YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 23

23
တုရုမြို့နှင့်ဆိုင်သောဗျာဒိတ်
1တု​ရု​မြို့​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ တာ​ရှု​သင်္ဘော​များ​တို့၊ ညည်း​တွား​မြည်​တမ်း​ကြ​လော့။ မြို့​သည် အိမ်​မ​ရှိ၊ တည်း​ခို​စ​ရာ မ​ရှိ​သည်​တိုင်​အောင် ရှင်း​ရှင်း​ပျက်​စီး​လေ​ပြီ။ ခိ​တ္တိမ်​ပြည်​မှ သ​တင်း​ကြား​ရ၏။#ယေ​ဇ၊ ၂၆:၁—၂၈:၁၉။ ယော​လ၊ ၃:၄-၈။ အာ၊ ၁:၉-၁၀။ ဇာ၊ ၉:၁-၄။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။ 2ပင်​လယ်​ကူး​တတ်​သော ဇိ​ဒုန်​ကုန်​သည်​တို့​သည် စည်​ပင်​စေ​သော၊ ပင်​လယ်​ကမ်း​နား​မှာ နေ​သော​သူ​တို့၊ မှိုင်​တွေ​ကြ​လော့။ 3များ​သော​ရေ​ကို အ​မှီ​ပြု​သော ရှိ​ဟော​ရ​မျိုး​စေ့၊ မြစ်၏​အ​သီး​အ​နှံ​ကို ထို​မြို့​သည် အ​ခွန်​ရ၍၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၏ ဈေး​ဖြစ်​လေ​ပြီ။ 4အို​ဇိ​ဒုန်​မြို့၊ ရှက်​ကြောက်​ခြင်း​ရှိ​လော့။ အ​ကြောင်း​မူ​ကား၊ ပင်​လယ်​တည်း​ဟူ​သော ပင်​လယ်​မြို့​ကြီး​က၊ ငါ​သည် ကိုယ်​ဝန်​မ​ဆောင်၊ သား​မ​ဖွား၊ လူ​ပျို​နှင့် အ​ပျို​မ​တို့​ကို မ​မွေး​မြူ​ရ​ဟု ပြော​ဆို၏။ 5အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် တု​ရု​မြို့​သ​တင်း​ကို​ကြား​သော​အ​ခါ၊ ထို​သ​တင်း​ကြောင့် အ​လွန်​စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ 6တာ​ရှု​မြို့​သို့ ကူး​ကြ​လော့။ ပင်​လယ်​နား​မှာ နေ​သော​သူ​တို့၊ ညည်း​တွား​မြည်​တမ်း​ကြ​လော့။ 7ဤ​မြို့​သည် ရှေး​ကာ​လ၌​တည်​သ​ဖြင့် သင်​တို့ ရွှင်​လန်း​သော​မြို့​လော။ ဝေး​သော​အ​ရပ်၌ တည်း​ခို​ခြင်း​ငှာ၊ မိ​မိ​ခြေ​တို့​သည် မိ​မိ​ကို​ဆောင်​သွား​ကြ၏။ 8တု​ရု​မြို့​သည် ရာ​ဇ​သ​ရ​ဖူ​ကို ပေး​တတ်​သော​မြို့ ဖြစ်​လျက်၊ သူ၏​ကုန်​သည်​တို့​သည် မင်း​သား၊ ဖောက်​ကား​ရောင်း​ဝယ်​သော သူ​တို့​သည် မြေ​ကြီး​မှူး​မတ်​ဖြစ်​လျက်၊ ထို​မြို့​တစ်​ဖက်၌ အ​ဘယ်​သူ​သည် ဤ​အ​ကြံ​ကို ကြံ​စည်​သ​နည်း။ 9ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ရှိ​သ​မျှ​သော ဘုန်း​အ​သ​ရေ၏​မာ​န​ကို အ​ရှက်​ခွဲ​ခြင်း​ငှာ​လည်း​ကောင်း၊ မြေ​ကြီး​မှူး​မတ်​အ​ပေါင်း​တို့​ကို ရှုတ်​ချ​ခြင်း​ငှာ​လည်း​ကောင်း ထို​သို့ ကြံ​စည်​တော်​မူ၏။ 10အို တာ​ရှု​မြို့၏​သ​မီး၊ ကမ်း​ရိုး​ပျက်​လေ​ပြီ။ မြစ်​ကဲ့​သို့ ကိုယ်​ပြည်​ကို​နှံ့​ပြား​လော့။ 11ရန်​သူ​သည် ပင်​လယ်​ပေါ်​မှာ လက်​ကို​ဆန့်၍၊ တိုင်း​နိုင်​ငံ​တို့​ကို လှုပ်​ရှား​လေ၏။ ခါ​နာန်​ပြည်၌ ခိုင်​ခံ့​သော​အ​ရပ်​တို့​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။ 12ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​က​ညာ၊ ဇိ​ဒုန်​မြို့၏​သ​မီး၊ သင်​သည် နောက်​တစ်​ဖန် ရွှင်​လန်း​ခြင်း​မ​ရှိ​ရ။ ထ​လော့။ ခိ​တ္တိမ်​ပြည်​သို့ ကူး​သွား​လော့။ ထို​အ​ရပ်၌​လည်း ငြိမ်​သက်​ခြင်း​မ​ရှိ​ရ​ဟု မိန့်​တော်​မူ၏။ 13အ​ထက်​က​မ​ရှိ​သော ခါ​လ​ဒဲ​အ​မျိုး​သား​တို့​နေ​သော​ပြည်​ကို ကြည့်​ရှု​လော့။ ထို​ပြည်​ကို အာ​ရှု​ရိ​မင်း​သည် တော​တွင်း​သား​တို့ နေ​စ​ရာ​ဖို့ တည်​ထောင်၏။ ထို​ပြည်​သား​တို့​သည် ပြ​အိုး​တို့​ကို တည်​ဆောက်၍၊ တု​ရု​အိမ်​တော်​များ​နှင့် မြို့​ကို​လည်း ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။ 14တာ​ရှု​သင်္ဘော​များ​တို့၊ ညည်း​တွား​မြည်​တမ်း​ကြ​လော့။ သင်​တို့၏​မြို့​ကြီး​သည် ပျက်​ကုန်​ပြီ။
15ထို​ကာ​လ၌ တု​ရု​မြို့​ကို၊ မင်း​ဆက်​တစ်​ဆက် အ​တိုင်း​အ​ရှည်၊ အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး၊ အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ရ။ အ​နှစ် ခု​နစ်​ဆယ်​လွန်​သော​အ​ခါ၊ ပြည့်​တန်​ဆာ​မိန်း​မ​အား သီ​ချင်း​ဆို​သ​ကဲ့​သို့၊ တု​ရု​မြို့​အား သီ​ချင်း​ဆို​လိမ့်​မည်။ 16အ​ဘယ်​သူ​မျှ မ​အောက်​မေ့​သော ပြည့်​တန်​ဆာ​မိန်း​မ၊ စောင်း​ကို​ကိုင်၍ မြို့​တွင်​လှည့်​လည်​လော့။ သူ​တစ်​ပါး​တို့​သည် သင့်​ကို သ​တိ​ရ​စေ​ခြင်း​ငှာ၊ သာ​ယာ​သော​အ​သံ​နှင့် တီး၍၊ သီ​ချင်း​ကို များ​စွာ​ဆို​လော့။ 17အ​နှစ်​ခု​နစ်​ဆယ်​လွန်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် တု​ရု​မြို့​ကို အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​လိမ့်​မည်။ သူ​သည်​လည်း တစ်​ဖန် အ​မြတ်​ရ​သော ဘာ​သာ​သို့​လိုက်​ပြန်၍၊ မြေ​ကြီး​မျက်​နှာ​ပေါ်​မှာ ရှိ​သ​မျှ​သော လော​ကီ​နိုင်​ငံ​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို ပြု​လိမ့်​မည်။ 18သို့​ရာ​တွင်၊ သူ၏​ကုန်​သွယ်​ခြင်း၊ အ​မြတ်​ရ​ခြင်း​အ​ရာ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​လိမ့်​မည်။ ဆည်း​ပူး​သို​ထား​ခြင်း​ကို မ​ပြု​ရ။ ကုန်​သွယ်​သော ဥ​စ္စာ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နေ​သော​သူ​တို့​အ​ဖို့ ဖြစ်၍ သူ​တို့​သည်​ဝ​စွာ​စား၍ ခိုင်​သော​အ​ဝတ်​ကို ဝတ်​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 23: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ