YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 6

6
1သင်​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​ကျိုး​မဲ့​မ​ခံ​ကြ​နှင့်​ဟု ငါ​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်​သော​သူ​ချင်း​ဖြစ်၍ သင်​တို့​ကို နှိုး​ဆော်​သွေး​ဆောင်​ကြ၏။- 2ဗျာ​ဒိတ်​တော် အ​ချက်​ဟူ​မူ​ကား၊ နှစ်​သက်​ဖွယ်​သော​အ​ချိန်၌ သင်၏​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ ကယ်​တင်​ရာ​နေ့​ရက်​ကာ​လ၌ သင့်​ကို ငါ​မ​စ​ပြီ​ဟု လာ​သည်​နှင့်​အ​ညီ ယ​ခု​ပင် နှစ်​သက်​ဖွယ်​သော​အ​ချိန်​ရှိ၏။ ယ​ခု​ပင် ကယ်​တင်​ရာ နေ့​ရက်​ကာ​လ​ရှိ၏။- 3တ​ရား​ဟော​ခြင်း​အ​ခွင့်​အ​ရာ​ကို အ​ပြစ်​တင်​ခြင်း​နှင့် ကင်း​လွတ်​စိမ့်​သော​ငှာ၊ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ပြု။- 4ညှဥ်း​ဆဲ​ခံ​ခြင်း၊ ဆင်း​ရဲ​ခြင်း၊ မ​လွတ်​နိုင်​သော ဘေး​ဥ​ပဒ်​နှင့်​တွေ့​ခြင်း၊- 5အ​ရိုက်​အ​ပုတ်​ခံ​ခြင်း၊ ထောင်​ထဲ၌​နေ​ခြင်း၊ သူ​တစ်​ပါး ရုန်း​ရင်း​ခတ်​ပြု​ခြင်း၊ အ​မှု​ကို​လုပ်​ဆောင်​ခြင်း၊ မ​အိပ်​ဘဲ​စောင့်​နေ​ခြင်း၊ မွတ်​သိပ်​ခြင်း​ကို အ​လွန်​သည်း​ခံ​လျက်၊- 6စိတ်​နှ​လုံး​စင်​ကြယ်​ခြင်း၊ ပ​ညာ​ရှိ​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​ခံ​ခြင်း၊ ချစ်​ယောင်​မ​ဆောင် အ​မှန်​ချစ်​ခြင်း၊- 7သ​မ္မာ​တ​ရား​ကို​ဟော​ခြင်း၊ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ကို​ပြ​ခြင်း၊ ဖြောင့်​မတ်​သော​အ​ကျင့်​တည်း​ဟူ​သော လက်​နက်​များ​ကို လက်​ယာ​ဘက် လက်​ဝဲ​ဘက်၌ ဝတ်​ဆောင်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊- 8အ​သ​ရေ​ထင်​ရှား​ခြင်း​နှင့် ရှုတ်​ချ​ခြင်း၊ ချီး​မွမ်း​ခြင်း​နှင့် ကဲ့​ရဲ့​ခြင်း​ကို ခံ​သ​ဖြင့်​လည်း​ကောင်း၊ လှည့်​စား​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ ဟုတ်​မှန်​သော​သူ၊- 9အ​ဘယ်​သူ​မျှ​မ​သိ​သော သူ​ကဲ့​သို့​ဖြစ်​သော်​လည်း ကျော်​စော​သော​သူ၊ အ​သေ​ခံ​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ အ​သက်​ရှင်​သော​သူ၊ ဆုံး​မ​ခြင်း​ကို​ခံ​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ အ​သေ​သတ်​ခြင်း​နှင့် ကင်း​လွတ်​သော​သူ၊- 10ဝမ်း​နည်း​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ အ​စဉ်​ဝမ်း​မြောက်​သော​သူ၊ ဆင်း​ရဲ​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ လူ​အ​များ​ကို ရ​တတ်​စေ​သော​သူ၊ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပိုင်​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ အ​လုံး​စုံ​တို့​ကို​ပိုင်​သော​သူ ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သော ဓ​မ္မ​ဆ​ရာ​မှန်​ကြောင်း​ကို အ​ရာ​ရာ၌ ထင်​ရှား​စွာ​ပြ၏။
11အ​ချင်း​ကော​ရိ​န္သု​လူ​တို့၊ ငါ​တို့​နှုတ်​သည် သင်​တို့​အား ဖွင့်​လျက်​ရှိ၏။ စိတ်​နှ​လုံး​သည်​လည်း ကျယ်​ဝန်း၏။- 12ငါ​တို့၌​သင်​တို့​သည် ကျဉ်း​မြောင်း​သည် မ​ဟုတ်။ ကိုယ်​မေ​တ္တာ က​ရု​ဏာ၌​သာ ကျဉ်း​မြောင်း​ကြ၏။- 13ငါ​တို့​ကျေး​ဇူး​ကို ဆပ်​ခြင်း​အ​လို့​ငှာ ကျယ်​ဝန်း​သော​စိတ် ရှိ​ကြ​လော့။ ထို​သို့​ဆို​သော် ကိုယ်​သား​တို့​ကို ဆို​သ​ကဲ့​သို့ ငါ​ဆို၏။
ဆန့်​ကျင်​ဘက်​ထမ်း​ပိုး
14မ​ယုံ​ကြည်​သော​သူ​တို့​နှင့်​တွဲ​ဖက်၍ ဆန့်​ကျင်​ဘက်​ဖြစ်​သော ထမ်း​ပိုး​ကို မ​ထမ်း​ကြ​နှင့်။ တ​ရား​သော​အ​မှု​သည် မ​တ​ရား​သော​အ​မှု​ကို အ​ဘယ်​သို့ လက်​ခံ​နိုင်​မည်​နည်း။ အ​လင်း​သည်​မှောင်​မိုက်​နှင့် အ​ဘယ်​သို့ ဆက်​ဆံ​နိုင်​မည်​နည်း။- 15ခ​ရစ်​တော်​သည် ဗေ​လျာ​လ နှင့် အ​ဘယ်​သို့ သင့်​တင့်​နိုင်​မည်​နည်း။ ယုံ​ကြည်​သော​သူ​သည် မ​ယုံ​ကြည်​သော​သူ​နှင့်​အ​တူ အ​ဘယ် အ​ကျိုး​အ​ပြစ်​ကို ခံ​ရ​မည်​နည်း။- 16ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​သည် ရုပ်​တု​တို့​နှင့် အ​ဘယ်​သို့ စပ်​ဆိုင်​ရ​မည်​နည်း။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​တွင် ငါ​ကျိန်း​ဝပ်​မည်။ သူ​တို့​တွင်​လှည့်​လည်၍ သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ဖြစ်​ကြ၏။- 17ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြန်​သည်​ကား၊ သင်​တို့​သည် ထို​သူ​တို့​အ​ထဲ​မှ​ထွက်၍ အ​သီး​အ​ခြား နေ​ကြ​လော့။ မ​စင်​ကြယ်​သော​အ​ရာ​ကို လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ ထို​သို့​ပြု​လျှင် သင်​တို့​ကို ငါ​သည် လက်​ခံ​မည်။- 18သင်​တို့၏​အ​ဘ ဖြစ်​မည်။ သင်​တို့​သည်​လည်း ငါ၏​သား​သ​မီး ဖြစ်​ကြ​လိမ့်​မည်​ဟု အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

၂ ကောရိန္သု 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ