YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 42:35-38

ကမ္ဘာဦး 42:35-38 JBMLE

မိ​မိ​တို့​အိတ်​များ​အ​ထဲ​က စ​ပါး​ကို​ထုတ်​သော​အ​ခါ၊ အ​သီး​အ​သီး​ဆိုင်​သော ငွေ​ထုပ်​တို့​သည် မိ​မိ​တို့​အိတ်၌​ရှိ​ကြ၏။ ငွေ​ထုပ်​များ​ကို သူ​တို့​နှင့်​အ​ဘ​သည် မြင်​သော​အ​ခါ ကြောက်​လန့်​ကြ​၏။ အ​ဘ​ယာ​ကုပ်​က​လည်း၊ သင်​တို့​သည် ငါ့​သား​တို့​ကို​လု​ယူ​ကြ​ပြီ။ ယော​သပ်​မ​ရှိ၊ ရှိ​မောင်​မ​ရှိ၊ ဗင်္ယာ​မိန်​ကို​လည်း ယူ​သွား​ချင်​သည်​တ​ကား။ ဤ​အ​မှု​အ​လုံး​စုံ​တို့​သည် ငါ​နှင့်​ဆန့်​ကျင်​ဘက်​ဖြစ်​သည်​တ​ကား​ဟု သူ​တို့​အား​ဆို၏။ ရု​ဗင်​က​လည်း၊ ကျွန်ုပ်​သည်​ဗင်္ယာ​မိန်​ကို အ​ဘ​ထံ​သို့ ပြန်၍​မ​ဆောင်​ခဲ့​လျှင်၊ ကျွန်ုပ်​သား​နှစ်​ယောက်​တို့​ကို သတ်​ပါ​လော့။ သူ့​ကို​ကျွန်ုပ်​လက်၌​အပ်​ပါ။ ကျွန်ုပ်​တစ်​ဖန် အ​ဘ​ထံ​သို့​ပြန်၍ ဆောင်​ခဲ့​ပါ​မည်​ဟု အ​ဘ​အား​ဆို၏။ အ​ဘ​က​လည်း၊ သင်​တို့​နှင့်​အ​တူ​ငါ့​သား​မ​သွား​ရ။ သူ၏​အစ်​ကို​သေ​ပြီ။ သူ​သည် တစ်​ယောက်​တည်း​ကျန်​ရစ်၏။ သင်​တို့​သွား​ရာ​လမ်း​ခ​ရီး​တွင် သူ၌​ဘေး​ရောက်​လျှင်၊ သင်​တို့​သည် ငါ့​ဆံ​ပင်​ဖြူ​ကို ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ မ​ရ​ဏနိုင်​ငံ​သို့ သက်​ရောက်​စေ​ကြ​လိမ့်​မည်​ဟု ဆို​လေ၏။