၁ ဓမ္မရာဇဝင် 19
19
ဒါဝိဒ်အားရှောလုညှဥ်းဆဲခြင်း
1ထိုကြောင့် ရှောလုသည် ဒါဝိဒ်ကိုသတ်စေခြင်းငှာ၊ သားတော်ယောနသန်နှင့် မိမိကျွန်အပေါင်းတို့ကို မှာထားလေ၏။ 2သားတော် ယောနသန်သည် ဒါဝိဒ်ကိုအလွန်ချစ်၍၊ ငါ့အဘရှောလုသည် သင့်ကိုသတ်ခြင်းငှာ ရှာကြံ၏။ သို့ဖြစ်၍ နံနက်တိုင်အောင် ကိုယ်ကိုသတိပြုသဖြင့် ဆိတ်ကွယ်ရာအရပ်၌ ပုန်းရှောင်၍ နေပါလော့။ 3ငါထွက်၍ သင်ရှိရာတော၌ ငါ့အဘထံခစားလျက်၊ သင့်အမှု၌ စကားပြောမည်။ တွေ့မြင်သမျှကို သင့်အား ငါပြန်ကြားမည်ဟု ဒါဝိဒ်အားပြောဆို၏။ 4ယောနသန်သည် အဘရှောလုထံ၌၊ ဒါဝိဒ်ဘက်မှာပြော၍၊ ရှင်ဘုရင်သည် ကျွန်တော်ဒါဝိဒ်ကို မပြစ်မှားပါစေနှင့်။ သူသည် ကိုယ်တော်ကို မပြစ်မှားပါ။ ကိုယ်တော်၌ အလွန်ကျေးဇူးပြုပါပြီ။ 5မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိလူကိုသတ်၍ ထာဝရဘုရားသည် ဣသရေလအမျိုး တစ်မျိုးလုံးအဖို့ ကြီးစွာသော ကယ်တင်ခြင်းကျေးဇူးကို ပြုတော်မူ၏။ ကိုယ်တော်သည်မြင်၍ ဝမ်းမြောက်ပါ၏။ သို့ဖြစ်၍ အကြောင်းမရှိဘဲ ဒါဝိဒ်ကိုသတ်သဖြင့် အဘယ်ကြောင့် အပြစ်မရှိသောသူ၏ အသက်ကို သတ်သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆိုသော်၊ 6ရှောလုသည် ယောနသန်၏စကားကိုနားထောင်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သူသည် အသေမခံရဟု ကျိန်ဆိုလေ၏။ 7ယောနသန်သည် ဒါဝိဒ်ကိုခေါ်၍ အကြောင်းအရာ၊ အလုံးစုံတို့ကိုပြောပြီးမှ၊ ရှောလုထံသို့သွင်းပြန်၍ အထံတော်၌ အရင်နေသကဲ့သို့ နေရ၏။
8တစ်ဖန် စစ်မှုပေါ်ပြန်သောအခါ၊ ဒါဝိဒ်ထွက်၍ ဖိလိတ္တိလူတို့ကိုတိုက်လျက်၊ ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်၍ သူတို့သည်ပြေးကြ၏။ 9ရှောလုသည် လှံတိုကိုကိုင်၍ နန်းတော်၌ထိုင်စဉ်တွင်၊ ထာဝရဘုရားထံတော်မှ ဆိုးသောဝိညာဉ်သက်ရောက်၍၊ ဒါဝိဒ်သည် စောင်းတီးလျက်နေသောအခါ၊ 10သူ့ကို လှံတိုနှင့် ထရံနားမှာထိုးစမ်းသော်လည်း၊ အထံတော်မှ ရှောင်ပြေးသဖြင့် လှံတိုသည် ထရံကိုစူးလျက်နေ၏။ ဒါဝိဒ်သည် ပြေး၍ ထိုည၌လွတ်ရ၏။ 11ရှောလုသည် သူ့ကိုစောင့်၍ နံနက်ချိန်၌ သတ်စေခြင်းငှာ သူ့အိမ်သို့လူကိုစေလွှတ်၏။ ဒါဝိဒ်မယား မိခါလက၊ သင်သည် ယနေ့ညမှာ ကိုယ်အသက်ကို မကယ်မလျှင်၊ နက်ဖြန်နေ့၌ အသေခံရလိမ့်မည်ဟုဆိုလျက်၊ 12ဒါဝိဒ်ကို ပြတင်းပေါက်မှလျှော့ချ၍ သူသည် အလွတ်ထွက်ပြေးလေ၏။ 13မိခါလသည်လည်း၊ တေရပ်ရုပ်တုကိုယူ၍ ခုတင်ပေါ်မှာ ထားပြီးလျှင်၊ ဆိတ်မွေးဖြင့်ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ကာ၍ စောင်နှင့်ခြုံလေ၏။ 14ဒါဝိဒ်ကို ဖမ်းဆီးစေခြင်းငှာ ရှောလုစေလွှတ်သောလုလင်ရောက်သောအခါ၊ ဒါဝိဒ်နာ၍ နေပါသည်ဟု မယားပြောဆို၏။ 15ရှောလုကလည်း၊ သူ့ကို ငါသတ်မည်အကြောင်း ခုတင်နှင့်တကွ ဆောင်ခဲ့ကြဟု ဒါဝိဒ်ကို အကြည့်အရှုစေလွှတ်၍၊ 16တမန်တို့သည် ဝင်ကြသောအခါ ဆိတ်မွေးဖြင့် ရက်သောကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာလျက်၊ ခုတင်ပေါ်မှာ တေရပ်ရုပ်တု ရှိပါသည်တကား။ 17ရှောလုကလည်း ငါ့ကိုလှည့်စား၍ အဘယ်ကြောင့် ရန်သူကို လွှတ်လိုက်သနည်း။ ယခုလွတ်အောင် ပြေးပါပြီတကားဟု မိခါလအားပြောဆိုလျှင်၊ မိခါလက ငါသွားမည်။ သို့မဟုတ် သင့်ကိုငါသတ်မည်ဟု သူပြောပါသည်ဟု ရှောလုအား ပြန်လျှောက်လေ၏။
18ထိုသို့ ဒါဝိဒ်ပြေး၍ ရှောလုလက်မှလွတ်သဖြင့်၊ ရှမွေလရှိရာ ရာမမြို့သို့ရောက်လေ၏။ ရှောလု ပြုလေသမျှတို့ကို ပြန်ကြားပြီးမှ၊ ရှမွေလသည်သွား၍ နာယုတ်ရွာမှာနေ၏။ 19ဒါဝိဒ်သည် ရာမမြို့နယ်၊ နာယုတ်ရွာမှာရှိကြောင်းကို ရှောလုသည်ကြား၍၊ 20ဒါဝိဒ်ကို ဖမ်းဆီးစေခြင်းငှာ စေလွှတ်ပြန်၏။ ပရောဖက်အပေါင်းအသင်းတို့သည် ပရောဖက်ပြုလျက်၊ ရှမွေလစီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင်သောအခါ၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလု၏ တမန်တော်တို့အပေါ်မှာ သက်ရောက်၍၊ သူတို့သည်လည်း ပရောဖက်ပြုရကြ၏။ 21ထိုသတင်းကို ရှောလုသည်ကြားလျှင် အခြားသောသူတို့ကို စေလွှတ်၍၊ သူတို့သည်လည်း ပရောဖက်ပြုရကြ၏။ တတိယအကြိမ် ရှောလုသည်စေလွှတ်၍၊ ထိုအတူပြုရကြ၏။ 22ထိုအခါ ကိုယ်တိုင်ရာမမြို့သို့သွား၍၊ စေခုရွာ၌ရှိသော ရေတွင်းကြီးသို့ရောက်သော်၊ ရှမွေလနှင့် ဒါဝိဒ်တို့သည် အဘယ်မှာရှိသနည်းဟု မေးလျှင်၊ ရာမမြို့နယ်၊ နာယုတ်ရွာမှာရှိပါသည်ဟု ကြားလျှောက်လေသော်၊ 23ထိုအရပ်သို့သွား၍၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်မှာသက်ရောက်သဖြင့်၊ နာယုတ်ရွာတိုင်အောင် ပရောဖက်ပြုလျက် သွားလေ၏။ 24အဝတ်တော်ကိုလည်း ချွတ်၍၊ ရှမွေလရှေ့မှာ ထိုအတူပရောဖက်ပြုလျက်၊ အဝတ်မပါဘဲ တစ်နေ့နှင့် တစ်ည လဲလျက်နေ၏။ ထိုကြောင့် ရှောလုသည်လည်း ပရောဖက်တို့၌ပါသလောဟု ဆိုလေ့ရှိကြ၏။
လက်ရှိရွေးချယ်ထားမှု
၁ ဓမ္မရာဇဝင် 19: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: