YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 20

20
ဧ​ဒုံ​ပြည်​ကို​စစ်​တိုက်​ခြင်း
1ထို​နောက်​မှ၊ မော​ဘ​အ​မျိုး​သား​နှင့် အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဧ​ဒုံ​အ​မျိုး​သား​အ​ချို့​နှင့်​တ​ကွ၊ ယော​ရှ​ဖတ်​ကို စစ်​တိုက်​မည်​ဟု ချီ​လာ​ကြ၏။ 2အိုင်​ကြီး​တစ်​ဖက်၊ ဧ​ဒုံ​ပြည်​ဘက်​က များ​စွာ​သော အ​လုံး​အ​ရင်း စစ်​ချီ​လာ၍၊ အင်္ဂေ​ဒိ​အ​မည်​ရှိ​သော ဟာ​ဇ​ဇု​န္တာ​မာ​မြို့​မှာ ရှိ​ကြ​ပါ​သည်​ဟု ယော​ရှ​ဖတ်​အား ကြား​လျှောက်​လျှင်၊ 3ယော​ရှ​ဖတ်​သည် ကြောက်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ခြင်း​ငှာ​သ​ဘော​ချ​လျက်၊ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို၊ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၌ ကြော်​ငြာ​စေ​တော်​မူ၏။ 4ယု​ဒ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​မည်​ဟု​စု​ဝေး၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​အံ့​သော​ငှာ၊ ယု​ဒ​မြို့​ရှိ​သ​မျှ​မှ ထွက်​လာ​ကြ၏။
5ယော​ရှ​ဖတ်​သည် ဗိ​မာန်​တော်​တံ​တိုင်း​သစ်​ရှေ့၊ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​စည်း​ဝေး​ရာ ပ​ရိ​သတ်​အ​လယ်၌​ရပ်​လျက်၊ 6ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။ တစ်​ပါး​အ​မျိုး​သား​နေ​ရာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို အ​စိုး​ရ​တော်​မူ​သည် မ​ဟုတ်​လော။ အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်​အောင် ခွန်​အား​တန်​ခိုး ကြီး​တော်​မူ​သည် မ​ဟုတ်​လော။ 7ဤ​ပြည်၌​နေ​ဖူး​သော သူ​တို့​ကို ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှ နှင်​ထုတ်၍၊ ကိုယ်​တော်​အ​ဆွေ အာ​ဗြ​ဟံ၏​သား​မြေး​တို့​အား၊ ဤ​ပြည်​ကို အ​စဉ်​ပေး​တော်​မူ​သော အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။#ဟေရှာ၊ ၄၁:၈၊ ယာ၊ ၂:၂၃။ 8သူ​တို့​သည် နေ​ရာ​ကျ၍၊ နာ​မ​တော်​အ​ဖို့ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို တည်​ဆောက်​ကြ​သော​အ​ခါ၊ 9အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ဓား​ဘေး၊ ဒဏ်​ခတ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​တစ်​စုံ​တစ်​ခု​ရောက်၍၊ နာ​မ​တော်​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်၊ အ​ထံ​တော်​သို့ အ​ကျွန်ုပ်​တို့​သည် ချဉ်း​ကပ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ကြောင့် အော်​ဟစ်​ကြ​သော​အ​ခါ၊ နား​ထောင်၍​ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ​ပါ​ပြီ။ 10ယ​ခု​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ တိုက်​ရ​သော​အ​ခွင့် ပေး​တော်​မ​မူ။ လွှဲ​ရှောင်၍ မ​ဖျက်​ဆီး​ဘဲ​ထား​ခဲ့​သော အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား၊ စိ​ရ​တောင်​သား​တို့​သည်၊#တရား၊ ၂:၄-၁၉။ 11အ​ကျွန်ုပ်​တို့​အား အ​ပိုင်​ပေး​တော်​မူ​သော အ​မွေ​ခံ​ရာ​မြေ​ထဲ​က၊ အ​ကျွန်ုပ်​တို့​ကို နှင်​ထုတ်​ခြင်း​ငှာ​လာ၍၊ အ​ဘယ်​သို့ ကျေး​ဇူး​ဆပ်​ကြ​ပါ​သည်​ကို ကြည့်​ရှု​တော်​မူ​ပါ။ 12အို​အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်၊ သူ​တို့​ကို မ​စီ​ရင်​ဘဲ​နေ​တော်​မူ​မည်​လော။ အ​ကျွန်ုပ်​တို့​ကို တိုက်​အံ့​သော​ငှာ လာ​သော ဤ​အ​လုံး​အ​ရင်း​ကြီး​ကို၊ အ​ကျွန်ုပ်​တို့​သည် ဆီး​တား​ခြင်​ငှာ မ​တတ်​နိုင်​ပါ။ အ​ဘယ်​သို့​ပြု​ရ​မည်​ကို မ​သိ​ပါ။ ကိုယ်​တော်​ကို​သာ မျှော်​ကြည့်​လျက်​နေ​ကြ​ပါ​သည်​ဟု ဆု​တောင်း၍၊ 13ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သား​မ​ယား သူ​ငယ်​တို့​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ၏။
14ထို​အ​ခါ ပ​ရိ​သတ်​အ​လယ်၌​ရှိ​သော လေ​ဝိ​အ​မျိုး၊ အာ​သပ်​အ​နွယ်၊ မ​တ္တ​နိ၊ ယေ​ယေ​လ၊ ဗေ​နာ​ယ၊ ဇာ​ခ​ရိ​တို့​မှ ဆင်း​သက်​သော ယ​ဟာ​ဇေ​လ​အ​ပေါ်​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် သက်​ရောက်၍၊ 15ထို​သူ​က၊ အို​ယော​ရှ​ဖတ်​မင်း​ကြီး​နှင့် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​အ​လုံး​အ​ရင်း​ကြီး​ကြောင့် မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ စစ်​မှု​သည် သင်​တို့​တာ​မ​ဟုတ်၊ ဘု​ရား​သ​ခင့်​တာ ဖြစ်၏။#တရား၊ ၂၀:၁-၄။ 16နက်​ဖြန်​နေ့ သူ​တို့​ရှိ​ရာ​သို့ ချီ​သွား​ကြ​လော့။ သူ​တို့​သည် ဇိ​ဇ​မြို့​သို့ တက်​ရာ​လမ်း​ဖြင့် လာ​ကြ​စဉ်၊ ယေ​ရွေ​လ​တော​စပ်​နား၊ ချိုင့်​ဝ​မှာ သင်​တို့​တွေ့​ကြ​လိမ့်​မည်။ 17သို့​ရာ​တွင်၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည် စစ်​တိုက်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ဖြစ်၍၊ တည်​ကြည်​စွာ မတ်​တတ်​နေ​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ကြည့်​ရှု​ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ နက်​ဖြန်​နေ့ ချီ​သွား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်​ဟု မြွက်​ဆို၏။#ထွ၊ ၁၄:၁၃-၁၄။ 18ယော​ရှ​ဖတ်​သည် မြေ​ပေါ်​မှာ​ဦး​ချ၍ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပျပ်​ဝပ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။ 19လေ​ဝိ​အ​မျိုး၊ ကော​ဟတ်​အ​နွယ်​သား​နှင့် ကော​ရ​အ​နွယ်​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို၊ ကျယ်​သော​အ​သံ​နှင့် ချီး​မွမ်း​ခြင်း​ငှာ ရပ်​နေ​ကြ၏။
20နက်​ဖြန်​နံ​နက်​စော​စော​ထ၍၊ တေ​ကော​တော​သို့ ထွက်​သွား​ကြ၏။ သွား​ကြ​စဉ်​တွင်၊ ယော​ရှ​ဖတ်​သည် ရပ်၍၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် တည်​ကြည်​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​တော်​တို့​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် အောင်​မြင်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ 21လူ​များ​နှင့်​တိုင်​ပင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့​ဟု တပ်​ရှေ့​မှာ​ချီ​သွား​လျက်၊ သန့်​ရှင်း​ခြင်း​အ​သ​ရေ​ကို ချီး​မွမ်း​ရ​သော သီ​ချင်း​သည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ခန့်​ထား​တော်​မူ၏။ 22ထို​သူ​တို့​သည် ချီး​မွမ်း​ရာ​သီ​ချင်း​ကို ဆို​စ​ပြု​ကြ​သော​အ​ခါ၊ ယု​ဒ​ပြည်​ကို​တိုက်​အံ့​သော​ငှာ လာ​သော၊ စိ​ရ​တောင်​သား​တို့​ကို အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား​တို့ တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား ချောင်း​မြောင်း​စေ​တော်​မူ​သ​ဖြင့်၊ အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား​တို့​သည် အ​ထိ​အ​ခိုက်​ခံ​ရ​သော​ကြောင့်၊ 23တစ်​ဖန် စိ​ရ​တောင်​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ လှန်၍​တိုက်​သ​ဖြင့်၊ အ​ကုန်​အ​စင်​သတ်​ပြီး​မှ၊ တစ်​ယောက်​ကို​တစ်​ယောက် တိုက်​ခိုက်၍၊ ပျက်​စီး​ခြင်း​သို့​ရောက်​ကြ၏။ 24ယု​ဒ​လူ​တို့​သည် တော၌​ရှိ​သော ကင်း​မျှော်​စင်​သို့​ရောက်၍၊ ထို​အ​လုံး​အ​ရင်း​ကို ကြည့်​ရှု​သော​အ​ခါ၊ ထို​လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ​မ​လွတ်၊ မြေ​ပေါ်​မှာ​လဲ​သော အ​သေ​ကောင်​ဖြစ်​ကြ၏။ 25ယော​ရှ​ဖတ်​နှင့် သူ၏​လူ​တို့​သည်၊ ရန်​သူ​တို့​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ လာ​ကြ​သော​အ​ခါ၊ အ​သေ​ကောင်​တို့၌ များ​စွာ​သော​ဥ​စ္စာ၊ အ​ဖိုး​ထိုက်​သော တန်​ဆာ​တို့​ကို တွေ့​သ​ဖြင့်၊ ထမ်း၍​မ​သွား​နိုင်​အောင် ချွတ်​ယူ​ကြ၏။ လက်​ရ​ဥ​စ္စာ အ​လွန်​များ​သော​ကြောင့်၊ သုံး​ရက်​ပတ်​လုံး လု​ယူ​ထုပ်​ထား​လျက် နေ​ကြ၏။ 26စ​တု​တ္ထ​နေ့​တွင် ဗ​ရာ​ခ​ချိုင့်၌​စည်း​ဝေး၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ၏။ ထို​ကြောင့်၊ ယ​နေ့​တိုင်​အောင် ထို​အ​ရပ်​သည် ဗ​ရာ​ခ​ချိုင့်​ဟူ၍ တွင်​သ​တည်း။ 27ထို​အ​ခါ သူ​တို့​သည် ရန်​သူ​တို့​အ​ပေါ်​မှာ ဝမ်း​မြောက်​သော​အ​ခွင့်​ကို၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ကြောင့်၊ ယော​ရှ​ဖတ်​သည် ရှေ့​ဦး​စွာ​ကြွ၍ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​သည်၊ ဝမ်း​မြောက်​သော​စိတ်​နှင့် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား၍၊ 28စောင်း၊ တ​ယော၊ တံ​ပိုး​ကို တီး​မှုတ်​လျက်၊ ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​သို့ ရောက်​လာ​ကြ၏။ 29ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ရန်​သူ​တို့​ကို တိုက်​တော်​မူ​ကြောင်း​ကို၊ အ​ခြား​တိုင်း​နိုင်​ငံ​သား ရှိ​သ​မျှ​တို့​သည်​ကြား၍၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ကြ၏။ 30ထို​သို့ ဘု​ရား​သ​ခင်​သည် အ​ရပ်​ရပ်၌ ငြိမ်​ဝပ်​သော​အ​ခွင့်​ကို ပေး​တော်​မူ​သော​ကြောင့်၊ ယော​ရှ​ဖတ်၏​နိုင်​ငံ​တော်​သည် သာ​ယာ၏။
ယော​ရှ​ဖတ်​၏​နန်း​သက်​ကုန်​ဆုံး​ခြင်း
(၃ ရာ၊ ၂၂:၄၁-၅၀)
31ယော​ရှ​ဖတ်​သည် အ​သက်​သုံး​ဆယ်​ငါး​နှစ်​ရှိ​သော်​နန်း​ထိုင်၍ နှစ်​ဆယ်​ငါး​နှစ်​ပတ်​လုံး ယေ​ရု​ရှ​လင်​မြို့​မှာ နေ​လျက်၊ ယု​ဒ​ပြည်​ကို စိုး​စံ​လေ၏။ မယ်​တော်​ကား ရှိ​လ​ဟိ​သ​မီး အ​ဇု​ဘ​အ​မည်​ရှိ၏။ 32ထို​မင်း​သည် ခ​မည်း​တော်​အာ​သ​လိုက်​သော လမ်း​ကို​မ​လွှဲ၊ အ​ကုန်​အ​စင်​လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​သော​အ​ကျင့်​ကို​သာ ကျင့်၏။ 33သို့​ရာ​တွင်၊ မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား။ လူ​များ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ကို ဆည်း​ကပ်​ခြင်း​ငှာ၊ သ​ဘော​မ​ချ​ဘဲ နေ​ကြ​သေး၏။ 34ယော​ရှ​ဖတ်​ပြု​မူ​သော အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ အ​စ​အ​ဆုံး​တို့​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​နှင့် ဆက်၍၊ ဟာ​နန်​သား​ယေ​ဟု စီ​ရင်​သော​စာ၌ ရေး​ထား​လျက်​ရှိ၏။
35နောက်​တစ်​ဖန် ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်​သည်၊ 36တာ​ရှု​မြို့​သို့​သွား​ရ​သော သင်္ဘော​တို့​ကို​တည်​လုပ်​ခြင်း​ငှာ၊ အ​လွန်​အ​ဓ​မ္မ​အ​မှု​ကို ပြု​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ခ​ဇိ​နှင့် ပေါင်း​ဖော်​ပြီး​လျှင်၊ ထို​သင်္ဘော​တို့​ကို ဧ​ဇ​ယုန်​ဂါ​ဗာ​မြို့​မှာ တည်​လုပ်​ကြ၏။ 37ထို​အ​ခါ မ​ရေ​ရှ​မြို့​သူ၊ ဒေါ​ဒေ​ဝ​သား ဧ​လျေ​ဇ​က၊ မင်း​ကြီး​သည် အာ​ခ​ဇိ​နှင့် ပေါင်း​ဖော်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မင်း​ကြီး​ပြု​သော​အ​မှု​ကို ဖျက်​တော်​မူ​ပြီး​ဟု ယော​ရှ​ဖတ်​တစ်​ဖက်၌ ဟော​သည်​နှင့်​အ​ညီ၊ ထို​သင်္ဘော​တို့​သည် တာ​ရှု​မြို့​သို့​မ​သွား​နိုင်​အောင် ကျိုး​ပဲ့​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 20: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ