YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 12

12
ဝိ​ညာဉ်​ဆု​ကျေး​ဇူး
1ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဝိ​ညာဉ်​ဆု​ကျေး​ဇူး အ​ကြောင်း​များ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။- 2သင်​တို့​သည် အ​ထက်​က​သာ​သ​နာ​ပ​လူ​ဖြစ်၍၊ သူ​တစ်​ပါး သွေး​ဆောင်​သ​ဖြင့်၊ စ​ကား​မ​ပြော​နိုင်​သော ရုပ်​တု​ရှိ​ရာ​သို့ ပါ​သွား​သော​သူ ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ကြ၏။- 3ထို​ကြောင့် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အား​ဖြင့် ဟော​ပြော၍ အ​ဘယ်​သူ​မျှ ယေ​ရှု​ကို မ​ကျိန်​ဆဲ​နိုင်​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် သ​ခင်​ဘု​ရား ဖြစ်​တော်​မူ၏​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို အ​မှီ​မ​ပြု​လျှင်၊ အ​ဘယ်​သူ​မျှ မ​ပြော​နိုင်​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် သိ​နား​လည်​စေ​ခြင်း​ငှာ ငါ​သ​တိ​ပေး၏။- 4ဆု​ကျေး​ဇူး​တော် အ​ထူး​ထူး​အ​ထွေ​ထွေ ရှိ​ငြား​သော်​လည်း ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း ရှိ၏။- 5ဓ​မ္မ​ဆ​ရာ​အ​မှု အ​ထူး​ထူး​အ​ထွေ​ထွေ​ရှိ​ငြား​သော်​လည်း သ​ခင်​တစ်​ပါး​တည်း​ရှိ၏။- 6ပြု​ပြင်​ခြင်း​အ​မှု အ​ထူး​ထူး​အ​ထွေ​ထွေ ရှိ​ငြား​သော်​လည်း၊ ခပ်​သိမ်း​သော သူ​တို့၌ ပြု​ပြင်​သ​မျှ​ကို ပြု​ပြင်​တော်​မူ​သော ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​ရှိ၏။- 7ကောင်း​သော​အ​ကျိုး​အ​လို​ငှာ​သာ ဝိ​ညာဉ်​တော်​ကို လူ​အ​သီး​အ​သီး​တို့​အား ထင်​ရှား​စွာ ပေး​တော်​မူ​လျက်​ရှိ၏။- 8အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ပ​ညာ​တ​ရား​ကို ပေး​တော်​မူ၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ထိုး​ထွင်း​ခြင်း​တ​ရား​ကို ပေး​တော်​မူ၏။- 9ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ယုံ​ကြည်​ခြင်း​ကို ပေး​တော်​မူ၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။- 10တစ်​ယောက်​သော​သူ​အား၊ တန်​ခိုး​ကို​ပြ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား ပ​ရော​ဖက်​ပြု​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား စိတ်​ဝိ​ညာဉ်​တို့​ကို ပိုင်း​ခြား၍​သိ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား ထို​ဘာ​သာ​စ​ကား၏​အ​နက်​ကို ဖော်​ပြ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း ပေး​တော်​မူ၏။- 11ဤ​အ​ခွင့်​ရှိ​သ​မျှ​တို့​ကို တစ်​ပါး​တည်း​သော ဝိ​ညာဉ်​တော်​သည် ပြု​ပြင်၍ လူ​အ​သီး​အ​သီး​တို့​အား အ​သီး​အ​သီး ခံ​ရ​သော​အ​ခွင့်​ကို အ​လို​တော်​ရှိ​သည်​အ​တိုင်း ဝေ​ငှ၍ ပေး​တော်​မူ၏။
ကိုယ်​တစ်​ခု​တည်း၌​အင်္ဂါ​အ​များ​ရှိ
12ဥ​ပ​မာ​ကား၊ ကိုယ်​တစ်​ခု​တည်း၌ အင်္ဂါ​အ​များ​ရှိ​သည်​ဖြစ်၍ ထို​တစ်​ခု​တည်း​သော ကိုယ်​အင်္ဂါ​အ​ပေါင်း​တို့​သည် များ​လျက်​နှင့် ကိုယ်​တစ်​ခု​တည်း​ဖြစ်​သ​ကဲ့​သို့၊ ထို​နည်း​တူ ခ​ရစ်​တော်​ဖြစ်၏။- 13အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လူ​လွတ်​ဖြစ်​စေ၊ ငါ​တို့​ရှိ​သ​မျှ​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား​ဖြင့် တစ်​ကိုယ်​တည်း​ထဲ​သို့ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။ ငါ​တို့​ရှိ​သ​မျှ​သည် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ထဲ​သို့​လည်း သောက်​ကြ၏။- 14ကိုယ်​သည် အင်္ဂါ​တစ်​ခု​တည်း​ရှိ​သည်​မ​ဟုတ်၊ အ​များ​ရှိ​သည်​ဖြစ်၍၊- 15ခြေ​က၊ ငါ​သည်​လက်​မ​ဟုတ်​သော​ကြောင့် ကိုယ်​နှင့်​မ​စပ်​ဆိုင်​ဟု ဆို​လျှင်၊ ထို​သို့​ဆို​သော​ကြောင့် မ​စပ်​ဆိုင်​သည် မှန်​သ​လော။- 16နား​က​လည်း၊ ငါ​သည် မျက်​စိ​မ​ဟုတ်​သော​ကြောင့် ကိုယ်​နှင့်​မ​စပ်​ဆိုင်​ဟု ဆို​လျှင်၊ ထို​သို့​ဆို​သော​ကြောင့် မ​စပ်​ဆိုင်​သည် မှန်​သ​လော။- 17တစ်​ကိုယ်​လုံး​သည် မျက်​စိ​ဖြစ်​လျှင် အ​ဘယ်​သို့ ကြား​နိုင်​မည်​နည်း။ တစ်​ကိုယ်​လုံး​သည် နား​ဖြစ်​လျှင် အ​ဘယ်​သို့ နမ်း​နိုင်​မည်​နည်း။- 18ယ​ခု​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း အင်္ဂါ​များ​အ​သီး​အ​သီး​တို့​ကို ကိုယ်၌ စီ​ရင်​ခန့်​ထား​တော်​မူ၏။- 19ထို​မှ​တစ်​ပါး၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အင်္ဂါ​တစ်​ခု​တည်း​ဖြစ်​လျှင် ကိုယ်​သည်​အ​ဘယ်​မှာ ရှိ​လိမ့်​မည်​နည်း။- 20ယ​ခု​တွင် အင်္ဂါ​အ​များ​ရှိ​လျက်​နှင့် ကိုယ်​တစ်​ခု​တည်း​ရှိ၏။- 21မျက်​စိ​က၊ သင့်​ကို​ငါ​အ​လို​မ​ရှိ​ဟု လက်​ကို မ​ဆို​ရ။ ထို​နည်း​တူ၊ ဦး​ခေါင်း​က၊ သင်​တို့​ကို​ငါ​အ​လို​မ​ရှိ​ဟု ခြေ​တို့​ကို မ​ဆို​ရ။ ထို​မျှ​မ​က အား​နည်း​ဟန်​ရှိ​သော အင်္ဂါ​တို့​သည် သာ၍​အ​သုံး​ဝင်​ကြ၏။- 22အ​သ​ရေ​နည်း​ဟန်​ရှိ​သော အင်္ဂါ​တို့​အား​လည်း၊ သာ၍​ကြီး​သော အ​သ​ရေ​ကို ပေး​တတ်၏။- 23တင့်​တယ်​ခြင်း​မ​ရှိ​သော အင်္ဂါ​တို့​သည် သာ၍​ကြီး​သော တင့်​တယ်​ခြင်း​ကို ခံ​ရ​ကြ၏။- 24တင့်​တယ်​လျက်​ရှိ​သော အင်္ဂါ​တို့​သည် အ​ခြား​သော တင့်​တယ်​ခြင်း​ကို မ​လို​ကြ။- 25ကိုယ်​ခ​န္ဓာ၌ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း​မ​ရှိ​ဘဲ၊ အင်္ဂါ​များ​တို့​သည် အ​ချင်း​ချင်း သူ့​ကို​ကိုယ်​နှင့်​အ​မျှ သ​တိ​ပြု​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ကိုယ်​ခ​န္ဓာ​ကို​မျှ​စေ၍၊ ယုတ်​သော​အင်္ဂါ​အား သာ၍​များ​သော အ​သ​ရေ​ကို ပေး​တော်​မူ၏။- 26သို့​ဖြစ်၍၊ အင်္ဂါ​တစ်​ခု​တည်း ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​လျှင်၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အ​တူ​ခံ​ရ​ကြ၏။ အင်္ဂါ​တစ်​ခု​သည် ချီး​မြှောက်​ခြင်း​ကို ခံ​ရ​လျှင်၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အ​တူ​ဝမ်း​မြောက်​ရ​ကြ၏။- 27သင်​တို့​သည် ခ​ရစ်​တော်၏​ကိုယ်​ဖြစ်​ကြ၏။ အ​သီး​အ​သီး အင်္ဂါ​တော်​ဖြစ်​ကြ၏။- 28ဘု​ရား​သ​ခင်​သည် ပ​ထ​မ​အ​ရာ၌ တ​မန်​တော်​တို့​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အ​ရာ၌ ပ​ရော​ဖက်​တို့​ကို​လည်း​ကောင်း၊ တ​တိ​ယ​အ​ရာ၌ ဆ​ရာ​တို့​ကို​လည်း​ကောင်း၊ ထို​နောက် တန်​ခိုး​ပြ​သော သူ​တို့​ကို​လည်း​ကောင်း၊ ထို​နောက် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော အ​ခွင့်​ရှိ​သော​သူ​တို့​ကို​လည်း​ကောင်း၊ သင်း​ထောက်​တို့​ကို​လည်း​ကောင်း၊ စီ​ရင်​အုပ်​စိုး​သော သူ​တို့​ကို​လည်း​ကောင်း၊ အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို​ပြော​နိုင်​သော သူ​တို့​ကို​လည်း​ကောင်း၊ အ​သင်း​တော်၌ ခန့်​ထား​တော်​မူ၏။- 29သင်း​ဝင်​သူ ရှိ​သ​မျှ​တို့​သည် တ​မန်​တော် ဖြစ်​ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် ပ​ရော​ဖက်​ဖြစ် ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် ဆ​ရာ​ဖြစ်​ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် တန်​ခိုး​ကို ပြ​နိုင်​ကြ​သ​လော။- 30ရှိ​သ​မျှ​တို့​သည် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော အ​ခွင့်​ရှိ​ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် ထို​ဘာ​သာ​စ​ကား၏​အ​နက်​ကို ဖော်​ပြ​နိုင်​ကြ​သ​လော။- 31သင်​တို့​သည် အ​မြတ်​ဆုံး​သော ဆု​ကျေး​ဇူး​တော်​တို့​ကို အ​လွန်​အ​လို​ရှိ​ကြ​သည်​တွင်၊ သာ၍​မြတ်​သော လမ်း​ကို ငါ​ပြ​ဦး​မည်။

လက်ရှိရွေးချယ်ထားမှု

၁ ကောရိန္သု 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ