YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 4

4
ပ​ညတ်​တော်​များ​ကို​လိုက်​နာ​ရန်
1အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် အ​သက်​ရှင်၍၊ သင်​တို့​ဘိုး​ဘေး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​မည်​အ​ကြောင်း၊ သင်​တို့​ကျင့်​စ​ရာ​ဖို့ ငါ​သွန်​သင်​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို နား​ထောင်​ကြ​လော့။ 2ငါ​မှာ​ထား​သော​စ​ကား၌ သင်​တို့​သည် အ​သစ်​မ​သွင်း​ရ။ အ​လျှင်း​မ​နုတ်​မ​ပယ်​ရ။ ငါ​မှာ​ထား​သည်​အ​တိုင်း၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်။#ဗျာ၊ ၂၂:၁၈-၁၉။ 3ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လ​ပေ​ဂု​ရ​ကြောင့် ပြု​တော်​မူ​သော​အ​မှု​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ရ​ကြ​ပြီ။ ဗာ​လ​ပေ​ဂု​ရ၌ ဆည်း​ကပ်​သော​သူ​အ​ပေါင်း​တို့​ကို သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ထဲ​က သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပြီ။#တော၊ ၂၅:၁-၉။ 4သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၌ မှီ​ဝဲ​သ​မျှ​သော​သင်​တို့​မူ​ကား၊ ယ​နေ့​တိုင်​အောင် အ​သက်​ရှင်​ရ​ကြ၏။ 5သင်​တို့​သည်​သွား၍ ဝင်​စား​သော​ပြည်၌ ကျင့်​စ​ရာ​ဖို့၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို သင်​တို့​အား ငါ​သွန်​သင်​ပြီ။ 6သို့​ဖြစ်၍ ထို​ပ​ညတ်​တ​ရား​တို့​ကို ကျင့်​စောင့်​ကြ​လော့။ သို့​ပြု​လျှင်၊ ထို​ပ​ညတ်​တ​ရား​ရှိ​သ​မျှ​တို့​ကို ကြား​ရ​သော​လူ​မျိုး​များ​ရှေ့​မှာ၊ သင်​တို့၏​ဉာဏ်​ပ​ညာ​သည် ထင်​ရှား​လိမ့်​မည်။ သူ​တို့​က​လည်း၊ ဤ​ကြီး​မြတ်​သော​လူ​မျိုး​သည် အ​ကယ်​စင်​စစ် ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​သော​အ​မျိုး​ဖြစ်၏​ဟု ဆို​ကြ​လိမ့်​မည်။ 7ငါ​တို့​သည် ဆု​တောင်း​လေ​ရာ​ရာ၌၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကြည့်​ရှု​ပြု​စု​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သည်​နည်း​တူ၊ အ​ခြား​သော​ဘု​ရား​ကြည့်​ရှု​ပြု​စု​သော​ကျေး​ဇူး​ကို အ​ဘယ်​မည်​သော​လူ​မျိုး​ကြီး ခံ​ရ​သ​နည်း။ 8ငါ​သည် ယ​နေ့​သင်​တို့၌​ထား​သော တ​ရား​အ​ပေါင်း​နှင့်​အ​မျှ ဖြောင့်​မတ်​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​ရ​သော အ​ဘယ်​လူ​မျိုး​ကြီး ရှိ​သ​နည်း။ 9သင်​တို့​သည်၊ ဟော​ရပ်​အ​ရပ်​မှာ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ​သော​အ​ခါ၊ ကိုယ်​တိုင်​မြင်​သော အ​မှု​အ​ရာ​တို့​ကို မ​မေ့​မ​လျော့။ နောက်​တစ်​သက်​လုံး နှ​လုံး​သွင်း​နိုင်​မည်​အ​ကြောင်း ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို​ကြိုး​စား၍ စောင့်​ရှောက်​ကြ​လော့။ ထို​အ​ရာ​တို့​ကို သား​မြေး​တို့​အား​လည်း သွန်​သင်​ကြ​လော့။ 10ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က၊ လူ​များ​တို့​ကို ငါ့​ထံ​မှာ​စု​ဝေး​စေ​လော့။ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော​ကာ​လ​ပတ်​လုံး ငါ့​ကို​ကြောက်​ရွံ့၍ သား​မြေး​တို့​အား သွန်​သင်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား​ကို​ကြား​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ 11သင်​တို့​သည် အ​နီး​တော်​သို့​ချဉ်း​ကပ်၍၊ တောင်​ခြေ​ရင်း၌ ရပ်​နေ​ကြ၏။ တောင်​ထိပ်​သည် မိုး​ကောင်း​ကင်​အ​လယ်၌ မီး​လောင်​လျက်၊ မည်း​သော​အ​ဆင်း၊ မိုး​တိမ်​တိုက်၊ ထူ​ထပ်​သော​မှောင်​မိုက်​နှင့် ပြည့်​စုံ​လေ၏။#ထွ၊ ၁၉:၁၆-၁၈၊ ဟေဗြဲ၊ ၁၂:၁၈-၁၉။ 12ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မီး​ထဲ​က​သင်​တို့​အား မိန့်​မြွက်​တော်​မူ၏။ သင်​တို့​သည် သ​ဏ္ဌာန်​တော်​ကို​မ​မြင်​ရ​ဘဲ၊ စ​ကား​တော်​အ​သံ​ကို​သာ ကြား​ရ​ကြ၏။ 13သင်​တို့​ကျင့်​စ​ရာ​ဖို့ မှာ​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တည်း​ဟူ​သော ပ​ညတ်​တော်​ဆယ်​ပါး​တို့​ကို မိန့်​မြွက်၍ ကျောက်​ပြား​နှစ်​ပြား​ပေါ်၌ ရေး​ထား​တော်​မူ၏။#ထွ၊ ၃၁:၁၈၊ ၃၄:၂၈၊ တရား၊ ၉:၁၀။ 14သင်​တို့​သည်​သွား၍ ဝင်​စား​သော​ပြည်၌​ကျ​င့်​စ​ရာ​ဖို့ သင်​တို့​အား​ငါ​သွန်​သင်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​လည်း၊ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မှာ​ထား​တော်​မူ၏။#ထွ၊ ၂၁:၁။
ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို​တား​မြစ်​ခြင်း
15ဟော​ရပ်​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​သည် မီး​ထဲ​က​သင်​တို့​အား မိန့်​မြွက်​တော်​မူ​သော​အ​ခါ၊ မည်​သည့်​အ​ဆင်း​သ​ဏ္ဌာန်​ကို​မျှ မ​မြင်​ရ​သည်​ဖြစ်၍၊ 16နောက်​တစ်​ဖန် သင်​တို့​သည်​လူ​ယောက်ျား၊ လူ​မိန်း​မ​သ​ဏ္ဌာန်၊ 17မြေ​ကြီး​ပေါ်​မှာ​ရှိ​သော တိ​ရ​စ္ဆာန်​သ​ဏ္ဌာန်၊ မိုး​ကောင်း​ကင်၌​ပျံ​တတ်​သော ငှက်​သ​ဏ္ဌာန်၊ 18မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​သ​ဏ္ဌာန်၊ မြေ​နိမ့်​ရာ​ရေ၌ နေ​သော​ငါး​သ​ဏ္ဌာန်​ရှိ​သော ရုပ်​တု​ကို၊ သင်​တို့​သည်​ဖောက်​ပြန်၍ ကိုယ်​အ​ဖို့ မ​လုပ်​ရ​မည်​အ​ကြောင်း၊#ထွ၊ ၂၀:၄၊ ဝတ်၊ ၂၆:၁၊ တရား၊ ၅:၈၊ ၂၇:၁၅၊ ရော၊ ၁:၂၃။ 19မိုး​ကောင်း​ကင်​ကို​မျှော်၍၊ နေ၊ လ၊ ကြယ်​များ​တည်း​ဟူ​သော မိုး​ကောင်း​ကင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို မြင်​သော​အ​ခါ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော​လူ​မျိုး​တို့​အား ဝေ​ငှ​ပေး​ကမ်း​တော်​မူ​သော ထို​တန်​ဆာ​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​တို့​သည် သွေး​ဆောင်၍ မ​ရ​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ 20သင်​တို့​သည် ယ​နေ့၌​ဖြစ်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​အ​မွေ​ခံ​တော်​မူ​သော လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည် သံ​မီး​ဖို​ထဲ​က​နုတ်၍ ယူ​ဆောင်​တော်​မူ​ပြီ။#ထွ၊ ၁၉:၅၊ တရား၊ ၇:၆၊ ၁၄:၂၊ ၂၆:၁၈၊ တိ၊ ၂:၁၄၊ ၁ ပေ၊ ၂:၉။
21ထို​မှ​တစ်​ပါး၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက် ငါ့​ကို​အ​မျက်​တော်​ထွက်၍၊ ငါ​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ မ​ကူး​ရ​မည်​အ​ကြောင်း​နှင့် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​မွေ​ခံ​စ​ရာ​ဖို့​ပေး​တော်​မူ​သော ထို​ပြည်​မြတ်​သို့ မ​ဝင်​စား​ရ​မည်​အ​ကြောင်း ကျိန်​ဆို​တော်​မူ​ပြီ။#တော၊ ၂၀:၁၂။ 22သို့​ဖြစ်၍ ဤ​ပြည်၌​ငါ​သေ​ရ​မည်၊ ယော်​ဒန်​မြစ်​ကို မ​ကူး​ရ။ သင်​တို့​သည်​ကူး၍ ထို​ကောင်း​မွန်​သော​ပြည်​ကို ဝင်​စား​ကြ​လိမ့်​မည်။ 23သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​ကို​မေ့​လျော့၍၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မြစ်​တား​တော်​မူ​သော အ​ရာ​တို့၏ သ​ဏ္ဌာန်​ရှိ​သော​ရုပ်​တု​ကို မ​လုပ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။ 24အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လောင်​သော​မီး၊ အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။#ဟေ​ဗြဲ၊ ၁၂:၂၉။
25သင်​တို့​သည် သား​မြေး​တို့​ကို​ဖွား​မြင်၍၊ ထို​ပြည်၌​ကြာ​မြင့်​စွာ​နေ​ပြီး​မှ၊ တစ်​ဖန် ဖောက်​ပြန်​သ​ဖြင့်၊ သ​ဏ္ဌာန်​တစ်​စုံ​တစ်​ခု​ရှိ​သော ရုပ်​တု​ကို​လုပ်၍၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌​ဒု​စ​ရိုက်​ကို​ပြု​လျှင်၊ 26ကောင်း​ကင်​မြေ​ကြီး​ကို သင်​တို့​တစ်​ဖက်၌ ယ​နေ့​ငါ​တိုင်​တည်​သည်​ကား၊ သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​သော​ပြည်၌၊ မ​ကြာ​မ​မြင့်​မီ ဆက်​ဆက် ပျောက်​ပျက်​ရ​ကြ​လိမ့်​မည်။ ထို​ပြည်၌ တာ​ရှည်​စွာ အ​သက်​မ​ရှင်​ရ။ ရှင်း​ရှင်း​ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ 27ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ သင်​တို့​ကို​တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​စေ၍၊ နှင်​ထုတ်​တော်​မူ​သော သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​သည် နည်း​နည်း​ကျန်​ကြွင်း​ရ​ကြ​လိမ့်​မည်။#တ​ရား၊ ၂၈:၃၆။ 28ထို​အ​ရပ်​တို့၌၊ လူ​လက်​ဖြင့်​လုပ်၍​မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ မ​စား​နိုင်၊ မ​နမ်း​နိုင်​သော​သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို သင်​တို့​သည် ဝတ်​ပြု​ရ​ကြ​လိမ့်​မည်။ 29သို့​သော်​လည်း၊ ထို​အ​ရပ်​တို့၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို တစ်​ဖန်​ရှာ​လို​သော​အ​ခါ၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ရှာ​လျှင် တွေ့​ရ​ကြ​လိမ့်​မည်။#ယေ၊ ၂၉:၁၃။ 30သင်​တို့​သည် နောင်​ကာ​လ၌ ဒု​က္ခ​ဆင်း​ရဲ​ကို​ခံ​ရ၍၊ ဤ​အ​မှု​အ​လုံး​စုံ​တို့​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ၍ စ​ကား​တော်​ကို​နား​ထောင်​လျှင်၊ 31သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​တတ်​သော​ဘု​ရား ဖြစ်​တော်​မူ​သော​ကြောင့် သင်​တို့​ကို စွန့်​ပစ်​ဖျက်​ဆီး​တော်​မ​မူ။ သင်​တို့​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပ​ဋိ​ညာဉ်​တ​ရား​ကို မေ့​လျော့​တော်​မ​မူ။
32ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ လူ​ကို​ဖန်​ဆင်း​တော်​မူ​သော​နေ့​မှ​စ၍၊ သင်​တို့ မ​ဖြစ်​မီ လွန်​လေ​ပြီး​သော​ကာ​လ​ပတ်​လုံး၊ မိုး​ကောင်း​ကင်​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် မေး​မြန်း​ကြ​လော့။ ဤ​မျှ​လောက် ကြီး​သော​အ​မှု ဖြစ်​ဖူး​သ​လော။ ဤ​ကဲ့​သို့​သော အ​မှု၏​သ​တင်း​ကို ကြား​ဖူး​သ​လော။ 33ဘု​ရား​သ​ခင်​သည် မီး​ထဲ​က​မိန့်​မြွက်​တော်​မူ​သံ​ကို သင်​တို့​သည်​ကြား​သ​ကဲ့​သို့၊ အ​ခြား​သော​လူ​မျိုး​သည် ကြား၍၊ အ​သက်​ချမ်း​သာ​ရ​ဖူး​သ​လော။ 34သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်​မှာ သင်​တို့​မျက်​မှောက်၌ ပြု​တော်​မူ​သ​ကဲ့​သို့၊ စုံ​စမ်း​ခြင်း​နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြ​ခြင်း၊ စစ်​မှု​ကို​ရောက်​စေ​ခြင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို​ဆန့်​ခြင်း၊ ကြောက်​မက်​ဖွယ်​သော​ရူ​ပါ​ရုံ​တို့​ကို ပြ​ခြင်း​အား​ဖြင့်၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​သည်​သွား၍ လူ​တစ်​မျိုး​ထဲ​က​တစ်​မျိုး​ကို မိ​မိ​အ​ဖို့ နုတ်​ယူ​ဖူး​သ​လော။ 35ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​သိ​စေ​ခြင်း​ငှာ၊ ထို​အ​ခြင်း​အ​ရာ​တို့​ကို သင်​တို့​အား​ပြ​တော်​မူ​ပြီ။#မာ၊ ၁၂:၃၂။ 36သင်​တို့​ကို​သွန်​သင်၍ ကောင်း​ကင်​ထဲ​က စ​ကား​တော်​သံ​ကို ကြား​စေ​တော်​မူ​ပြီ။ မြေ​ကြီး​ပေါ်​မှာ ကြီး​စွာ​သော​မီး​တော်​ကို​လည်း ပြ​တော်​မူ၍၊ သင်​တို့​သည် မီး​ထဲ​က​စ​ကား​တော်​ကို ကြား​ရ​ကြ​ပြီ။ 37သင်​တို့​ဘိုး​ဘေး​များ​ကို ချစ်​တော်​မူ​သော​ကြောင့်၊ သူ​တို့​အ​မျိုး​အ​နွယ်​ကို ရွေး​ကောက်​တော်​မူ​ပြီ။ 38သင်​တို့​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မူ၍၊ ယ​နေ့​ပင်​ဖြစ်​သ​ကဲ့​သို့ သူ​တို့​မြေ​ထဲ​သို့ သင်​တို့​ကို​သွင်း၍ အ​မွေ​ခံ​စေ​ခြင်း​ငှာ၊ မ​ဟာ​တန်​ခိုး​တော်​အား​ဖြင့် အဲ​ဂု​တ္တု​ပြည်​မှ ရှေ့​တော်၌​နုတ်​ဆောင်​တော်​မူ​ပြီ။ 39သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် အ​ထက်​ကောင်း​ကင်​ပေါ်၊ အောက်​အ​ရပ် မြေ​ကြီး​ပေါ်​မှာ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ယ​နေ့​သိ​မှတ်၍ နှ​လုံး၌​သွင်း​မိ​ကြ​လော့။ 40သင်​တို့​နှင့်​တ​ကွ သား​မြေး​တို့​သည် ချမ်း​သာ​ရ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်၌ အ​သက်​တာ​ရှည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ယ​နေ့​ငါ​မှာ​ထား​သော ပ​ညတ်​တ​ရား​တော်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်​ဟု မော​ရှေ​သည် ဟော​ပြော​လေ၏။
ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​ခို​လှုံ​ရာ​မြို့​များ
41ထို​အ​ခါ အိမ်​နီး​ချင်း​ကို​အ​ငြိုး​မ​ထား​ဘဲ၊ အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​သည် ပြေး၍၊#ယော​ရှု၊ ၂၀:၈-၉။ 42အ​သက်​ချမ်း​သာ​ရ​သော မြို့​သုံး​မြို့​တို့​ကို ယော်​ဒန်​မြစ်​အ​ရှေ့၊ နေ​ထွက်​ရာ​ဘက်၌ မော​ရှေ​သည်​ခွဲ​ထား​လေ၏။ 43ထို​မြို့​တို့၏​အ​မည်​ကား၊ ရု​ဗင်​အ​မျိုး​သား​နေ​ရာ တော​လွင်​ပြင်၌ ဗေ​ဇာ​မြို့၊ ဂဒ်​အ​မျိုး​သား​နေ​ရာ ဂိ​လဒ်​ပြည်၌​ရာ​မုတ်​မြို့၊ မ​နာ​ရှေ​အ​မျိုး​သား​နေ​ရာ ဗာ​ရှန်​ပြည်၌​ဂေါ​လန်​မြို့​တည်း။
ပ​ညတ်​တော်​ပြ​ဌာန်း​ခြင်း​စ​ကား​ချီး
44ဤ​ရွေ့​ကား၊ မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌​ထား​သော​တ​ရား၊ 45သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​နောက်၊ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်၏​နိုင်​ငံ​အ​တွင်း၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဗက်​ပေ​ဂု​ရ​မြို့ တစ်​ဖက်၌​ရှိ​သော​ချိုင့်​တွင်၊ မော​ရှေ​ဟော​ပြော​သော​သက်​သေ​စ​ကား၊ စီ​ရင်​ထုံး​ဖွဲ့​သော စ​ကား​တည်း။ 46မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​ကြ​သော​နောက်၊ ထို​ရှင်​ဘု​ရင်​နှင့်၊ 47ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​တည်း​ဟူ​သော၊ ယော်​ဒန်​မြစ်​အ​ရှေ့၊ နေ​ထွက်​ရာ​ဘက်၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင်​နှစ်​ပါး​ကို လုပ်​ကြံ၍၊ သူ​တို့​ပြည်​ကို၊ 48အာ​နုန်​မြစ်​နား​မှာ​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဟေ​ရ​မုန်​တောင်​တည်း​ဟူ​သော ဇိ​အုန်​တောင်​တိုင်​အောင်​လည်း​ကောင်း၊ 49ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် လွင်​ပြင်​နှင့်​တ​ကွ လွင်​ပြင်​နှင့်​ဆိုင်​သော​အိုင်​နား၊ အာ​ဇုတ်​ပိ​သ​ဂါ​မြို့​တိုင်​အောင်​လည်း​ကောင်း သိမ်း​ယူ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာ 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ