YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဇရ 1

1
ကု​ရု​မင်း​အ​မိန့်​ထုတ်​ခြင်း
1ယေ​ရ​မိ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ပေ​ရ​သိ​ရှင်​ဘု​ရင် ကု​ရု​နန်း​စံ ပ​ထ​မ​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား နှိုး​ဆော်​တော်​မူ​သော​အား​ဖြင့်၊ ထို​ရှင်​ဘု​ရင်​သည် အ​မိန့်​တော်​စာ​ကို ထုတ်​ပြီး​လျှင်၊ ပေ​ရ​သိ​နိုင်​ငံ​အ​ရပ်​ရပ်​တို့၌ ကြော်​ငြာ​စေ၍၊#ယေ၊ ၂၅:၁၁၊ ၂၉:၁၀။ 2ပေ​ရ​သိ​ရှင်​ဘု​ရင် ကု​ရု​မင်း မိန့်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မြေ​ကြီး​ပေါ်​မှာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ငါ့​အား ပေး​တော်​မူ​သည်​ဖြစ်၍၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့၌ အိမ်​တော်​ကို ငါ​တည်​ဆောက်​ရ​မည်​အ​ကြောင်း မှာ​ထား​တော်​မူ​ပြီ။#ဟေ​ရှာ၊ ၄၄:၂၈။ 3သင်​တို့​တွင် အ​ဘယ်​သူ​သည် ဘု​ရား​သ​ခင်၏​လူ ဖြစ်​သ​နည်း။ ထို​သူ​နှင့်​အ​တူ ဘု​ရား​သ​ခင် ရှိ​တော်​မူ​ပါ​စေ​သော။ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ကို တည်​ဆောက်​စေ။ ယေ​ရု​ရှ​လင်​မြို့၌ ရှိ​တော်​မူ​သော​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ 4ဘု​ရား​သ​ခင်၏​လူ​တည်း​ခို​ရာ အ​ရပ်​ရပ်၌​နေ​သော သူ​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​မှာ ရှိ​တော်​မူ​သော ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​ဖို့ အ​လို​လို​လှူ​သော အ​လှူ​မှ​တစ်​ပါး၊ ရွှေ၊ ငွေ၊ ဥ​စ္စာ၊ တိ​ရ​စ္ဆာန်​နှင့် မ​စ​စေ​ဟု မိန့်​တော်​မူ၏။
5ထို​အ​ခါ ယု​ဒ​အ​ဆွေ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​ဆွေ​အ​မျိုး သူ​ကြီး​များ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​များ​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင် နှိုး​ဆော်​တော်​မူ​သော​သူ အ​ပေါင်း​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့၌ ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​ဆောက်​ခြင်း​ငှာ ထ​ကြ၏။ 6အိမ်​နီး​ချင်း​ရှိ​သ​မျှ​တို့​သည်၊ အ​လို​လို​လှူ​သော အ​လှူ​မှ​တစ်​ပါး၊ ငွေ​တန်​ဆာ​နှင့် ရွှေ​အ​စ​ရှိ​သော ဥ​စ္စာ​များ၊ တိ​ရ​စ္ဆာန်​များ၊ အ​ဖိုး​ထိုက်​သော​အ​ရာ​တို့​နှင့် မ​စ​ကြ၏။ 7ထို​မှ​တစ်​ပါး၊ ယေ​ရု​ရှ​လင်​မြို့​မှ နေ​ဗု​ခဒ်​နေ​ဇာ​သိမ်း​သွား၍၊ မိ​မိ​ဘု​ရား​တို့​ဗိ​မာန်၌ သွင်း​ထား​သော ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို၊ 8ပေ​ရ​သိ​ရှင်​ဘု​ရင် ကု​ရု​သည် ရွှေ​တိုက်​စိုး မိ​သ​ရေ​ဒတ်​လက်​ဖြင့် ထုတ်၍၊ ယု​ဒ​မင်း ရှေ​ရှ​ဗာ​ဇာ၌ ရေ​တွက်​လျက် အပ်​တော်​မူ၏။ 9ဗိ​မာန်​တော်​တန်​ဆာ​စာ​ရင်း ဟူ​မူ​ကား၊ ရွှေ​ဖ​လား​သုံး​ဆယ်၊ ငွေ​ဖ​လား​တစ်​ထောင်၊ ဓား​နှစ်​ဆယ်​ကိုး​စင်း၊ 10ရွှေ​အိုး​သုံး​ဆယ်၊ ခြား​နား​သော​ငွေ​အိုး လေး​ရာ​တစ်​ဆယ်၊ အ​ခြား​သော​တန်​ဆာ တစ်​ထောင်၊ 11ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ အ​ရေ​အ​တွက်​ပေါင်း​ကား၊ ငါး​ထောင်​လေး​ရာ​တည်း။ ထို​တန်​ဆာ​များ​ကို ရှေ​ရှ​ဗာ​ဇာ​သည် ယူ၍၊ အ​ချုပ်​ခံ​ရ​သော လူ​စု​ထဲ​က၊ ဗာ​ဗု​လုန်​မြို့​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​သွား​သော သူ​တို့​နှင့်​အ​တူ ဆောင်​ခဲ့၏။

လက်ရှိရွေးချယ်ထားမှု

ဧဇရ 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ