YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 16

16
သန့်​ရှင်း​သူ​တို့​အ​ဖို့​အ​လှူ​ငွေ
1သန့်​ရှင်း​သူ​တို့​အ​ဖို့ လှူ​ဒါန်း၍ စု​ထား​ခြင်း​အ​မှု​မှာ ဂ​လာ​တိ​ပြည်၌ အ​သင်း​တော်​များ​ကို ငါ​မှာ​ထား​သည်​အ​တိုင်း သင်​တို့​ပြု​ကြ​လော့။- 2ငါ​ရောက်​လာ​သော​အ​ခါ လှူ​ဒါန်း၍ စု​ထား​စ​ရာ မ​ရှိ​စေ​ခြင်း​ငှာ၊ ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၌ အ​သီး​အ​သီး ကောင်း​စား​သည်​အ​တိုင်း၊ မိ​မိ​တို့​ဥ​စ္စာ​တစ်​ဖို့​ကို ထုတ်၍ စု​ထား​ကြ​လော့။- 3ငါ​ရောက်​လာ​သော​အ​ခါ၊ သင်​တို့​အ​လို​ရှိ​သော သူ​တို့​ကို ငါ​သည် လက်​မှတ်​စာ​ပေး၍၊ သင်​တို့​လှူ​သော အ​လှူ​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ပို့​စိမ့်​သော​ငှာ စေ​လွှတ်​မည်။- 4သို့​မ​ဟုတ် ငါ့​ကိုယ်​တိုင်​သွား​သင့်​လျှင်၊ သူ​တို့​သည် ငါ​နှင့်​အ​တူ လိုက်​ရ​ကြ​မည်။
ပေါ​လု​၏​အ​ကြံ​အ​စည်
5မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​ကို ငါ​သွား​မည်​ဖြစ်၍၊ ထို​ပြည်​မှ ထွက်​ပြီး​လျှင် သင်​တို့​ရှိ​ရာ​သို့​လာ​မည်။- 6နောက်​မှ အ​ခြား​သို့ ငါ​သွား​သော​အ​ခါ၊ သင်​တို့​ပို့​သော​ကျေး​ဇူး​ကို ခံ​ခြင်း​ငှာ၊ သင်​တို့​ဆီ​မှာ ငါ​တည်း​ခို၍ ဆောင်း​ကာ​လ​ပတ်​လုံး နေ​ကောင်း နေ​လိမ့်​မည်။- 7ယ​ခု​သွား​စဉ်​တွင် သင်​တို့​ကို တွေ့​မြင်​ခြင်း​ငှာ​သာ အ​လို​မ​ရှိ၊ နောက်​မှ သ​ခင်​ဘု​ရား​သည် အ​ခွင့်​ပေး​တော်​မူ​လျှင်၊ သင်​တို့​နှင့်​အ​တူ ကြာ​မြင့်​စွာ​နေ​မည်​ဟု မျှော်​လ​င့်​ခြင်း​ရှိ၏။- 8ပင်​တေ​ကု​တ္တေ ပွဲ​နေ့​တိုင်​အောင် ဧ​ဖက်​မြို့၌ ငါ​နေ​ရ​မည်။- 9အ​ကြောင်း​မူ​ကား၊ အ​လွန်​ကြီး​စွာ​သော တံ​ခါး​သည် အ​ဆင်​သင့်၍ ငါ့​အား​ဖွင့်​လျက်​ရှိ၏။ ဆီး​တား​သော သူ​အ​များ​လည်း ရှိ​ကြ၏။
10တိ​မော​သေ​သည် သင်​တို့​ဆီ​သို့ ရောက်​လျှင်၊ သူ​သည် စိုး​ရိမ်​ခြင်း အ​ကြောင်း​မ​ရှိ​ဘဲ၊ သင်​တို့​နှင့်​အ​တူ နေ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။ သူ​သည် ငါ​ကဲ့​သို့​ပင် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်​သော​သူ ဖြစ်၏။- 11ထို​ကြောင့် အ​ဘယ်​သူ​မျှ သူ့​ကို မ​ထီ​မဲ့​မြင်​မ​ပြု​စေ​နှင့်။ သူ​သည် ငါ့​ထံ​သို့​ငြိမ်​ဝပ်​စွာ ပြန်​ရ​မည်​အ​ကြောင်း ပို့​ဆောင်​ခြင်း ကျေး​ဇူး​ကို ပြု​ကြ​လော့။ သူ​သည် အ​ခြား​သော ညီ​အစ်​ကို​တို့​နှင့်​အ​တူ လာ​လိမ့်​မည်​ဟု ငါ​မျှော်​လ​င့်​လျက်​နေ၏။- 12ငါ့​ညီ​အာ​ပေါ​လု၏ အ​ကြောင်း​မှာ၊ ညီ​အစ်​ကို​တို့​နှင့်​အ​တူ သင်​တို့ ဆီ​သို့​သွား​မည်​အ​ကြောင်း ငါ​သည် များ​စွာ ချော့​မော့၍ တောင်း​ပန်​သော်​လည်း၊ သူ​သည် ယ​ခု​တွင်​သွား​ခြင်း​ငှာ အ​လျှင်း​အ​လို​မ​ရှိ၊ နောက်​မှ အ​ဆင်​သင့်​လျှင် သွား​လိမ့်​မည်။
နောက်​ဆုံး​အ​မှာ​စ​ကား
13သင်​တို့​သည် သ​တိ​နှင့် စောင့်​နေ​ကြ​လော့။ ယုံ​ကြည်​ခြင်း၌ တည်​ကြ​လော့။ ယောက်ျား အ​စွမ်း​သ​တ္တိ​နှင့်​တ​ကွ ခွန်​အား​စုံ​လင်​လျက် နေ​ကြ​လော့။- 14သင်​တို့​သည် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ချစ်​ခြင်း​မေ​တ္တာ​စိတ်​နှင့် ဆောင်​ရွက်​ကြ​လော့။- 15ညီ​အစ်​ကို​တို့၊ သ​တေ​ဖန်၏​အိမ်​သူ​အိမ်​သား​တို့​သည် အ​ခါ​ယ​ပြည်​တွင် အ​ဦး​သီး​သော အ​သီး​ဖြစ်၍၊ သန့်​ရှင်း​သူ​တို့၏​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ ကိုယ်​ကို​ကိုယ် အပ်​ကြောင်း​ကို သင်​တို့ သိ​ကြ​သည်​နှင့်​အ​ညီ၊- 16ထို​သို့​သော သူ​တို့၏ အုပ်​စိုး​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​နှင့် အ​တူ​လုပ်​ကိုင်၍ အ​မှု​ဆောင်​သော​သူ​ရှိ​သ​မျှ​တို့၏ အုပ်​စိုး​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​ဝန်​ခံ​ကြ​မည်​အ​ကြောင်း ငါ​တောင်း​ပန်၏။- 17သ​တေ​ဖန်၊ ဖော်​တု​နတ်၊ အ​ခါ​ယ​ကု​တို့​သည် ရောက်​လာ​သော​ကြောင့် ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။- 18အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ပြု​စု၍ မ​ပြည့်​စုံ​သ​မျှ​ကို သူ​တို့​သည် ထပ်၍​ပြည့်​စုံ​စေ​သ​ဖြင့်၊ ငါ့​စိတ်​နှင့် သင်​တို့​စိတ်​ကို သက်​သာ​စေ​ကြ​ပြီ။ ထို​သို့​သော သူ​တို့​ကို လက်​ခံ​ကြ​လော့။
19အာ​ရှိ​ပြည်၌ အ​သင်း​တော်​များ​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ အာ​ကု​လ​နှင့် ပြစ်​ကိ​လ​တို့​သည် သူ​တို့​အိမ်၌​ရှိ​သော အ​သင်း​တော်​နှင့်​တ​ကွ၊ သ​ခင်​ဘု​ရား​ကို ထောက်၍ သင်​တို့​ကို များ​စွာ​နှုတ်​ဆက်​ကြ၏။- 20ညီ​အစ်​ကို​အ​ပေါင်း​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သန့်​ရှင်း​သော​နမ်း​ခြင်း​နှင့် နှုတ်​ဆက်​ကြ​လော့။
21ငါ​ပေါ​လု​သည် နှုတ်​ဆက်​ခြင်း​အ​ချက်​ကို ကိုယ်​လက်​နှင့် ရေး​ထား၏။- 22အ​ကြင်​သူ​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို မ​ချစ်၊ ထို​သူ​သည် အ​န​သေ​မာ​ဖြစ်​စေ​သ​တည်း။ သ​ခင်​ဘု​ရား​သည် ကြွ​လာ​တော်​မူ၏။- 23ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့၌​ရှိ​စေ​သ​တည်း။ ယေ​ရှု​ခ​ရစ်၏ တ​ပည့်​တော်​ဖြစ်​သ​မျှ​သော သင်​တို့၌ ငါ၏​ချစ်​ခြင်း​မေ​တ္တာ​ရှိ၏။ အာ​မင်။
ကော​ရိ​န္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

၁ ကောရိန္သု 16: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ