တစ်ဖန်ငါလှည့်၍ ပညာတရားကိုလည်းကောင်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကိုလည်းကောင်း ဆင်ခြင်၏။ ရှင်ဘုရင်နောက်မှာဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဖူးသည်အတိုင်းသာ ပြုနိုင်၏။ သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ်သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက် မြတ်သည်ကို ငါသိမြင်၏။ ပညာရှိသောသူ၏မျက်စိတို့သည် သူ၏ဦးခေါင်း၌ ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တစ်ခုတည်းသောအမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ၏။ သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည်တွေ့ကြုံလျှင်၊ အဘယ်ကြောင့် သူ့ထက်သာ၍ ပညာရှိသနည်း ဟူ၍လည်းကောင်း၊ ဤအမှုအရာသည်လည်း အနတ္တဖြစ်သည်ဟူလည်းကောင်း ငါအောက်မေ့၏။ ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင်ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက်သောသူသေသကဲ့သို့ သေတတ်ပါသည်တကား။
ဒေသနာ 2 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဒေသနာ 2:12-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ