YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 11

11
ငြိမ်း​ချမ်း​သာ​ယာ​သည့်​နိုင်​ငံ​တော်
1ယေ​ရှဲ​အ​မျိုး​အ​ငုတ်၌ အ​တက်​ပေါက်​လိမ့်​မည်။ သူ၏​အ​မြစ်​တို့​တွင် အ​ညွန့်​သည် အ​သီး​သီး​လိမ့်​မည်။#ဗျာ၊ ၅:၅၊ ၂၂:၁၆။ မ၊ ၂:၂၃။ 2ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဉာဏ်​ပ​ညာ​ကို ပေး​သော​ဝိ​ညာဉ်၊ ကြံ​စည်​တတ်​စွမ်း​နိုင်​သော​သ​တ္တိ​ကို ပေး​သော​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သိ၍ ကြောက်​ရွံ့​သော​သ​ဘော​ကို​ပေး​သော ဝိ​ညာဉ်​တော်​သည် ထို​သူ​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။ 3ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း၌ မွေ့​လျော်​သည်​ဖြစ်၍၊ မိ​မိ​မျက်​စိ​မြင်​သည်​အ​တိုင်း တ​ရား​မ​စီ​ရင်၊ မိ​မိ​နား​ကြား​သည်​အ​တိုင်း မ​ဆုံး​ဖြတ်​ဘဲ၊ 4ဆင်း​ရဲ​သား​တို့၏​အ​မှု​ကို တ​ရား​တော်​အ​တိုင်း စီ​ရင်၍၊ နှိမ့်​ချ​သော မြေ​ကြီး​သား​တို့​ဘက်၌ နေ​လျက်၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​လိမ့်​မည်။ မြေ​ကြီး​ကို​နှုတ်​က​ပတ်​တော်​လှံ​တံ​နှင့် ဒဏ်​ခတ်၍၊ ဆိုး​သော​သူ​ကို နှုတ်​ခမ်း​ထွက်​သက်​နှင့် ကွပ်​မျက်​လိမ့်​မည်။#၂​သက်၊ ၂:၈။ 5တ​ရား​နှင့် သ​စ္စာ​သည် သူ၏ ခါး​ပန်း​ခါး​စည်း​ဖြစ်​လိမ့်​မည်။#ဧ၊ ၆:၁၄။
6တော​ခွေး​သည် သိုး​သ​ငယ်​နှင့်​အ​တူ နေ​လိမ့်​မည်။ ကျား​သစ်​သည် ဆိတ်​သ​ငယ်​နှင့်​အ​တူ အိပ်​လိမ့်​မည်။ နွား​သ​ငယ်၊ ခြင်္သေ့​သ​ငယ်၊ ဆူ​အောင်​ကျွေး​သော အ​ကောင်​တို့​သည် အ​တူ​သွား​လာ​ကြ၍၊ လူ​သူ​ငယ်​သည် သူ​တို့​ကို ပို့​ဆောင်​လိမ့်​မည်။#ဟေ​ရှာ၊ ၆၅:၂၅။ 7နွား​မ​နှင့် ဝံ​မ​သည် အ​တူ​ကျက်​စား၍၊ သူ​တို့ သား​ငယ်​များ​သည် အ​တူ​အိပ်​ကြ​လိမ့်​မည်။ ခြင်္သေ့​သည်​လည်း နွား​ကဲ့​သို့ မြက်​ကို​စား​လိမ့်​မည်။ 8နို့​စို့​သူ​ငယ်​သည်​လည်း မြွေ​ဆိုး​တွင်း​ပေါ်​မှာ က​စား​လိမ့်​မည်။ နို့​ကွာ​သော သူ​ငယ်​သည်​လည်း၊ မြွေ​ဟောက်​တွင်း​ဝ၌ မိ​မိ​လက်​ကို သွင်း​လိမ့်​မည်။ 9ငါ၏​သန့်​ရှင်း​သော တောင်​တစ်​ပြင်​လုံး၌ အ​ချင်း​ချင်း​ညှဉ်း​ဆဲ​ခြင်း၊ ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ ပင်​လယ်​ရေ​သည် မိ​မိ​နေ​ရာ​ကို လွှမ်း​မိုး​သ​ကဲ့​သို့၊ မြေ​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ကို သိ​ကျွမ်း​ခြင်း​ပ​ညာ​နှင့် ပြည့်​စုံ​လိမ့်​မည်။#ဟ​ဗ၊ ၂:၁၄။
ပြည်​နှင်​ဒဏ်​သင့်​သူ​တို့​ပြန်​လာ​ခြင်း
10ထို​ကာ​လ၌ ယေ​ရှဲ၏​အ​မြစ်​သည် ပေါက်၍၊ လူ​များ​အ​ဖို့​ထူ​သော​အ​လံ ဖြစ်​လိမ့်​မည်။ ထို​အ​လံ၌ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​သည်​လည်း ဘုန်း​ကြီး​လိမ့်​မည်။#ရော၊ ၁၅:၁၂။ 11ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို​ဆန့်၍၊ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​ကို အာ​ရှု​ရိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၊ ပါ​သ​ရု​ပြည်၊ ကု​ရှ​ပြည်၊ ဧ​လံ​ပြည်၊ ရှိ​နာ​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သော​ပြည်​များ​တို့​မှ​ကယ်​ယူ​ခြင်း​ငှာ တစ်​ဖန် ပြု​တော်​မူ​လိမ့်​မည်။ 12တစ်​ပါး​အ​မျိုး​သား​တို့​အ​ဖို့ အ​လံ​ကို​ထူ​တော်​မူ​သ​ဖြင့်၊ နှင်​ထုတ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​နှင့်၊ အ​ရပ်​ရပ်​ကွဲ​ပြား​သော ယု​ဒ​အ​မျိုး​သား​တို့​ကို မြေ​ကြီး​လေး​မျက်​နှာ​တို့​မှ​ခေါ်၍ စု​ဝေး​စေ​တော်​မူ​လိမ့်​မည်။ 13ဧ​ဖ​ရိမ်​အ​မျိုး​သည် ငြူ​စူ​သော​စိတ်​ငြိမ်း​လိမ့်​မည်။ ရန်​ပြု​တတ်​သော ယု​ဒ​အ​မျိုး​သား​တို့​သည်​လည်း၊ ရန်​ပြေ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ယု​ဒ​အ​မျိုး​ကို​မ​ငြူ​စူ​ရ။ ယု​ဒ​အ​မျိုး​လည်း ဧ​ဖ​ရိမ်​အ​မျိုး​ကို ရန်​မ​ပြု​ရ။ 14သူ​တို့​သည် အ​နောက်​ဘက်၌ ဖိ​လိ​တ္တိ​လူ​များ​ကို လိုက်၍ တိုက်​ကြ​လိမ့်​မည်။ အ​ရှေ့​ပြည်​သား​တို့၏​ဥ​စ္စာ​ကို အ​တူ​လု​ယူ​ကြ​လိမ့်​မည်။ ဧ​ဒုံ​အ​မျိုး​နှင့် မော​ဘ​အ​မျိုး​ကို​လည်း လုပ်​ကြံ​ကြ​လိမ့်​မည်။ အ​မ္မုန်​အ​မျိုး​သား​တို့​သည် သူ​တို့၏​အုပ်​စိုး​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ 15ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အဲ​ဂု​တ္တု​ပင်​လယ်၏​လျှာ​ကို ဖျောက်​ဖျက်​တော်​မူ​မည်။ ပြင်း​စွာ​သော​လေ​တော်​နှင့်​တ​ကွ လက်​တော်​ကို မြစ်​ပေါ်​မှာ​လှုပ်၍၊ ချောင်း​ခု​နစ်​သွယ်​ဖြစ်​စေ​ခြင်း​ငှာ ရိုက်​ခတ်​တော်​မူ​သ​ဖြင့်၊ လူ​တို့​သည် ခြေ​နင်း​စီး​လျက် ကျော်​သွား​ကြ​လိမ့်​မည်။#ဗျာ၊ ၁၆:၁၂။ 16ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော​အ​ခါ၌ ဖြစ်​သ​ကဲ့​သို့၊ အာ​ရှု​ရိ​ပြည်​မှ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​သွား​ရာ​လမ်း​ကြီး ဖြစ်​ရ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ