ရှိ၊ တ​ရား​သူ​ကြီး လုပ်​ရ​ကြ၏။ 5လေး​ထောင်​တို့​သည် တံ​ခါး​ကို​စောင့်​ရ​ကြ၏။ လေး​ထောင်​တို့​သည် ဂုဏ်​တော်​ကို ချီး​မွမ်း​စ​ရာ​တူ​ရိ​ယာ​တို့​နှင့် ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ကြ၏။ 6လေ​ဝိ​သား ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​အ​မျိုး​အ​သီး​အ​သီး​တို့​ကို ဒါ​ဝိဒ်​ခွဲ​ထား၍ တစ်​မျိုး​တ​ခြား​စီ သင်း​ဖွဲ့​စေ၏။ 7ဂေ​ရ​ရှုံ​အ​မျိုး​သား​ကား၊ လာ​ဒန်​နှင့် ရှိ​မိ​တည်း။ 8လာ​ဒန်​သား​အ​ကြီး​ကား၊ ယေ​ဟေ​လ၊ သူ၏​ညီ ဇေ​သံ​နှင့် ယော​လ၊ ပေါင်း​သုံး​ယောက်​တည်း။ 9ရှိ​မိ​သား​ကား ရှေ​လော​မိတ်၊ ဟာ​ဇေ​လ၊ ဟာ​ရန်၊ ပေါင်း​သုံး​ယောက်​တည်း။ ဤ​သူ​တို့​သည် လာ​ဒန်​အ​ဆွေ​အ​မျိုး သူ​ကြီး​ဖြစ်​ကြ၏။ 10ရှိ​မိ​သား​ကား ယာ​ဟတ်၊ ဇိ​ဇ၊ ယု​ရှ၊ ဗေ​ရိ၊ ပေါင်း​လေး​ယောက်​တည်း။ 11ယာ​ဟတ်​ကား အ​ကြီး​ဖြစ်၏။ ဇိ​ဇ​ကား ဒု​တိ​ယ အ​ရာ​ကို​ရ၏။ ယု​ရှ​နှင့်​ဗေ​ရိ၌​ကား သား​များ​စွာ​မ​ရှိ။ သို့​ဖြစ်၍ အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​တစ်​ခု​တည်း၌ ပေါင်း​ကြ၏။
12ကော​ဟတ်​သား​ကား အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ ဩ​ဇေ​လ၊ ပေါင်း​လေး​ယောက်​တည်း။ 13အာ​မ​ရံ​သား​ကား အာ​ရုန်​နှင့်​မော​ရှေ​တည်း။ အာ​ရုန်​နှင့် သား​စဉ်​မြေး​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ခြင်း၊ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း၊ နာ​မ​တော်​ကို​မြွက်၍ အ​စဉ်​ကောင်း​ချီး​ပေး​ခြင်း​အ​မှု​ကို ပြု​ရ​မည်​အ​ကြောင်း၊ အ​လွန်​သန့်​ရှင်း​သော အ​ရာ​တို့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ အ​ခြား​သူ​တို့​နှင့် ခွဲ​ထား​သော​သူ ဖြစ်​ကြ၏။#ထွ၊ ၂၈:၁။ 14ဘု​ရား​သ​ခင့်​လူ မော​ရှေ၏​သား​ကို​ကား၊ လေ​ဝိ​အ​မျိုး​သား​တို့၏​စာ​ရင်း၌​သွင်း​ရ၏။ 15မော​ရှေ​သား​ကား ဂေ​ရ​ရှုံ​နှင့် ဧ​လျေ​ဇာ​တည်း။ 16ဂေ​ရ​ရှုံ​သား​တို့​တွင်၊ ရှေ​ဗွေ​လ​သည် အ​ကြီး​ဖြစ်၏။ 17ဧ​လျေ​ဇာ​သား​အ​ကြီး ရေ​ဟ​ဘိ တစ်​ယောက်​တည်း​ရှိ၏။ ရေ​ဟ​ဘိ၌​ကား သား​အ​လွန်​များ၏။ 18ဣ​ဇ​ဟာ​သား​အ​ကြီး​ကား ရှေ​လော​မိတ်၊ 19ဟေ​ဗြုန်​သား​အ​ကြီး​ကား ယေ​ရိ၊ ဒု​တိ​ယ​သား အာ​မ​ရိ၊ တ​တိ​ယ​သား ယ​ဟာ​ဇေ​လ၊ စ​တု​တ္ထ​သား ယေ​က​မံ၊ 20ဩ​ဇေ​လ​သား​အ​ကြီး​ကား မိ​က္ခာ၊ ဒု​တိ​ယ​သား ယေ​ရှိ​တည်း။
21မေ​ရာ​ရိ​သား​ကား မ​ဟာ​လိ​နှင့် မု​ရှိ​တည်း။ မ​ဟာ​လိ​သား​ကား ဧ​လာ​ဇာ​နှင့် ကိ​ရှ​တည်း။ 22ဧ​လာ​ဇာ​သည် သား​မ​ရှိ။ သ​မီး​သက်​သက်​ရှိ၍ သေ၏။ သူ့​သ​မီး​တို့​နှင့် သူ့​ညီ​ကိ​ရှ​သား​တို့​သည် စုံ​ဖက်​ကြ၏။ 23မု​ရှိ​သား​ကား မ​ဟာ​လိ၊ ဧ​ဒါ၊ ယေ​ရိ​မုတ်၊ ပေါင်း​သုံး​ယောက်​တည်း။
24ဤ​ရွေ့​ကား အ​သက်​နှစ်​ဆယ်​လွန်၍ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​မှု​ကို​ဆောင်​ရွက်​ရ​သော လေ​ဝိ​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ဝင်​သော အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သ​တည်း။ 25ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​အား ငြိမ်​ဝပ်​သော​အ​ခွင့်​ကို​ပေး၍ ကိုယ်​တော်​တိုင် ယေ​ရု​ရှ​လင်​မြို့၌ အ​စဉ်​နေ​တော်​မူ​သော​ကြောင့်၊ 26လေ​ဝိ​သား​တို့​သည် တဲ​တော်​နှင့် တဲ​တော်​အ​မှု ဆောင်​ရွက်​ရာ​တန်​ဆာ​များ​ကို နောက်​တစ်​ဖန်​မ​ထမ်း​ရ​ဟု ဒါ​ဝိဒ်​မိန့်​တော်​မူ၏။#တ​ရား၊ ၁၀:၈။ 27နောက်​ဆုံး အ​မိန့်​တော်​အ​တိုင်း၊ အ​သက်​နှစ်​ဆယ်​လွန်​သော လေ​ဝိ​သား​တို့​ကို စာ​ရင်း​ယူ​ရ၏။ 28အ​ကြောင်း​မူ​ကား၊ လေ​ဝိ​သား​တို့​သည် အာ​ရုန်​သား​တို့၏​လက်​ထောက်​ဖြစ်​သည်​နှင့်​အ​ညီ၊ သန့်​ရှင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို စင်​ကြယ်​စေ၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​နှင့် တံ​တိုင်း​များ၊ အ​ခန်း​များ၌​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​မည်။ 29ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ မုန့်​ညက်​ကို​လည်း​ကောင်း၊ တ​ဆေး​မဲ့​မုန့်​ပြား၊ သံ​ပြား​နှင့်​ဖုတ်​သော မုန့်၊ မုန့်​ဆီ​ကြော်​ကို​လည်း​ကောင်း​လုပ်၍ ဘု​ရား​သ​ခင်၏​အိမ်​တော်​အ​မှု​ကို​လည်း ဆောင်​ရွက်​ရ​ကြ​မည်။ တိုင်း​ထွာ၊ ချိန်​တွယ်၊ ခြင်​တွက်​ခြင်း အ​မှု​အ​မျိုး​မျိုး​ကို​လည်း စီ​ရင်​ရ​ကြ​မည်။ 30နံ​နက်​တိုင်း၊ ညဉ့်​ဦး​တိုင်း​ရပ်​လျက်၊ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ဝန်​ခံ၍ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို​လည်း ချီး​မွမ်း​ရ​ကြ​မည်။ 31ပ​ညတ်​တ​ရား​တော်​အ​တိုင်း ဥ​ပုသ်​နေ့၊ လ​ဆန်း​နေ့၊ ဓ​မ္မ​ပွဲ​နေ့၊ အ​စဉ်​မ​ပြတ်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​ရှို့​ရာ​ယဇ်​မျိုး​တို့​ကို ပူ​ဇော်​ရ​ကြ​မည်။ 32ပ​ရိ​သတ်​စည်း​ဝေ​ရာ တဲ​တော်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အိမ်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​သော ညီ​အစ်​ကို​အာ​ရုန်​သား​တို့​ကို​လည်း​ကောင်း စောင့်​ရ​ကြ​မည်။#တော၊ ၃:၅-၉။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 23: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ