YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 18

18
1ထို​သို့​လျှောက်​ပြီး​သည်​နောက်၊ ရှော​လု၏​သား ယော​န​သန် စိတ်​နှ​လုံး​သည် ဒါ​ဝိဒ်​စိတ်​နှ​လုံး​နှင့် စွဲ​ကပ်​လျက်​ရှိ၍ ဒါ​ဝိဒ်​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လေ၏။ 2ထို​နေ့၌ ရှော​လု​သည် ဒါ​ဝိဒ်​ကို​သိမ်း​ဆည်း၍ သူ့​အ​ဘ၏​အိမ်​သို့ နောက်​တစ်​ဖန် သွား​နေ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။ 3ယော​န​သန်​သည်​လည်း၊ ဒါ​ဝိဒ်​ကို ကိုယ်​နှင့်​အ​မျှ ချစ်​သော​ကြောင့် သူ​နှင့်​အ​တူ မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီး​လျှင်၊ 4မိ​မိ​ဝတ်​သော​ဝတ်​လုံ​ကို ချွတ်၍ မိ​မိ​အ​ဝတ်​တန်​ဆာ​များ​နှင့် ဓား၊ လေး၊ ခါး​စည်း​တို့​ကို​ပင် ဒါ​ဝိဒ်​အား​ပေး​လေ၏။ 5ဒါ​ဝိဒ်​သည် ရှော​လု​စေ​ခိုင်း​သ​မျှ​ကို သွား၍ သ​တိ​ပ​ညာ​နှင့်​ပြု​မူ​သော​ကြောင့်၊ စစ်​သူ​ရဲ​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ​သ​ဖြင့်၊ ဒါ​ဝိဒ်​သည် ကျွန်​တော်​မျိုး​မှ​စ၍ လူ​အ​ပေါင်း​တို့​တွင် မျက်​နှာ​ရ၏။
ရှော​လု​၏​မ​နာ​လို​မှု
6ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​ကို​သတ်​ပြီး​မှ ပြန်​လာ၍၊ ရောက်​လေ​ရာ​ရာ၌ မိန်း​မ​များ​တို့​သည် ရှော​လု​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ရွှင်​လန်း​သော​စိတ်​နှင့် သီ​ချင်း​ဆို​လျက်၊ က​လျက်၊ ပတ်​သာ​အ​စ​ရှိ​သည်​တို့​ကို တီး​လျက်၊ ဣ​သ​ရေ​လ​မြို့​ရွာ​များ​ထဲ​က ထွက်​လာ​သ​ဖြင့်၊ 7ရှော​လု အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​အ​သောင်း​သောင်း သတ်​လေ​စွ​တ​ကား​ဟု အ​လှည့်​လှည့် သီ​ချင်း​ဆို​ကြ၏။#၁​ရာ၊ ၂၁:၁၁၊ ၂၉:၅။ 8ရှော​လု​က၊ သူ​တို့​သည် ဒါ​ဝိဒ်​အား အ​သောင်း​သောင်း၊ ငါ့​အား အ​ထောင်​ထောင်​သာ​ပေး​ကြ​ပြီ။ နိုင်​ငံ​တော်​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို ပေး​နိုင်​သေး​သ​နည်း​ဟု အ​လွန်​အ​မျက်​ထွက်၍ ထို​စ​ကား​ကြောင့် စိတ်​ပျက်​လေ၏။ 9ထို​နေ့​မှ​စ၍ ဒါ​ဝိဒ်​ကို အ​စဉ်​ချောင်း​မြောင်း​လျက်​နေ၏။ 10နက်​ဖြန်​နေ့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က၊ ဆိုး​သော​ဝိ​ညာဉ်​သည် ရှော​လု​အ​ပေါ်​မှာ ရောက်​သ​ဖြင့်၊ ရှော​လု​သည် နန်း​တော်​အ​လယ်၌ ပ​ရော​ဖက်​ပြု​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် အ​ရင်​ကဲ့​သို့ စောင်း​တီး​လေ၏။ ရှော​လု​သည် လှံ​တိုကို​ကိုင်​လျက် ရှိ၍၊#၁​ရာ၊ ၁၉:၂၀-၂၁၊ ၂၄။ 11ဒါ​ဝိဒ်​ကို ထ​ရံ​နား​မှာ​ထိုး​မည်​ဟု အ​ကြံ​ရှိ​သည်​အ​တိုင်း လှံ​တို​ကို​ထိုး​ပစ်​သော်​လည်း၊ ဒါ​ဝိဒ်​သည် အ​ထံ​တော်​မှ နှစ်​ကြိမ်​ရှောင်​လွှဲ​လေ၏။ 12ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လု​ထံ​မှ​ထွက်၍ ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​သော​ကြောင့်၊ ရှော​လု​သည် ဒါ​ဝိဒ်​ကို​ကြောက်​ရွံ့​သ​ဖြင့်၊ 13အ​ထံ​တော်​မှ​ရွှေ့၍ လူ​တစ်​ထောင်​အုပ်​အ​ရာ​ကို ပေး၏။ ဒါ​ဝိဒ်​သည် လူ​များ​ရှေ့၌ ထွက်​ဝင်​ရ၏။ 14ဒါ​ဝိဒ်​သည် အ​ရာ​ရာ၌ သ​တိ​ပ​ညာ​နှင့်​ပြု​မူ၍ သူ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ၏၊ 15ထို​သို့ အ​လွန်​သ​တိ​ပ​ညာ​နှင့် ပြု​မူ​သည်​ကို ရှော​လု​သည်​မြင်​လျှင် သာ၍​ကြောက်​ရွံ့​လေ၏။ 16ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို ချစ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ရှေ့၌ ဒါ​ဝိဒ်​သည် ထွက်​ဝင်​တတ်၏။
မိ​ခါ​လ​နှ​င့် ဒါ​ဝိဒ်​ထိမ်း​မြား​ခြင်း
17တစ်​ဖန် ရှော​လု​သည် ဒါ​ဝိဒ်​ကို​ခေါ်၍ ငါ့​သ​မီး​ကြီး မေ​ရပ်​ကို သင့်​အား​ငါ​ပေး​စား​မည်။ သင်​သည် ငါ့​အ​ဖို့ ရဲ​ရင့်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ စစ်​တိုက်​ခြင်း​ကို​သာ​ပြု​လော့​ဟု မိန့်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​လက်​သည် သူ့​အ​ပေါ်​သို့ မ​ရောက်​စေ​နှင့်။ ဖိ​လိ​တ္တိ​လူ​တို့​လက်​သည် ရောက်​ပါ​စေ​သော​ဟု ရှော​လု​အ​ကြံ​ရှိ၏။ 18ဒါ​ဝိဒ်​က​လည်း၊ ကျွန်​တော်​သည် ရှင်​ဘု​ရင်၏​သ​မက်​တော်​ဖြစ်​ရ​ပါ​မည်​အ​ကြောင်း အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ ကျွန်​တော်​အ​သက်​နှင့် ကျွန်​တော် အ​ဆွေ​အ​မျိုး​သည်၊ ဣ​သ​ရေ​လ​နိုင်​ငံ၌ အ​ဘယ်​သို့ မြတ်​ပါ​သ​နည်း​ဟု ရှော​လု​အား လျှောက်၏။ 19သို့​ရာ​တွင်၊ ရှော​လု၏​သ​မီး မေ​ရပ်​ကို ဒါ​ဝိဒ်​အား ပေး​စား​ရ​သော​အ​ချိန်​ရောက်​သော​အ​ခါ၊ မေ​ဟော​လ​သိ​အ​မျိုး အ​ဒြေ​လ​အား ပေး​စား​လေ၏။
20တစ်​ဖန် ရှော​လု​သ​မီး​မိ​ခါ​လ​သည် ဒါ​ဝိဒ်​ကို​ချစ်၏။ ထို​အ​ကြောင်း​ကို လျှောက်​သော​အ​ခါ၊ ရှော​လု​သည် အား​ရ​လျက်၊ 21ငါ့​သ​မီး​သည် ဒါ​ဝိဒ်​ကို​ကျော့​မိ၍ ဖိ​လိ​တ္တိ​လူ​တို့​လက်​သို့ ရောက်​စေ​ခြင်း​ငှာ ပေး​စား​မည်​ဟု အ​ကြံ​ရှိ၏။ 22နန်း​တော်​သား​အ​ချို့​ကို ခေါ်၍၊ သင်​တို့​သည် ဒါ​ဝိဒ်​နှင့် တိတ်​ဆိတ်​စွာ စ​ကား​ပြော​ရ​မည်​မှာ၊ ရှင်​ဘု​ရင်​သည် သင့်​ကို​စုံ​မက်၍၊ ရှင်​ဘု​ရင်၏ ကျွန်​အ​ပေါင်း​တို့​သည်​လည်း ချစ်​ကြ၏။ သို့​ဖြစ်၍ ရှင်​ဘု​ရင်၏​သ​မက်​တော် ဖြစ်​ကောင်း​ပါ၏​ဟု မှာ​ထား​သည်​အ​တိုင်း၊ 23ရှော​လု၏ ကျွန်​တို့​သည် ဒါ​ဝိဒ်​အား​ပြော​ကြ၏။ ဒါ​ဝိဒ်​က​လည်း၊ ကျွန်ုပ်​သည် အ​သ​ရေ​မ​ရှိ​သော ဆင်း​ရဲ​သား​ဖြစ်​လျက်​နှင့် ရှင်​ဘု​ရင်၏ သ​မက်​တော်​လုပ်​ရ​သော​အ​မှု​သည် သာ​မ​ည​အ​မှု ထင်​သ​လော​ဟု ပြော​ဆို၏။ 24ရှော​လု​ကျွန်​တို့​က​လည်း၊ ဒါ​ဝိဒ်​သည် ဤ​သို့​ပြော​ဆို​ပါ​သည်​ဟု လျှောက်​လျှင်၊ 25သင်​တို့​သည် တစ်​ဖန်​ပြော​ရ​မည်​မှာ၊ ရှင်​ဘု​ရင်​သည် ရန်​သူ​တို့၌ စိတ်​တော်​ပြေ​မည်​အ​ကြောင်း၊ ဖိ​လိ​တ္တိ​လူ​တို့၏ အ​ရေ​ဖျား​တစ်​ရာ​မှ​တစ်​ပါး အ​ခြား​သော​လက်​ဖွဲ့​ရာ​ကို အ​လို​တော်​မ​ရှိ​ဟု မှာ​ထား၏။ သို့​ရာ​တွင် ဒါ​ဝိဒ်​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​ဖြင့် ဆုံး​စေ​မည်​ဟု ရှော​လု​အ​ကြံ​ရှိ၏။ 26ရှော​လု​ကျွန်​တို့​သည် ထို​စ​ကား​ကို ဒါ​ဝိဒ်​အား​ပြန်​ပြော​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် ရှင်​ဘု​ရင်၏ သ​မက်​တော်​ဖြစ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​ကြောင့် ချိန်း​ချက်​သော အ​ချိန်​မ​စေ့​မီ​ထ၍၊ 27မိ​မိ​လူ​တို့​နှင့်​အ​တူ သွား​သ​ဖြင့်၊ ဖိ​လိ​တ္တိ​လူ​နှစ်​ရာ​တို့​ကို သတ်​ပြီး​မှ၊ ရှင်​ဘု​ရင်၏​သ​မက်​တော် ဖြစ်​လို​သော​ငှာ၊ သူ​တို့​အ​ရေ​ဖျား​များ​ကို ယူ​ခဲ့၍၊ စုံ​လင်​သော​အ​ရေ​အ​တွက်​အား​ဖြင့် ရှင်​ဘု​ရင်​အား ဆက်​လေ၏။ ရှော​လု​သည်​လည်း သ​မီး​တော်​မိ​ခါ​လ​ကို ပေး​စား​ရ၏။ 28ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​သ​မီး​သည် ချစ်​ကြောင်း​ကို​လည်း​ကောင်း၊ ရှော​လု​သည်​မြင်၍၊ 29ကြောက်​ရွံ့​သော​စိတ် စွဲ​လမ်း​လျက် အ​စဉ်​အ​မြဲ ရန်​ငြိုး​ဖွဲ့​လေ၏။
30တစ်​ဖန် ဖိ​လိ​တ္တိ​မင်း​တို့​သည် ချီ​သွား​ကြ၏။ ချီ​သွား​ကြ​သည်​နောက် ဒါ​ဝိဒ်​သည် ရှော​လု၏​ကျွန်​အ​ပေါင်း​တို့​ထက် သာ၍ သ​တိ​ပ​ညာ​နှင့်​ပြု​မူ​သ​ဖြင့် အ​လွန်​ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 18: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ