၁ ဓမ္မရာဇဝင် 20
20
ယောနသန်၏အကူအညီ
1ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်ရွာမှပြေး၍ ယောနသန်ထံသို့ရောက်ပြီးလျှင်၊ ကျွန်ုပ်သည် အဘယ်သို့ပြုဘိသနည်း။ အဘယ်အပြစ် ရှိသနည်း။ ခမည်းတော်သည် ကျွန်ုပ်အသက်ကိုရှာမည်အကြောင်း၊ ကျွန်ုပ်သည် အဘယ်ဒုစရိုက်ကို ပြုဘိသနည်းဟုမေးသော်၊ 2ယောနသန်က၊ ဤအမှုဝေးပါစေသော။ သင်သည် မသေရ။ ကျွန်ုပ်အဘသည် ကျွန်ုပ်အားမပြောဘဲ အမှုအကြီးအငယ် တစ်စုံတစ်ခုကိုမျှ မပြုတတ်။ ဤအမှုမှန်လျှင် ကျွန်ုပ်မသိစေခြင်းငှာ အဘယ်ကြောင့် ဝှက်ထားမည်နည်း။ ဤအမှုမမှန်ဘူးဟု ပြန်ပြော၏။ 3ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် သင်၏မိတ်ဆွေဖြစ်ကြောင်းကို သင်၏အဘသည် အမှန်သိသဖြင့်၊ ယောနသန်စိတ်မသာ ရှိမည်စိုးရိမ်၍ သူသည် ဤအမှုကို မသိစေနှင့်ဟု ပြောဆိုပါပြီ။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ သင့်အသက်လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ်နှင့် သေဘေးစပ်ကြားမှာ အသွားတစ်လှမ်းသာရှိပါသည်ဟု အကျိန်နှင့်ဆို၏။ 4ယောနသန်ကလည်း၊ သင့်စိတ်နှလုံး အလိုရှိသည်အတိုင်း ကျွန်ုပ်ပြုပါမည်ဟု ဒါဝိဒ်အားဆိုလျှင်၊ 5ဒါဝိဒ်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ ကျွန်ုပ်သည် ရှင်ဘုရင်နှင့်အတူ စားတော်ပွဲနားမှာ မထိုင်ဘဲမနေသင့်။ သို့သော်လည်း ကျွန်ုပ်သွား၍ သုံးရက်နေ့ညဉ့်ဦးတိုင်အောင် တော၌ ပုန်းရှောင်လျက် နေပါရစေ။#တော၊ ၂၈:၁၁။ 6သင်၏အဘသည် ကျွန်ုပ်မရှိသည်ကို မှတ်မိလျှင်၊ ဒါဝိဒ်၏ အဆွေအမျိုးအပေါင်းတို့သည် နှစ်စဉ်ပွဲခံချိန်ရှိသောကြောင့်၊ မိမိနေရာ ဗက်လင်မြို့သို့ သွားရမည်အကြောင်း၊ ကျပ်ကျပ်အခွင့်ပန်ပါ၏ဟုလျှောက်ပါ။ 7အဘက ကောင်းပြီဟုဆိုလျှင်၊ ကိုယ်တော်ကျွန်သည် ချမ်းသာရပြီ။ သို့မဟုတ် အလွန်စိတ်ဆိုးလျှင်၊ ဘေးပြုမည် အကြံရှိသည်ကို သဘောကျပါ။ 8ကိုယ်တော်ကျွန်၌ ကျေးဇူးပြုပါ။ ထာဝရဘုရား၏ပဋိညာဉ်ကို ကိုယ်တော်ကျွန်နှင့် ဖွဲ့ပါပြီ။ သို့သော်လည်း ကျွန်ုပ်၌အပြစ်ရှိလျှင် ကိုယ်တော်တိုင်သတ်ပါ။ အဘယ်ကြောင့် အဘထံသို့ ဆောင်သွားရပါမည်နည်းဟု ယောနသန်အားဆို၏။ 9ယောနသန်က ထိုသို့သောအမှု ဝေးပါစေသော။ ကျွန်ုပ်အဘသည် သင်၌ဘေးပြုမည်ဟု အကြံရှိသည်ကို ကျွန်ုပ်သည် အမှန်သိလျှင် သင့်အားမပြောဘဲ နေလိမ့်မည်လောဟု ဆို၏။ 10ဒါဝိဒ်ကလည်း၊ ခမည်းတော်သည် ကြမ်းတမ်းစွာပြန်ပြောလျှင်၊ ကျွန်ုပ်အား အဘယ်သူ ကြားပြောလိမ့်မည်နည်းဟု ယောနသန်အားမေးသော်၊ 11ယောနသန်က၊ ငါတို့သည် တောသို့သွားကြကုန်အံ့ဟု ဒါဝိဒ်အားဆိုလျက်၊ နှစ်ယောက်တို့သည် တောသို့ထွက်သွားကြ၏။
12ယောနသန်ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ နက်ဖြန်နေ့၊ သဘက်နေ့၌ ကျွန်ုပ်အဘကိုစုံစမ်းသောအခါ သူသည် ဒါဝိဒ်၌ ကောင်းသောအကြံရှိ၍ သင့်ကိုကျွန်ုပ်မကြားလိုက်ဘဲ နေသော်လည်းကောင်း၊ 13သို့မဟုတ် ကျွန်ုပ်အဘသည် ဘေးပြုခြင်းငှာ အလိုရှိ၍ သင်သည် ငြိမ်ဝပ်စွာသွားရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်လည်းကောင်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရားသည် ကျွန်ုပ်အဘနှင့် အတူရှိခဲ့ပြီးသကဲ့သို့ သင်နှင့်အတူ ရှိပါစေသော။ 14သင်သည် ကျွန်ုပ်အသက်ရှင်စဉ်အခါ၌သာ အသက်ချမ်းသာစေခြင်းငှာ ထာဝရဘုရား အလိုတော်အတိုင်း ကျေးဇူးပြုရမည်မက၊ 15ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူအပေါင်းတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူသော နောက်မှာလည်း၊ ကျွန်ုပ်အမျိုးအနွယ်၌ အစဉ်အမြဲ ကျေးဇူးပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့်လည်းကောင်း၊#၂ရာ၊ ၉:၁။ 16သစ္စာပျက်လျှင် ဒါဝိဒ်၏ရန်သူတို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ်၏ အမျိုးအနွယ်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်လည်းကောင်း၊ 17ကိုယ်ဝိညာဉ်ကို ချစ်သကဲ့သို့ ဒါဝိဒ်ကိုချစ်သောကြောင့်၊ ချစ်သောစိတ်အားကြီး၍ ဒါဝိဒ်အား အထပ်ထပ်ကျိန်ဆို၏။ 18တစ်ဖန် ယောနသန်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ သင်ထိုင်ရာအရပ်လပ်လျှင် သင်မရှိကြောင်း ထင်ရှားလိမ့်မည်။ 19သင်သည် သုံးရက်နေပြီးမှ အလျင်အမြန် ဆင်းလာသဖြင့်၊ အရင်အမှုရှိစဉ် ပုန်းရှောင်၍ နေရာအရပ်သို့ရောက်လျှင်၊ ဧဇေလကျောက်နားမှာ နေရမည်။ 20ကျွန်ုပ်သည်လည်း၊ စက်ကိုပစ်ဟန်ပြု၍၊ ထိုကျောက်နားသို့ မြားသုံးစင်းပစ်မည်။ 21မြားတို့ကို သွား၍ရှာချေဟု လူကလေးကို စေခိုင်းသောအခါ၊ မြားတို့သည် နင့်အနားမှာရှိ၏။ ကောက်တော့ဟု သေချာစွာပြောလျှင် လာခဲ့ပါ။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ဘေးမရှိ၊ ချမ်းသာရပြီ။ 22သို့မဟုတ်၊ မြားတို့သည် နင့်ကိုလွန်ပြီဟု လုလင်အားဆိုလျှင် သွားလော့။ ထာဝရဘုရားသည် သင့်ကို လွှတ်လိုက်တော်မူ၏။ 23ယခု ငါတို့နှစ်ယောက် ပြောသောအမှုသည်ကား၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြားမှာ အစဉ်ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ၏။
24ဒါဝိဒ်သည် တော၌ ပုန်းရှောင်၍နေ၏။ လဆန်းနေ့ရောက်မှ ရှင်ဘုရင်သည် စားတော်ခေါ်ခြင်းငှာ ထိုင်၏။ 25ထုံးစံအတိုင်း ထရံနားမှာ ရှင်ဘုရင်ထိုင်လျှင်၊ ယောနသန်ထ၍ အာဗနာသည် ရှောလုအနားမှာထိုင်၏။ ဒါဝိဒ်၏ နေရာထိုင်ရာသည် လပ်၏။ 26သို့ရာတွင် ရှောလုက အကြောင်းတစ်စုံတစ်ခု ရှိလိမ့်မည်။ သူသည် မစင်ကြယ်။ အကယ်၍ သူသည်မစင်ကြယ်ဟု ထင်မှတ်၍ ထိုနေ့၌ တိတ်ဆိတ်စွာနေ၏။ 27နက်ဖြန်နေ့ လဆန်းနှစ်ရက်နေ့၌ ဒါဝိဒ်၏ နေရာထိုင်ရာသည် လပ်သောကြောင့် ရှောလုက၊ ယေရှဲသားသည် စားပွဲတော်သို့ မနေ့ကမလာ၊ ယနေ့လည်း မလာဘဲ အဘယ်ကြောင့်နေသနည်းဟု သားတော်ယောနသန်အား မေးလျှင်၊ 28ယောနသန်က၊ ဒါဝိဒ်သည် ဗက်လင်မြို့သို့ သွားရမည်အကြောင်း ကျပ်ကျပ်အခွင့်ပန်လျက်၊ 29အကျွန်ုပ် သွားရသောအခွင့်ကိုပေးပါလော့။ အကျွန်ုပ် အဆွေအမျိုးတို့သည် ထိုမြို့၌ ယဇ်ပွဲကိုဆောင်ကြပါ၏။ အကျွန်ုပ်အစ်ကိုလည်း မှာလိုက်ပါပြီ။ စိတ်တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား၍ အစ်ကိုတို့ကို မြင်ရမည်အကြောင်း အခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထိုကြောင့် စားပွဲတော်သို့ မလာပါဟု ရှောလုအား လျှောက်လေ၏။ 30ထိုအခါ ရှောလုသည် ယောနသန်ကို အမျက်ထွက်၍၊ မျောက်မထားသော မိန်းမ၏သား၊ သင်သည် ကိုယ်တိုင် အရှက်ကွဲသည်တိုင်အောင်လည်းကောင်း၊ သင့်အမိအဝတ်ကျွတ်၍ အရှက်ကွဲသည်တိုင်အောင်လည်းကောင်း၊ ယေရှဲ၏သားဘက်၌ နေသည်ကို ငါမသိသလော။ 31ယေရှဲ၏သားသည် မြေကြီးပေါ်မှာ အသက်ရှင်သည်ကာလပတ်လုံး သင်နှင့်သင်၏နိုင်ငံ မတည်ရ။ ယခုစေလွှတ်၍ သူကိုခေါ်ခဲ့။ သူသည် အသေခံရမည်ဟုဆိုလျှင်၊ 32ယောနသန်က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေခံရမည်နည်း။ အဘယ်သို့ပြုဘိသနည်းဟု အဘရှောလုအား မေးလေသော်၊ 33ရှောလုသည် ယောနသန်ကိုမှန်စေခြင်းငှာ လှံတိုကို လက်လွှတ်၍ ထိုးလေ၏။ သို့ဖြစ်၍ အဘသည် ဒါဝိဒ်ကို သတ်မည်အကြံရှိသည်ကို ယောနသန်သည်သိသဖြင့်၊ 34အမျက်ထွက်၍၊ ထိုလဆန်းနှစ်ရက်နေ့၌ အစာမစားဘဲ ထသွား၏။ မိမိအဘသည် ဒါဝိဒ်ကို အရှက်ခွဲသောကြောင့် ဒါဝိဒ်အတွက် ညှိုးငယ်သောစိတ်ရှိ၏။
35နံနက်ရောက်မှ ဒါဝိဒ်နှင့် ချိန်းချက်သောအချိန်၌၊ ယောနသန်သည် လူကလေးကိုခေါ်၍ တောသို့သွား၏။ 36လူကလေးအားလည်း ပြေးတော့။ ငါပစ်သော မြားတို့ကို ရှာတော့ဟုဆို၍ လူကလေးသည်ပြေးသောအခါ သူ့ကိုလွန်အောင် မြားတစ်စင်းကို ပစ်လေ၏။ 37ယောနသန်ပစ်သော မြားကျရာအရပ်သို့ လူကလေးရောက်သောအခါ၊ ယောနသန်က၊ မြားတစ်စင်းသည် နင့်ကိုလွန်ပြီမဟုတ်လော။ 38ကြိုးစား၍ အလျင်အမြန်ပြေးတော့။ မနေနှင့်ဟု လူကလေးနောက်မှာ ဟစ်လေ၏။ လူကလေးသည်လည်း မြားတို့ကိုကောက်၍ မိမိသခင့်ထံသို့ ပြန်လာ၏။ 39သို့ရာတွင် လူကလေးသည် ထိုအမှုကိုနားမလည်။ ယောနသန်နှင့် ဒါဝိဒ်သာ နားလည်ကြ၏။ 40ယောနသန်သည် မိမိလက်နက်တို့ကို လူကလေး၌အပ်၍ မြို့ထဲသို့ယူသွားတော့ဟု ဆို၏။ 41လူကလေးသွားသောနောက်၊ ဒါဝိဒ်သည် တောင်မျက်နှာအရပ်က ထ၍ မြေပေါ်မှာပျပ်ဝပ်လျက် သုံးကြိမ်တိုင်အောင် ဦးညွှတ်ပြီးလျှင်၊ သူတို့သည် တစ်ယောက်ကိုတစ်ယောက်နမ်းလျက် မျက်ရည်ကျလျက်၊ ဒါဝိဒ်သည်သာ၍ ပြုသည်တိုင်အောင် ပြုကြ၏။ 42ယောနသန်ကလည်း၊ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ်အမျိုးအနွယ် စပ်ကြားမှာ အစဉ်အမြဲရှိတော်မူစေသတည်းဟူ၍ ထာဝရဘုရား၏ နာမတော်ကို တိုင်တည်သဖြင့်၊ ငါတို့နှစ်ယောက်သည် ကျိန်ဆိုကြသည်ကိုထောက်၍၊ ငြိမ်ဝပ်စွာ သွားတော့ဟု ဒါဝိဒ်အားဆိုလျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။
လက်ရှိရွေးချယ်ထားမှု
၁ ဓမ္မရာဇဝင် 20: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: